cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ဆိတ်မွေးမြူရေးတွင် စီးပွားရေးထိခိုက်သည်အထိဖြစ်စေတတ်သော သံကောင်များ

. Agriculture Knowledge
ဆိတ်မွေးမြူရေးတွင် သံကောင်ပြင်းထန်စွာ ကျရောက်ခြင်းသည် ဆိတ်များဖျားနာခြင်း၊ သေဆုံးခြင်းများ ဖြစ်နိုင်သည့်အတွက် စီးပွားရေး ထိခိုက်သည်အထိ သက်ရောက်နိုင်ပါသည်။
  • ဆိတ်မွေးမြူရေးတွင် အဓိကမဖြစ်မနေ လုပ်ဆောင်ပေးရမည့် အရာမှာ Gastrointestinal nematodes (roundworms) ဟုခေါ်သော သံကောင်များ ချပေးခြင်းပင်ဖြစ်သည်။ သံချပေးရာတွင် တစ်နှစ်လျှင် ၆ ကြိမ်အထိ ချပေးနိုင်ပါသည်။ ဆိတ်မွေးမြူရေးတွင် သံကောင်ပြင်းထန်စွာ ကျရောက်ခြင်းသည် ဆိတ်များဖျားနာခြင်း၊ သေဆုံးခြင်းများ ဖြစ်နိုင်သည့်အတွက် စီးပွားရေး ထိခိုက်သည်အထိ သက်ရောက်နိုင်ပါသည်။ မွေးပြီး ၁ လ အတွင်း မိခင်ဆိတ်မဆီမှတဆင့် ကူးစက်လာပါက ကိုယ်ခံအားနည်းသွားတတ်ပါသည်၊ အသက် ၃ လ မှ ၆ လ အတွင်းသည် မိခင်နို့ရပ်၍ စားသောက်မှုစတင်ပြောင်းလဲလိုက်ခြင်းကြောင့် ကိုယ်ခံအားကျဆင်းကာ သံကောင်ကျရောက်မှု အများဆုံးအချိန်ဖြစ်ပါသည်။ သံကောင်များသည် အသက် ၆ လ ကျော်အထိ ကျရောက် နိုင်စွမ်းရှိသည့်အတွက် မွေးပြီး ၆ လအရွယ်အထိ သံကောင်မကျရောက်စေရန် အထူးဂရုစိုက် ပေးရမည်။ ထို့အပြင် သံကောင်ကာကွယ်ဆေးကို မွေးပြီး ၆ ပတ်မှ ၈ ပတ်အတွင်း နို့ဖြတ်၍ အစာစားချိန်တွင် ကာကွယ်ဆေးစတင်ထိုးပေးနိုင်ပါသည်။ အရွယ်ရောက်သံကောင်သည် ဆိတ်၏ အူထဲတွင်နေထိုင်ပြီး ထောင်ပေါင်းများစွာသော သံကောင်ဥများ အုတတ်ကြသည်။ ထိုဥများသည် ဆိတ်မစင်နှင့်အတူ ပါသွားပြီး ဥအဖြစ်မှ အခြေအနေပေးလာပါက သားပေါက်ပြီး သားလောင်း အဆင့်တွင် ဆိတ်များစားသုံးရာ အစာများမှတဆင့် ကူးစက်ပျံ့နှံ့တတ်ကြသည်။ ထိုဖြစ်အတိုင်း သံကောင်၏ ဘဝစက်ဝန်း လည်ပတ်၍ ဆိတ်များအား ကပ်ပါးပြုနေထိုင်ကြသည်။ သံကျနေသောဆိတ်များ၏ လက္ခဏာများမှာ- 

    • အစာစားချင်စိတ်မရှိခြင်းနှင့် အူလမ်းကြောင်းလုပ်ဆောင်မှုမကောင်းခြင်းများကြောင့် အရွယ် မကြီးလာခြင်း ၊ ကိုယ်အလေးချိန် လျော့နည်းလာခြင်း။ 
    • နို့ထွက်အားနည်းလာခြင်း။ 
    • ဝမ်းလျှောခြင်း။ 
    • သွေးအားနဲလာခြင်း။ 
    • ရုတ်တရက်သေဆုံးခြင်း။ တို့ဖြစ်တတ်ပါသည်။  

    ထို့ကြောင့် မွေးမြူထားသောဆိတ်များ သံကောင်ကင်းစင်နေစေရန်အတွက် စားကျက်မြေများ ပြောင်းလဲပေးခြင်း၊ ဆိတ်ခြံအတွင်း မစင်များအားစနစ်တကျ သန့်ရှင်းပေးခြင်းများ လုပ်ဆောင်ပေးရမည်။ Fenbendazole နှင့် Ivermectin ပါဝင်သော သံချဆေးများကိုလဲ နားလည်တတ်ကျွမ်းသော တိရစ္ဆာန်ဆရာဝန်များအား တိုင်ပင်၍ တိုက်ကျွေးပေးရမည်။  

    အင်တာနက်စာမျက်နှာမှ ကိုးကားသည်။ 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 

    ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350 

    အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857 


  • article
likes
11
comments
0
views
4550