cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ကူးစက်ရောဂါ ရာသီတုပ်ကွေးနှင့် ကိုဗစ်-၁၉ ရောဂါများ ကြိုတင်ကာကွယ်ရေး

. Health Articles
လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများဖြစ်သော ဖျားခြင်း၊ နှာစေးခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ လည်ပင်းနာခြင်း စသည့်လက္ခဏာများ ရှိသူများအနေဖြင့် မိမိမှ အခြားသူများသို့ ကူးစက်မှုမရှိစေရေးအတွက် -
  • COVID-19 တကြော့ပြန်ပေါ်လာခြင်း သတိပြုရန် 

    မိုးရာသီတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများဖြစ်သည့် ရာသီတုပ်ကွေးနှင့် ကိုဗစ်-၁၉ ရောဂါများ ပိုမိုကူးစက်ဖြစ်ပွားနိုင်ပါသည်။ ကိုဗစ်-၁၉ ရောဂါအား ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ခြင်းမရှိတော့ဘဲ ရာသီတုပ်ကွေးရောဂါကဲ့သို့ ဒေသတွင်း ပုံမှန်ကူးစက်ဖြစ်ပွားတတ်သည့် ရောဂါအဖြစ်သာ သတ်မှတ်ထားပါသည်။ လတ်တလောတွင် မိမိနိုင်ငံအတွင်း၌ အဆိုပါ ရောဂါများ ကူးစက်ဖြစ်ပွား/သေဆုံးမှုနှင့်စပ်လျဉ်း၍ စိုးရိမ်ဖွယ်ရာအခြေအနေမရှိသော်လည်း အဆိုပါရောဂါများ များဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် ပြည်သူလူထုအနေဖြင့် အောက်ပါတို့ကို သတိပြုလိုက်နာဆောင်ရွက်ရန် တိုက်တွန်းနှိုးဆော်အပ်ပါသည် -

    -       လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများဖြစ်သော ဖျားခြင်း၊ နှာစေးခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ လည်ပင်းနာခြင်း စသည့်လက္ခဏာများ ရှိသူများအနေဖြင့် မိမိမှ အခြားသူများသို့ ကူးစက်မှုမရှိစေရေးအတွက် -

    -       (က) လူထူထပ်သော နေရာများသို့ သွားခြင်းမှ ရှောင်ကြဉ်ခြင်းနှင့် မဖြစ်မနေေသွားရောက်ရန်ရှိပါက ပါးစပ်နှင့် နှာခေါင်းစည်း(mask) အား စနစ်တကျ ဝတ်ဆင်ခြင်း၊

    -       (ခ) ပါးစပ်နှင့်နှားခေါင်းစည်း ဝတ်ဆင်ထားခြင်းမရှိချိန်၌ နှာချေ၊ ချောင်းဆိုးပါက လက်ကိုင်ပဝါ/တံတောင်ကွေးဖြင့် လုံအောင်အုပ်၍ နှာချေ၊ ချောင်းဆိုးခြင်း၊

    -       (ဂ) ရောဂါလက္ခာပြင်းထန်ပါက နီးစပ်ရာ ဆေးရုံ/ကျန်းမာရေးဌာနသို့ ချက်ချင်းပြသ၍ ဆေးကုသမှုခံယူခြင်း၊

    -       တစ်ကိုယ်ရေကာကွယ်ရေးနည်းလမ်းများဖြစ်သည့် လက်ကို ရေနှင့်ဆပ်ပြာ(သို့) ရေမလိုလက်သန့်ဆေးရည်ဖြင့် မကြာခဏ စနစ်တကျ ဆေးကြောခြင်း၊

    -       ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများသည် ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇကွဲများ ကူးစက်ဖြစ်ပွားခြင်းနှင့် ရောဂါလက္ခဏာပြင်းထန်မှုနှင့် အသက်ဆုံးရှုံးမှုတို့မှ ထိရောစွာ ကာကွယ်ပေးသည့်အတွက် အသက်အရွယ်ကြီးသူများ၊ ဆီးချိုရောဂါ၊ နာတာရှည် အဆုပ်ရောဂါ၊ ကင်ဆာရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး ထိုးနှံမှုခံယူခြင်း။

    ကြိုတင်ကာကွယ်ခြင်းဖြင့် ချစ်ရတဲ့သူများ မဆုံးရှုံးစေဖို့ ကျန်းမာရေးသတိဖြင့် နေထိုင်ရန် တိုက်တွန်းနှိုးဆော်ချက်အပ်ပါသည်။

    Source: ကျန်းမာရေးဝန်ကြီးဌာန

    --------------  

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12  

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို  

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.  

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
22
comments
0
views
4949