cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ပိုက်ဆံမကုန်သော သဘာဝမှိုသတ်ဆေးပြုလုပ်ကြရအောင်

. Natural Pesticide
ယနေ့ခေတ်မှာ စိုက်ပျိုးရေးကုန်ကျစရိတ်များပြားနေသော တောင်သူကြီးများအတွက် ငွေကုန်သက်သာစေသော ဘဘာဝမှိုသတ်ဆေး ပြုလုပ်ကြည့်ကြဖို့အတွက် ဗီဆက်ရွက်ဆေးရည်  ပြုလုပ်နည်း မျှဝေပေးချင်ပါတယ်
  • ဗီဆက်ရွက်ဆေးရည်ကို ပိုးသတ်ဆေးအဖြစ်သော်လည်းကောင်း၊ မှိုသတ်ဆေးအဖြစ်သော်လည်းကောင်း အသုံပြုနိုင်ပါသည်။ ပျ၊ လိပ်ပြာဖလံဖြစ်မည့်ပိုးလောက်ကောင်၊ ကျိုင်းကောင် စသောဖျက်ပိုးများနှင့် Fusarium (ဖျူစေရီယမ်)၊ Aspergillus (အက်စပါးဂျီးလတ်) နှင့် Rhizoctonia (ရိုက်ဇိုတိုးနီးယား) စသော မှိုရောဂါများ ကိုလည်း ကာကွယ်နှိမ်နင်းနိုင်ပါသည်။    

     ဗီဆက်ရွက်ဆေးရည် ပြုလုပ်နည်း   

    (၁) ဗီဆက်အပင်၏ အရွက်များကိုခူး၍ ရေဖြင့် ၃ ကြိမ်ခန့် ဆေးကြောသန့်စင်ထားပါ။  

    (၂) ရေဆေးထားသော ဗီဆက်ရွက်များကို ကြိတ်စက် သို့မဟုတ် ကြိတ်ဆုံနှင့် ကြိတ်ချေထားပါ။  

    (၃) ကြိတ်ချေ၍ရရှိလာသော ဗီဆက်ရွက်အရည်များကို ပိတ်စဖြင့်စစ်ပြီးသတ္တုရည်ကိုယူပါ။  

    (၄) ဗီဆက်ရွက်သတ္တုရည် ၁ ဆနှင့် အရက်ပြန် (Ethanol) ၁ဆ ကိုရော၍ ရေသန့်ဘူးထဲထည့်ထားပါ။  

    တစ်ရက် (၂၄ နာရီ ) ကြာအောင်ထားပြီးလျှင် ဗီဆက်ရွက် မှိုသတ်ဆေးရည်အဖြစ်အသုံးပြုနိုင်ပါသည်။ ရေ ၂၀ လီတာကို ဗီဆက်ရွက်ဆေးရည် ၁ လီတာရောဆက်၍ သီးနှံပင်များတွင် သဘာဝမှိုသတ်ဆေးအဖြစ် အသုံးပြု နိုင်ပါသည်။  

      ------------- 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။  

    ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350  

    အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857 


  • article
likes
22
comments
2
views
3579