cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ငါးကန်ပြင်ဆင်ခြင်းလုပ်ငန်းတွင် အရေးကြီးသောအချက်များ

. Fish Articles
ငါးကန်များကန်ပြင်ဆင်ရာတွင် ကန်အောက်ခြေရှိ နွံ နှင့်အညစ်အကြေးများကို ဖယ်ရှားပေးရပါမည်။ ကန်ရေဩဇာကောင်းစေရန်အတွက် နွံ (၈)လက်မခန့် ချန်ထားသင့်ပါသည်။ နွံများဖယ်ရှားပြီးပါက ၊ ထုံးပက်ခြင်း လုပ်ငန်းဆောင်ရွက်ရာတွင် စံသတ်မှတ်ချက်အတိုင်း ထုံးပက်သင့်ပါသည်။
  •            ငါးမွေးတောင်သူများသည် ငါးကန်ဖော်ပြီး ပြန်လည်မွေးမြူရေးလုပ်ငန်းကိုဆောင်ရွက်ရာတွင် ကန်ပြင် ဆင်ခြင်းလုပ်ငန်းကို မဖြစ်မနေဆောင်ရွက်ကြပါသည်။ ကန်ပြင်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် ကန်ကို အခြောက်လှန်းခြင်းဖြင့်သာ ဆောင်ရွက်ကြပါသည်။ ငါးမွေးကန်များသည် နှစ်အတော်ကြာသောအခါ အနယ် အနှစ်များ ကျရောက်ကြပြီး ကန်အောက်ခြေတွင် နွံများ ထူထပ်နေကြပါသည်။ အဆိုပါနွံများ ထူထပ်နေပါက ငါးမွေးမြူသော ကာလတွင် ကန်အောက်ခြေတွင် အမိုးနီးယား ဖြစ်နိုင်ခြေများပါသည်။ ထို့အတူ ကန်အောက်ခြေတွင် အောက်စီဂျင် ပြတ်တောက်မှုများ ဖြစ်တတ်ပါသည်။

               ငါးကန်များကန်ပြင်ဆင်ရာတွင် ကန်အောက်ခြေရှိ နွံ နှင့်အညစ်အကြေးများကို ဖယ်ရှားပေးရပါမည်။ ကန်ရေဩဇာကောင်းစေရန်အတွက် နွံ (၈)လက်မခန့် ချန်ထားသင့်ပါသည်။ နွံများဖယ်ရှားပြီးပါက ၊ ထုံးပက်ခြင်း လုပ်ငန်းဆောင်ရွက်ရာတွင် စံသတ်မှတ်ချက်အတိုင်း ထုံးပက်သင့်ပါသည်။ တစ်ဧကလျှင် အနည်းဆုံး ထုံးပိဿာ(၁၀၀) နှင့် အများဆုံး (၂၄၀)ပိဿာ ပက်သင့်ပါသည်။ ပိုမိုတိကျစေလိုပါက ကန်အောက်ခြေ မြေသားချဉ်ဖန်နှုန်း(Soil PH test) ပြုလုပ်ဆောင်ရွက်ပါက ပိုမိုကောင်းမွန်ပါသည်။

               ကန်အောက်ခြေနေလှန်းရာတွင် ပက်ကြားကွဲအောင် နေလှန်းရပါမည်။ ထုံးပက်ပြီးပါကလည်း အနည်း ဆုံး(၃)ရက်မှ (၇)ရက်ကြာစေရန် လိုအပ်ပါသည်။ သို့မှသာ ထုံးနှင့်မြေသားဓာတ်ပြုပြီး ထုံးသည် မြေသား၏ချဉ် ဖန်နှုန်းကို မြင့်မားလာစေပါမည်။ ငါးကန်များတွင် ထုံးထည့်ရသည့် အကျိုးကျေးဇူးမှာ အောက်ပါတို့ကို ဖြစ်စေပါ သည်။

               (၁)ကန်၏မြေသားချဉ်ဖန်နှုန်းကို မြင့်စေပါသည်။

               (၂) ကန်ရေကို ကြည်လင်စေပါသည်။

               (၃)ကန်အောက်ခြေရှိ အဆိပ်ဖြစ်စေတတ်သော ဓာတ်ငွေ့များကို ဖယ်ရှားပေးပါသည်။

               (၄)ကန်အတွင်းရှိ ဘက်တီးယားပိုးများကို သေစေနိုင်ပါသည်။

               (၅)ငါးမွေးကန်အတွင်း ရေဩဇာတက်ရောက်မှုကို အထောက်အကူဖြစ်စေပါသည်။

               ထို့ကြောင့် ကန်ပြင်ဆင်ချိန်တွင် အထက်ပါအတိုင်း စနစ်တကျပြုလုပ်ပါက ငါးရောဂါကျရောက်ခြင်းကို လည်း ထိန်းသိမ်းနိုင်ခြင်း နှင့် ကန်ရေဩဇာ ရရှိခြင်းအပြင် ရေချဉ်ဖန်နှုန်းကိုလည်း ထိန်းသိမ်းနိုင်ပါကြောင်း တင်ပြ အပ်ပါသည်။

    ဦးဆန်းအောင်

    ထွက်တိုး

    -------------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes
7
comments
0
views
3727