cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ရန်ကုန်တိုင်း ဇွန်လ ၂ ရက် မှ ဇွန်လ ၈ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
ငါးပုစွန် တောင်သူများအတွက် အကြံပြုချက်
  • ဇွန်လ ၂ ရက်နေ့အထိ ရန်ကုန်တိုင်းအတွင်းမြို့နယ်များတွင် အများအားဖြင့်နေသာချိန်ရှိပြီး မိုးအသင့်အတင့် - ၂၄ နာရီအတွင်း မိုးရေချိန် ၂၀ မီလီမီတာအထက်(၀.၈ လက်မကျော်)ရွာသွန်းနိုင်ပါသည်။


    ဇွန်လ ၃ ရက်နေ့မှ ဇွန်လ ၈ ရက်နေ့အထိ ၂၄ နာရီ မိုးရေချိန် ၂၀ မီလီမီတာအောက်(၀.၈ လက်မ အောက်)ရွာနိုင်ပြီး မိုးရွာသွန်းခြင်းလျော့နည်းနေနိုင်ပါသည်။


    ဤရက်သတ္တပါတ် ၁ ပါတ်အတွင်း နေ့စဉ်မိုးရွာနိုင်မည့်ရာခိုင်နှုန်း ၈၀% နှင့် အထက်တွင်ရှိနေကာ လေထုစိုထိုင်းဆ ၈၀% မှ ၉၀% နှင့်အထက်တွင် ရှိနေနိုင်ပါသည်။ ယခုသီတင်းပတ် ၁ ပတ်အတွင်း အနောက်ဘက်နှင့် အနောက်တောင်ဘက်မှ လေတိုက်နှုန်း ၁ နာရီ ၅ မိုင်ခန့်တိုက်ခတ်နိုင်ပါမည်။


    📌 ဇွန်လ ၁၁ ရက်နောက်ပိုင်းမှ ၂၄ နာရီအတွင်း မိုးရေချိန် ၂၀ မီလီမီတာအထက်(၀.၈ လက်မကျော်)ပြန်ရွာနိုင်ကာ မိုးအသင့်အတင့်မှ မိုးပြန်များလာနိုင်မည့် မိုးလေဝသအခြေအနေဖြစ်ပေါ်နိုင်ပါသည်။


    Win Naing

    Administration Team,

    MMWEATHER,

    https://www.mmweather.org/home


    ငါးပုစွန် တောင်သူများအတွက် အကြံပြုချက်

    · ငါးကန်သို့ စီးဝင်လာသော မိုးရေတွင် ပတ်ဝန်းကျင်မှ အညစ်အကြေးများပါဝင်လာနိုင်သကဲ့သို့ ဩဇာဓာတ်များလည်း ပါဝင်လာနိုင်သဖြင့် သတိထားသင့်ပါသည်။

    . ရေချဉ်ဖန်နှုန်း (၆) နှင့် (၆) အောက်ရောက်ရှိပါက မွေးမြူထားသော ငါးများသည် ကျန်းမာရေး မကောင်းခြင်း၊ အစာမစားခြင်းများ ရှိလာတတ်ပါသည်။ ထိုအချိန်တွင် အစာကျွေးပါကလည်း အစာမစားနိုင်ကြပါ။

    · ငါးများ ပုံမှန်ကြီးထွားမှုရှိရန် ရေတွင်ပျော်ဝင်သောအောက်ဆီဂျင်ပမာဏသည် (5 ppm) နှင့် အထက်တွင်ရှိရန် ဂရုပြုသင့်ပါသည်။

    · ကန်ရေအရည်အသွေး အနည်းနှင့်အများပြောင်းလဲခြင်းသည် ငါးများကိုဒဏ်သင့်စေပြီးလွယ်ကူစွာ ရောဂါကူး စက်ဖြစ်ပွားစေနိုင်ပါသည်။

    . ထို့ကြောင့် ( က) ရေတွင်ပျော်ဝင်လျက်ရှိသောအောက်ဆီဂျင်ပမာဏ (Dissolved Oxygen-DO), (ခ) ရေ၏ချဉ် ဖန်ဓာတ် (pH), (ဂ) ရေကြည်ခြင်း / ရေနောက်ခြင်း (Turbidity), (ဃ) ရေအပူချိန် (Water temperature) တို့ကို (နာရီပိုင်း/ နေ့စဉ်/ အပတ်စဉ်) တိုင်းတာခြင်းဖြင့် ငါးကန်ရေအရည်အသွေးပြောင်းလဲမှု လက္ခဏာ နှင့်ထုတ်လုပ်နိုင်မှုကို ခန့်မှန်းသိရှိနိုင်ပါမည်။

    -------------------

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
8
comments
0
views
6865