ငလျင်ဒဏ်ခံစားရသော စိုက်ပျိုးသီးနှံများတွင် ကျရောက်နိုင်သော သီးနှံရောဂါများနှင့် ကာကွယ်နှိမ်နင်းနည်းများ
- ငလျင်ဒဏ်ခံစားရသော စိုက်ပျိုးမြေများတွင် မြေဆီလွှာပျက်စီးခြင်း ကြောင့် စိုက်ပျိုးသီးနှံ များ၏ အမြစ်တွင်ဒဏ်ရာများဖြစ်၍ပျက်စီးနိုင်သကဲ့သို့ ငလျင်ကြောင့် မြေကြီးတိမ်းစောင်းခြင်း၊ ရေစီး ကြောင်းပြောင်းခြင်း သို့မဟုတ် ရေဝပ်ခြင်းတို့ကြောင့် မြေဆောင်ရောဂါဖြစ်စေသော မှိုများ ဖြစ်သည့် ဖြူစေရီယမ် (Fusarium)၊ ရိုက်ဇိုတိုးနီးယား (Rhizoctonia)၊ ဖိုက်သော်သရာ (Phytophthora) တို့ကြောင့် အမြစ်ပုပ်/အမြစ်ဆွေးရောဂါများဖြစ်စေနိုင်ပါသည်။ အမြစ် ဒဏ်ရာ များမှတစ်ဆင့် ဘက်တီးရီးယားပင်ညှိုး (Bacterial Wilt) ရောဂါများ ကူးစက်နိုင်ပါသည်။ အချို့နေရာများတွင် ရေဝပ်ခြင်း သို့မဟုတ် မြေဆီသိပ်သည်းလာခြင်းတို့ကြောင့် အမြစ်ရောပုပ် ရောဂါများအပြင် ပစ်သီယံ (Pythum) မှိုကြောင့် ခါးရိရောဂါ များဖြစ်နိုင်ပါသည်။ - ငလျင်ကြောင့်စိုက်ပျိုးဧရိယာအတွင်း မြေပြိုကျခြင်းများရှိပါက မြေဆီအပေါ်ယံအလွှာ (Topsoil) များဆုံးရှုံးခြင်းကြောင့် အပင်များ အားနည်းပြီး ရောဂါဒဏ်ခံနိုင်မှုလျော့ကျနိုင်ပါသည်။ မြေသားများရွေ့လျားမှုကြောင့် မြေအောင်းနီမတုတ် (Nematode) များ ပြန့်နှံ့ရောက်ရှိနိုင်ပြီး သီးနှံများအားတိုက်ခိုက်နိုင်ပါသည်။ ငလျင်ဒဏ်ကြောင့် စိုက်ပျိုးမြေအတွင်းရှိ အကျိုးပြု ဘက်တီး ရီးယားများ လျော့နည်းခြင်းနှင့် ရောဂါဖြစ်စေသောသက်ရှိ (မှို၊ ဘက်တီးရီးယား) များ ပိုမို တိုးပွား လာနိုင်ခြင်းတို့ ဖြစ်နိုင်ပါသည်။ ထို့အပြင် အချို့နေရာများတွင် ရေသွင်းစနစ်ပျက်စီးခြင်းကြောင့် ရေရရှိမှု မရှိသဖြင့် စိုက်ပျိုး သီးနှံများတွင် ဖါးဥမှိုရောဂါများကျရောက်နိုင်ပါသည်။ ငလျင်ဒဏ်ခံစားရသော သီးနှံစိုက်ခင်းများတွင် ကျရောက်နိုင်သော အင်းဆက် စုပ်စားပိုး များကြောင့် သီးနှံများတွင် ဗိုင်းရပ်စ်ရောဂါများလည်း ကျရောက်နိုင်ပါသည်။ - ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် - ဒေသအလိုက်ခံနိုင်ရည်ရှိသော မျိုးများအားရွေးချယ်စိုက်ပျိုးပါ။ - ရောဂါကင်းသော စိုက်ခင်း/မျိုးစေ့ကိုရွေးချယ်စိုက်ပျိုးပါ။ - မျိုးစေ့များအား မျိုးစေ့လူးနယ်ဆေးအဖြစ် အသုံးပြုနိုင်သော မှိုသတ်ဆေး တစ်မျိုး မျိုးဖြင့် လူးနယ်ပြီးမှ စိုက်ပျိုးပါ။ အပင်စိပ်လွန်းစွာစိုက်ခြင်းမှရှောင်ကျဉ်ပါ။ - မြေဆီလွှာများပျက်ဆီးမှုမှကုစားနိုင်ရန်အတွက် သဘာဝမြေဩဇာများ ထည့်သွင်း ပါ။ - ကောင်းစွာဆွေးမြေ့သော သဘာဝမြေဩဇာများကိုထည့်သွင်း အသုံးပြုပါ။ - ဓါတ်မြေဩဇာများကို အချိုးညီသုံးစွဲပါ။ - ရောဂါဒါဏ်ခံနိုင်ရန် ပိုတက်ရှ် မြေဩဇာကို မဖြစ်မနေ ထည့်သွင်းအသုံးပြုပါ။ - မြေဆောင်ရောဂါများကာကွယ်နှိမ်နင်းရန်အတွက် ထရိုင်ဂိုဒါးမား (Trichoderma) မှိုကို ထည့်သွင်း အသုံးပြုပါ။ - ရေမဝပ်စေရန် ရေထုတ်မြောင်းများထားရှိပါ။ - စိုက်ခင်းအတွင်း ပေါင်းမြက်များ၊ ရောဂါကျပင်ကြွင်းပင်ကျန်များအား ဖျက်ဆီး ပစ်ပါ။ - ရောဂါကျရောက်မှုရှိ/မရှိ ပုံမှန်ကင်းထောက်ပါ။ - ဗိုင်းရပ်စ်နှင့် မိုက်ကိုပလပ်စ်မာ ရောဂါလက္ခဏာပြနေသော အပင်များကို နှုတ်ယူဖျက် ဆီး မီးရှို့ပါ။ - ၎င်းရောဂါများသည် အပင်ငယ်စဉ် စုပ်စားပိုးများကြောင့်ကူးစက်မှု ဖြစ် ခြင်းကြောင့် အပင်ငယ်စဉ်တွင် စုပ်စားပိုးများကျရောက်မှုမရှိအောင် ဆောင်ရွက်ပါ။ - ရောဂါကာကွယ်နှိမ်နင်းရန်လိုအပ်ပါက ရောဂါသတ်ဆေးကို အသုံးပြုပါ။ - သီးနှံတစ်ရာသီပြီးဆုံးပါက သစ်စိမ်းမြေဩဇာအဖြစ် အသုံးပြုနိုင်သော အပင် များကို စိုက်ပျိုးအသုံးပြုပါ။ - source: ppd - -------------------- - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ - ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 
 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
