cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ရှားစောင်းလက်ပတ်ပင်၏ အသုံးဝင်ပုံများ

. Health Articles
နှလုံး၊ အဆုတ်၊ အသည်းနှင့် သက်ဆိုင်သော ရောဂါတော်တော်များများကို ပျောက်ကင်း စေပါသည်။ အရက်နာကျသူများလည်း ရှားစောင်းလက်ပတ်အစိမ်းလိုက် စားသုံးခြင်းဖြင့် အသည်း ကျန်းမာရေးကို ပြန်လည်ကောင်းမွန်စေနိုင်သည်ဟု သိရပါသည်။
  • ရှားစောင်းလက်ပတ်သည်အစွမ်းထက်ပြီး ကျန်းမာရေးအတွက်များစွာအသုံးဝင်သော အပင် တစ်မျိုးဖြစ်ပါသည်။ ရှားစောင်းလက်ပတ်တွင် အစွမ်းထက်သောဓါတ်တိုးဆန့်ကျင့်ဂုဏ်သတ္တိရှိသည့် အရာများစွာပါဝင်ပါသည်။ ရှားစောင်းလက်ပက်သည်အပူပိုင်းဒေသတွင်ဖြစ်ထွန်းပြီး ထင်ရှားဆေးဖက် ဝင်အပင်တစ်မျိုးဖြစ်ပါသည်။ ရှားစောင်းလက်ပတ်ပင်သည် ဗီတာမင်ဓာတ်ပြည့်ဝပြီးအစိုဓာတ်ကိုထိန်းသိမ်းပေးပါသည်။ အသားအရေကိုလည်းစိုပြေလှပစေပါသည်။ ထို့ကြောင့်ဝက်ခြံပျောက်ဆေးများနှင့် ဘောက်ပျောက်ဆေးများတွင် ရှားစောင်းလက်ပတ်ကို အသုံးပြုကြပါသည်။ ထို့ပြင် ဆံကေသာကို ပျော့ပျောင်းစေပြီး ဆံသားများကိုလည်း ရှင်သန်စေရန် အ‌ထောက်အကူပြုပါသည်။ ရှားစောင်း လက်ပတ်ပင်သည် ကယ်ဆီယမ်ပါဝင်သောကြောင့် သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီး နှလုံး သွေးကြောကျဉ်းခြင်းနှင့်နှလုံးကြီးခြင်းတို့ကိုလျော့နည်းစေပါသည်။ နှလုံးခုန်နှုန်းကိုလည်းတည်ငြိမ်စေပါသည်။ ရှားစောင်းလက်ပတ်ပင်သည် လူ့ခန္ဓာကိုယ်တွင် ပဋိဇီဝဆေးအနေဖြင့်လည်းကောင်း၊ အရေပြားရောင်ရမ်းလျှင်လည်းကောင်း၊ နာတာရှည်ရောဂါများအတွက်လည်းကောင်း အသုံးပြုနိုင် ပါသည်။ နှလုံး၊ အဆုတ်၊ အသည်းနှင့် သက်ဆိုင်သော ရောဂါတော်တော်များများကို ပျောက်ကင်း စေပါသည်။ အရက်နာကျသူများလည်း ရှားစောင်းလက်ပတ်အစိမ်းလိုက် စားသုံးခြင်းဖြင့် အသည်း ကျန်းမာရေးကို ပြန်လည်ကောင်းမွန်စေနိုင်သည်ဟု သိရပါသည်။ ရှားစောင်းလက်ပတ်ပင်သည် ကိုယ်တွင်း ကျန်းမာရေးအတွက် အကျိုးထူးသော သဘာဝဆေးဝါးတစ်မျိုး ဖြစ်ပါသည်။ ရှားစောင်း လက်ပတ်သည် အရေပြားကျန်းမာရေးအတွက်များစွာအထောက်အကူပြုပေးနိုင်သော အကောင်းဆုံး သဘာဝဆေးတစ်မျိုးဖြစ်ပါသည်။ ရှားစောင်းလက်ပတ်အပင်လေးများသည်အပူချိန်ကိုတခြားအပင်များထက် ပိုစုတ်ယူနိုင်ပါသည်။ ရှားစောင်းလက်ပတ်သည် အမိုက်နိုအက်စစ်၊ အဆီ ဓာတ်၊ သက်စောင့်ဓာတ်နှင့် ကိုယ်ခံအားကောင်းစေပြီး နှလုံးကိုကောင်းမွန်စေပါသည်။ ထို့အပြင် အဆိပ် အတောက်များကိုပြေစေပြီးအရေပြားဆိုင်ရာကုထုံးများအတွက်အသုံးတည့်သောကြောင့် အလှကုန် ပစ္စည်းများတွင်အသုံးပြုနိုင်သည် အသုံးဝင်ပစ္စည်းတစ်မျိုးဖြစ်ပါသည်။ ရှားစောင်းလက်ပတ်သည် ဝက်ခြံ၊ တင်းတိတ်ကိုပျောက်ကင်းစေပြီးဆီး၊ ဝမ်း၊ သွေး၊ လေမှန်စေ၍ကျန်းမာလှပစေပါသည်။ ရှားစောင်းလက်ပတ်သည်အရေပြားကျန်းမာရေးအတွက် အကောင်းဆုံးသဘာဝဆေး တစ်မျိုး ဖြစ်ပါသည်။ ရှားစောင်းလက်ပတ်သည် အရေပြားတွင်ရှိ သောဆဲလ်များကို အောက်စီဂျင်ဓာတ် ပေးစွမ်းနိုင်ပါသည်။ ရှားစောင်လက်ပတ်သည်မီးလောင်နာ၊ အရည်ကြည်ဖု၊ နေလောင်ဒဏ်ကြောင့် ပျက်ဆီးသောအရေပြား၊ ထိခိုက်ရှနာမှကျန်ရှိသော အမာရွတ်၊ အပူလောင်၊ ယားနာ၊ ဓာတ်မတည့်၍ ထသောအနီဖု၊ စပ်ဖျင်းဖျင်း အနာ၊ နှင်းခူနှင့် အခြားအရေပြားရောဂါတွေကို ရှားစောင်းလက်ပတ်အသား (အနှစ်) လိမ်းပေးခြင်းဖြင့် ပျောက်ကင်းစေနိုင်ပါသည်။ ရှားစောင်းလက်ပတ် အပင်များသည် အပူချိန်ကိုတခြားအပင်များထက် ပို၍စုတ်ယူနိုင်ရာ ထိုကြောင့်‌ နွေရာသီကဲ့သို့ ပူပြင်းသော ရာသီဥတုမျိုးတွင် ရှားစောင်းလက်ပတ်အပင်များကို အိုးခွဲစိုက်ပေးခြင်းအားဖြင့် အိမ်အတွင်းရှိ အပူချိန်ကို သက်သာစေနိုင်ပါသည်။ ရှားစောင်လက်ပတ်သည် လူခန္ဓာကိုယ်အတွက်ကောင်းကျိုးများစွာ ပေးနိုင်သော ဆေးဖက်ဝင်အိမ်တွင်းသုံးအပင်မျိုးဖြစ်ပြီး အလွယ်တကူစိုက်ပျိုးနိုင်သော အိမ်တွင်းသုံး ဆေးဖက်ဝင်အပင်တစ်မျိုးလည်းဖြစ်ပါသည်။ ထိုကြောင့် ကောင်းကျိုးများစွာရှိသော ရှားစောင်း လက်ပတ် ကိုစိုက်ပျိုးသုံးစွဲသင့်ပါသည်။ 

    DOCA(ကယား) မှ ကိုးကားဖော်ပြသည်။ 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 

    ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350 

    အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857 


  • article
likes
15
comments
0
views
3542