cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ဆေးဖက်ဝင် ကန်စွန်းရိုးနီ/တန်ဖိုးရှိတဲ့ ကန်စွန်းရိုးနီပြုတ်ရည်

. Health Articles
ကန်စွန်းရိုးနီမှာ အစာချေဖျက်ခြင်းစနစ်ကို အားကောင်းစေတဲ့ အမျှင်ဓာတ်၊ သံဓာတ်၊ ဗီတာမင်အေ၊ ဗီတာမင်စီ စတဲ့ အာဟာရဓာတ်တွေ ပါဝင်ပြီး ကျန်းမာရေးအတွက် ကန်စွန်းရိုးနီရဲ့ အကျိုးပြုပုံတွေကို ဖော်ပြပေးချင်ပါတယ်။
  • မိုးရာသီကာလမှာ ပေါပေါများများတွေ့ရတတ်ပြီး ဈေးနှုန်းအားဖြင့်လည်း ချိုသာတဲ့ လယ်ကန်စွန်းလို့ ခေါ်တဲ့ ကန်စွန်းရိုးနီဟာ ခန္ဓာကိုယ် ကျန်းမာရေးအတွက် ကောင်းကျိုးတွေများစွာ ရှိပါတယ်။ 

    သွေးသားသန့် ကိုယ်တွင်းအပူကင်း အသားအရည်ပါကြည်လင် လာစေတာပါ ကျားမ မရွေး သောက်လို့ရပါတယ်။ 

    တစ်ပတ်အနည်းဆုံး ၂ ရက် ၃ရက် လောက်သောက်ပေးသင့်ပါတယ်။ နေ့တိုင်းသောက်နိုင်ရင်တော့ ပိုကောင်းတယ် 

    ကန်စွန်းရိုးနီကို ဆားရည်နဲ့ သေချာဆေး၊ မန်ကျည်းသီး၊ ဆား အနည်းငယ်၊ ထန်းလျက်ထည့်၊ အနည်းဆုံး ၂စီးလောက်ပြုတ်တယ် ရေမြုပ်အောင်ထည့် ဆူလာရင် ကန်စွန်းရိုးနီတွေ တစ်ဖက်ကို လှန်ပေး အနည်းဆုံး မိနစ် ၂၀လောက်တည်တယ်။ မနက် တခွက်၊ အိပ်ခါနီး အစာနဲ့ဝေးချိန် တခွက်သောက်ပေးပါ။ 

    ကန်စွန်းရိုးနီ၏ အကျိုးအာနိသင်များ 

    ၁။ ကန်စွန်းရွက်ရည်ကို မီးလောင်နာ၊ ရေငတ်နာ၊ ဆီးနှင့်ပက်သက်သည့် အဖျားရောဂါများ ပျောက်ရန်အတွက်လည်းကောင်း၊ အဆိပ်အတောက်ပြေစေရန် အတွက်လည်းကောင်း သုံး၏။ 

    ၂။ အရွက်ကို ဟင်းချက်စားသော် သွေးဝမ်းရောဂါပျောက်၏။ 

    ၃။ဆီးအိမ်တွင် ဆီးရှိပါလျက် ဆီးမထွက်ခြင်းနှင့် ဓမ္မတာလွန်ခြင်း ရောဂါအတွက် ကန်စွန်းရွက်ကို ဘူးရွက်၊ မန်ကျည်းရွက်တို့နှင့် အမျှကြိတ်၍ ဆန်မှုန့်ညက်ညက်နှင့်ဖျော်ပြီး ဆီးခုံပေါ်တင်ထားပါက ၁၅ မိနစ်အတွင် ဆီးကျဆင်း၏။ ဓမ္မတာလွန်ခြင်းလည်း ရပ်တန့်စေ၏။ 

    ၄။ ကန်စွန်းရွက်ကို ပြုတ်သောက်ပါက ရင်ပြည့်ဝမ်းကျရောဂါပျောက်၏။ 

    ၅။ ကန်စွန်းရွက်ကို ထန်းလျက်၊ မန်ကျည်းမှည့်နှင့် ဆားထည့်၍ ကျိုသောက်က ဆီးကျောက် တည်ခြင်းနှင့်တကွ ဆီးရောဂါ ဟူသမျှ ပျောက်၏။ 

    ၆။ ငန်းမန်းရှိသောအနာကို ဘူးရွက်များနှင့်ရောစပ်၍ ရေစိမ်ပြီးအနာကို ဆွတ်လိမ်းခြင်းအားဖြင့် ငန်းမန်းကျစေနိုင်၏။ 

    ------------ 

    (၁) #အသည်းကျန်းမာရေး ပြဿနာတွေကို သက်သာစေနိုင်တယ် 

    ကန်စွန်းရိုးနီကို အာယုဗေဒ ဆေးပညာမှာ အသားဝါရောဂါနဲ့ အသည်းကျန်းမာရေး ပြဿနာတွေ ဖြစ်ပေါ်တဲ့အခါ အသုံးပြုကုသလေ့ ရှိကြပါတယ်။ အစားအစာတွေမှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေနဲ့ အရက် အလွန်အကျွံ သောက်သုံးခြင်းကြောင့် ဖြစ်ပေါ်တဲ့ အသည်းရောဂါတွေကို ကန်စွန်းရိုးနီ ပြုတ်ရည်နဲ့ ကန်စွန်းရိုးနီ စားသုံးခြင်းက သက်သာစေနိုင်တယ်လို့ အာယုဗေဒ ဆေးပညာကျမ်းတွေမှာ ဖော်ပြထားပါတယ်။ 

    (၂) #သွေးအားနည်းခြင်းကို သက်သာ ပျောက်ကင်းစေနိုင်တယ် 

    ကန်စွန်းရိုးနီမှာ သံဓာတ်ကြွယ်ဝစွာ ပါဝင်တာကြောင့် အမျိုးသမီးတွေမှာ ဖြစ်လေ့ ရှိတဲ့ သွေးအားနည်းရောဂါနဲ့ ကိုယ်ဝန်ဆောင်စဉ် ဖြစ်ပေါ်တဲ့ ကိုယ်ဝန်ဆောင် သွေးအားနည်းရောဂါတို့ကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။ 

    (၃) #အမြင်အာရုံကို ကောင်းမွန်စေတယ် 

    ကန်စွန်းရိုးနီမှာ ဗီတာမင်အေ၊ Lutein နဲ့ Carotenoid တို့ မြင့်မားစွာ ပါဝင်တာကြောင့် အသက်အရွယ်ကြောင့် အမြင်အာရုံ လျော့နည်းလာခြင်းနဲ့ မျက်စိမှုန်ခြင်း တို့ကို သက်သာပျောက်ကင်းစေနိုင်ပြီး မျက်လုံးကျန်းမာရေး ပြဿနာတွေ မဖြစ်ပေါ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ 

    (၄) #နှလုံးကျန်းမာရေး ပြဿနာတွေကို လျော့နည်းစေနိုင်တယ် 

    ကန်စွန်းရိုးနီမှာ ဗီတာမင်အေ၊ ဗီတာမင်စီနဲ့ ဘီတာ ကယ်ရိုတင်တို့ ပါဝင်တဲ့အတွက် ခန္ဓာကိုယ်တွင်း ကိုလက်စထရော မြင့်မားမှုကြောင့် နှလုံးသွေးကြောကျဉ်းခြင်း၊ နှလုံးအဆီဖုံးခြင်း၊ ရုတ်တရက် နှလုံးရပ်တန့်ခြင်းနဲ့ လေဖြတ်ခြင်းတို့ကို လျော့နည်းစေနိုင်ပါတယ်။ 

    (၅) #ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတယ် 

    ကန်စွန်းရိုးနီမှာ ပါဝင်တဲ့ ဗီတာမင်စီ ဓာတ်ဟာ ခန္ဓာကိုယ် ခုခံအားစနစ်ကို ကောင်းမွန်စေပြီး ကိုယ်တွင်း အဆိပ်အတောက်တွေကို လျှော့ချပေးနိုင်တာကြောင့် ကူးစက်ရောဂါနဲ့ အအေးမိ ဖျားနာခြင်းတွေကို ကာကွယ်ပေးနိုင်ပါတယ်။ 

    #ကန်စွန်းရိုးနီ 

    မြန်မာတိုင်းရင်းဆေး 

    မူရင်းရေးသားသူအား crd ပေးပါသည်။ 

    --------- 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350 အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857 


  • article
likes
12
comments
0
views
3917