cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

မကွေးတိုင်း ဇွန်လ ၄ ရက် မှ ဇွန်လ ၁၀ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
ပဲတီစိမ်းစိုက်ပျိုးတောင်သူများအတွက်စိုက်ပျိုးရေးအကြံပေးချက်
  • သင်္ချာပုံစံပြုကြိုတင်ခန့်မှန်းရေး model များမှ ခန့်မှန်းချက်အတိုင်း၊ ဇွန်လ ၃ ရက်နေ့မှာ စတင်ပြီး မကွေးတိုင်းအတွင်းကဒေသအတော်များများမှာ နေသာချိန်ပိုလာတာ၊ မိုးရွာနှုန်းလျော့ကျလာတာတွေ တွေ့နေရပါပြီ။ ဇွန်လ ၄ ရက်နောက်ပိုင်းမှာလဲ အခုရက်သတ္တပါတ် ၁ ပါတ်အတွင်းမှာ မိုးအားလျော့နည်းနေမယ်၊ မိုးရွာရင် မိုးဖွဲလောက်သာကျတာများနိုင်ပါမယ်။ အများအားဖြင့် မွန်းလွဲ/ညနေပိုင်းအချိန်တွေနဲ့ မနက်အစောပိုင်းအချိန်တွေမှာ မိုးဖွဲဖွဲရွာနိုင်ပါမယ်။


    ဇွန်လ ၁၀ ရက်နောက်ပိုင်းမှာတော့ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းမှာ ဖြစ်လာနိုင်မယ်လို့ ကြိုတင်ခန့်မှန်းထားတဲ့ လေပွေလှိုင်းကြောင့် မိုးပြန်ရွာလာနိုင်ပါဦးမယ်။


    မကွေးတိုင်းရဲ့ အပူချိန်တွေကတော့ ဒီတပတ်အတွင်းမှာ အမြင့်ဆုံးနေ့အပူချိန် ၃၂°C အထိရှိနေနိုင်ပြီး၊ အနိမ့်ဆုံးညအပူချိန် ၂၅°C အထိ ရှိနိုင်ပါတယ်။

    Win Naing

    Administration Team,

    MMWEATHER,

    https://www.mmweather.org/home


    မကွေးတိုင်းဒေသကြီးအတွင်း ပဲတီစိမ်းစိုက်ပျိုးတောင်သူများအတွက်စိုက်ပျိုးရေးအကြံပေးချက်

    မကွေးတိုင်းဒေသကြီးအတွင်း မိုးများစွာရွာသွန်းခဲ့၍ ပဲတီစိမ်းစိုက်တောင်သူများ၏ ပဲတီစိမ်း စိုက်ခင်းများရေကြီးနစ်မြုပ်ခဲ့ပါက လုပ်ဆောင်ရမည့်အရာများမှာ-

    ပထမဦးစွာ ရေထုတ်မြောင်းများပြုလုပ်၍ ရေစင်အောင်ထုတ်ပေးပါ။

    ပဲတီစိမ်းသည်ရေဝပ်တာမကြိုက်သည့်အတွက် အပင်များဝါလာပါက မြေထဲသို့ N:P:K မြေသြဇာနှင့် သဘာဝမြေသြဇာ ရောစပ်၍ ကျွေးပေးပါ။

    ထို့နောက် ပြန်လည်နလန်ထူလာချိန်တွင် ဟျူးမစ်အက်ဆစ်၊ အမိုင်နိုအက်ဆစ်၊ ဇင့် နှင့် အခြားအနည်းလိုအာဟာရဓာတ်များပါသော ရွက်ဖျန်းအားဆေးများ ပက်ဖျန်းပေးပါ။


    ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်

    ငါးကန်ရေတွင် ပျော်ဝင်နေသောအောက်စီဂျင်ပမာဏ (Dissolved Oxygen Level) ကိုထိန်းထားခြင်း အကြောင်းကို ဖော်ပြပေးလိုက်ပါသည်။

    ငါးကန်ရေတွင်ပျော်ဝင်နေသောအောက်စီဂျင်ပမာဏ (Dissolved Oxygen Level) ကို အမြဲတမ်း 5ppmအထက်မှာ ထိန်းထားရပါမယ်။ အဲ့ဒါမှ ရောဂါဖြစ်စေသောဘက်တီးရီးယား (Pathogenic Bacteria) ပေါက်ပွားမှုနည်းပါမည်။ ငါးများအတွက် လိုအပ်သောအောက်စီဂျင်ပမာဏရမှသာ ငါးများတွင် ဖိစီးမှု (Stress)မရှိပဲ ကိုယ်ခံအား (Immunity)ကောင်းပြီး ရောဂါဒဏ်ပိုမို ခံနိုင်ရည်ရှိမှာဖြစ်ပါတယ်။

    (3ppm) ရှိလျှင် ငါးများအသက်ရှူနိုင်သော ပျော်ဝင်အောက်စီဂျင်ရှိသော်လည်း ကန်ရေအရည်အသွေးနှင့် ရာသီဥတု အပူချိန်ကြောင့် ပျော်ဝင်အောက်စီဂျင် (DO) သည် (3ppm)အောက်ကျရောက်ပြီး ငါးများအတွက် အသက်ရှူ မဝဖြစ်စေပြီး သေဆုံးတတ်ပါသည်။

    ကန်ရေ၏ အတိမ်အနက်သည် ကန်အတွင်း ပျော်ဝင်အောက်စီဂျင်ပြန့်နှံ့စေခြင်းကို ဖြစ်စေပါသည်။ အပူပိုင်း ဇုံ တွင် မွေးမြူသော ငါးများအတွက် ကန်ရေအနက်သည် (၅)ပေမှ (၆)ပေခွဲ ထားရှိရပါမည်။ ပုစွန်ကန်များအတွက် ကန်ရေအနက်သည် (၄)ပေ မှ (၆)ပေအထိထားရှိရပါမည်။

    -------------------

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
  • article
  • article
  • article
likes
6
comments
0
views
5666