cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

တစ်ပင်လုံး အမြစ်ပါမကျန် ဆေးဖက်ဝင်ပြီး အမြင်လည်းလှစေသောခံသီးပင်အကြောင်း

. Health Articles
အဆစ်နဲ့ ကြွက်သားနာကျင်မှုများ ကုသရန်အတွက် ဆေးဝါးအနေနဲ့အသုံးပြုခဲ့ ကြတယ်။
  • ခံပွင့်လေးများက အဖြည့်ခံပန်းအဖြစ် မျက်နှာငယ်ရသော်လည်း ခံသီးလေးများကတော့ အသုံးတည့်လှပါတယ်။ ခံသီးလေးများက မှည့်လာရင် တောက်ပသော အနီစွေးစွေးအရောင် သန်းတယ်၊ နဲနဲ နုသေးရင် အစိမ်းရောင်ပေါ်မှာ ပန်းရောင် စွတ်တယ်။ ခံပင်ရဲ့ အလှဆုံး အချိန်က အသီးတွေမှည့်သော အချိန်ဖြစ်တယ်။ ခံသီးတွေကိုမမှည့်ခင်မှာ ခူးစွတ်ပြီး "ခံသီးပေါင်း" လုပ်စားလေ့ရှိကြတယ်။ ငြုတ်သီးစပ်စပ် နဲ့ ချဉ်ချဉ်စပ်စပ်ခံသီးပေါင်းဟာ တောဓလေ့ အစားအစာ ထဲမှာတော့ ထင်ရှားလှတယ်။ ခံသီးကို ငပိ နှင့်ရောပြီး ခံသီးငါးပိချက် ကလည်း ထမင်းပွဲမှာ အအီပြေစေသော ဟင်းတစ်ခွက် ဖြစ်ပါလိမ့်မယ်။ ပုဇွန်ငါးပိ၊ ငရုတ်သီး ၊ ခံသီးရောပြီး ထောင်းထားတဲ ခံသီးငပိထောင်းကလည်း အရသာ ချဉ်ငံစပ်လေးမို့ စားလို့ကောင်းလှတယ်။ Kenya က Maasai people လူမျိုးတွေက အပင်ရဲ့ အစိတ် အပိုင်းတွေကို အဆစ်နဲ့ ကြွက်သားနာကျင်မှုများ ကုသရန်အတွက် ဆေးဝါးအနေနဲ့အသုံးပြုခဲ့ ကြတယ်။


    ဆေးကျမ်းထဲမှာတော့ ခံပင်စိုက်ထားရင် မြွေများမလာဖူးလို့ရေးထားတယ်။ မြွေတွင်းထဲ ခံပင် အမြစ်ချလိုက်ရင် မြွေများထွက်ပြေးကြတယ်၊ မြွေဆိပ်တက်ရာမှာ ခံပင်အမြစ်ကို အသုံးပြု၍ ကုသကြတယ်။ တိရိစ္ဆာန်များ အနာပေါက်ရင် အမြစ်သွေးလိမ်းရင် ပိုးသေပြီး အသားနု မြန်မြန် တက်စေတယ် ၊ အဆစ်အမြစ်တွေ ကိုက်ခဲနာကျင်သော အဖျားတို့မှာ အမြစ်ကို အခြားသော ဆေးတို့နဲ့ ရောစပ်ကာသောက်ရင် ပျောက်ကင်းပါတယ်။ အပင်၏ အတွင်းသားအနှစ်ကို ၀မ်းနှုတ်ဆေး အနေနဲ့ သုံးကြတယ်၊ များစွာသောက်ရင်တော့ ၀မ်းသက်ပြီး လူကို ဒုက္ခပေးနိုင်ပါတယ်။


    ခံပင်ရဲ့ အသီးဟာဆိုရင် သံဓာတ်၊ ဗီတာမင် စီ၊ ဗီတာမင် အေ၊ ကယ်လ်ဆီယမ်၊ ဖော့စဖောရပ် စတဲ့ အာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ အသီးဟာ ဆေးဖက်ဝင်တာကြောင့် အစာ မကြေခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ အရေပြားရောဂါများ၊ ဆီးလမ်းကြောင်းနှင့် ဆိုင်သော ရောဂါများ၊ ဝမ်းချုပ်ခြင်းနှင့် သွေးအားနည်းခြင်းတို့ ကဲ့သို့သော ရောဂါများကိုလည်း သက်သာစေနိုင်ပါတယ်။ ထို့နည်းတူ ခံပင်၏ အရွက်သည်လည်း ဖျားနာခြင်း၊ ဝမ်းလျောခြင်းနှင့် နားကိုက်ခြင်းတို့အတွက် အသုံးဝင်ကြောင်း သိရပါတယ်။ ခံပင်ရဲ့ အမြစ်ဟာလည်း ဆေးဖက်ဝင်ကြောင်း သိရပါတယ်။


    Flowers of Myanmar မှကိုးကားသည်။

    xxxxxxxxxxxx

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe  

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။  

    ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350  

    အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857



  • article
likes
4
comments
0
views
3084