cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

မတ်ပဲ၊ ပဲစင်းငုံ၊ ပြောင်း၊ ပဲကြီးတို့၏ တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် "

. Market Analysis
ပဲစင်းငုံ စျေးအကျကြမ်းသလို မတ်ပဲလည်းအနည်းငယ်ထပ်ကျပါတယ်။ ပြောင်းစျေးကတက်လာပြီး ပဲကြီးလည်းတက်လာပါတယ်။
  • (၂. ၆.၂၀၂၅ မှ ၆.၆. ၂၀၂၅)

    မတ်ပဲ

     မတ်ပဲကတော့  အခုတစ်ပတ်မှာလည်း စျေးတန်းအနည်းငယ်ထပ်ကျလာတာတွေ့ရ ပါတယ်။ တစ်တန်ကို ၂၀၀၀၀ လောက်ထပ်ကျတာဖြစ်ပြီး နယ်စျေးကွက်မှာလည်း မတ်ပဲ ပိဿာ ၂၀ တစ်တင်းကို ၉၅၅၀၀ ဝန်းကျင်နဲ့ ၅၀၀ ကျပ်လောက်ထပ် ကျလာ ပါတယ်။ 

    မတ်ပဲကို အိန္ဒိယနိုင်ငံက ဝယ်လိုအားရှိပေမယ့် အ၀ယ်နည်းတဲ့အပြင် စျေးကွက်လည်းအေးနေတာကြောင့် မတ်ပဲစျေးအကျဘက်မှာသာရှိနေတာဖြစ်တယ်လို့သိရပါတယ်။

    ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တနင်္လာကနေ သောကြာနေ့အတွင်း မတ်ပဲ FAQ တစ်တန်ကို ၂၉၇၅၀၀၀ မှ ၃၀၁၀၀၀၀ ကျပ်အတွင်းစျေးတန်းရှိခဲ့ပါတယ်။

    အရင်အပတ်မှာတော့ တနင်္လာကနေ သောကြာနေ့အတွင်း မတ်ပဲ FAQ တစ်တန်ကို၂၉၉၅၀၀၀ မှ ၃၀၂၀၀၀၀ ကျပ် ရှိခဲ့တာကြောင့်  အခုတစ်ပတ်အတွင်းမှာ  တစ်တန်ကိုမှ ၁၀၀၀၀ မှ ၂၀၀၀၀  ကျပ် ဝန်းကျင်စျေးထပ်ကျပါတယ်။

    ပဲစင်းငုံ

    ပဲစင်းငုံကလည်း အခုတစ်ပတ်မှာ စျေးအကျကြမ်းလာပြီး တစ်တန်ကိုအများဆုံး ၁၀၀၀၀၀ ကျော် လောက်အထိကို ထပ်ကျလာတာဖြစ်ပါတယ်။ စျေးကျဆင်းမှုနဲ့အတူ ပြည်တွင်းစျေးကွက်မှာလည်း ပဲစင်းငုံ ဝယ်လိုအားနည်းနေပါတယ်။ 

     ပြည်ပဝယ်လက်အိန္ဒိယက ဝယ်လိုအားနည်းပြီး စျေးကွက်အေးတာကြောင့် ​ဖြစ်ပါတယ်။မတ်ပဲနဲ့ပဲစဥ်းငုံက  အိန္ဒိယရဲ့ ဝယ်လိုအားပေါ်လိုက်ပြီး စျေးအတက်အကျရှိတာဖြစ်ပါတယ်။

    ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လာကနေ သောကြာနေ့အထိဖြစ်ပေါ်ခဲ့တဲ့စျေးကွက်မှာ ပဲစင်းငုံနီတစ်တန်ကို ကျပ် ၂၇၁၅၀၀၀ မှ ၂၇၆၆၀၀၀ ကျပ်အတွင်းသာ စျေးတန်းရှိခဲ့ပါတယ်။

    အရင်အပတ်တုန်းက တနင်္လာကနေ သောကြာနေ့အထိဖြစ်ပေါ်ခဲ့တဲ့စျေးကွက်မှာတော့ ပဲစင်းငုံနီတစ်တန်ကို ၂၈၂၆၀၀၀ မှ ၂၈၇၃၀၀၀ ကျပ် အတွင်းစျေးတန်းဖြစ်ပေါ်ခဲ့တာကြောင့် အခုတစ်ပတ်မှာ တစ်တန်ကို ၁ သိန်းကျော် လောက်ထပ်ပြီး စျေးကျလာပါ တယ်။

    ပြောင်းဆံ

    ပြောင်းဆံကတော့ လက်ရှိပြည်တွင်းမှာ ဝယ်လိုအားများလာပြီး ပြောင်းလက်ကျန်နည်းလာတဲ့အခြေအနေတွေကြောင့် စျေးတန်းမြင့်တက်လာပါတယ်။ ပြည်ပကို ပြောင်းဆံတင်ပို့ဖို့အတွက် ပြောင်းလိုအပ်ချက်ရှိနေတဲ့အတွက် ကုန်သည်တွေက ပြောင်းကို စျေးပေးပြီးဝယ်ယူနေတာကြောင့် စျေးမြင့်တက်လာတာဖြစ်ပါတယ်။

    ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ ပြောင်းဆံတစ်ပိဿာကို ၁၇၃၀ မှ ၁၇၅၀ ကျပ်ရှိလာပါတယ်။တောင်ကြီး အေးသာယာမှာတော့ ပြောင်းတစ်ပိဿာကို ၁၅၅၀ ဝန်းကျင်နဲ့ မန္တလေးမှာ တစ်ပိဿာကို ၁၆၀၀ ဝန်းကျင်အထိရှိလာပါတယ်။

    ပဲကြီး

    ပဲကြီးက ယခုအပတ်မှာ စျေးတန်းမြင့်တက်လာပါတယ်။ ပဲကြီးက အဓိက ပြည်တွင်းစားသုံးမှုများတဲ့ ပဲတစ်မျိုးဖြစ်တာကြောင့် ပြည်တွင်းစားသုံးမှု နဲ့ဝယ်လိုအား ၊ ပစ္စည်းလက်ကျန်အနည်း အများပေါ်လိုက်ပြီးစျေးပြောင်းလဲမှုရှိနေတာဖြစ် ပါတယ်။

    လက်ရှိမှာပဲကြီးကို လုပ်ငန်းသုံးသမား၊ လက်လီသမားတွေအဝယ်ပုံရှိနေတာကြောင့်စျေးတက် လာတာဖြစ်ပါတယ်။

    ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ ပဲကြီး (ကုန်း) တစ်ပိဿာကို ၄၀၈၅ ကျပ်မှ ၄၄၃၅ ကျပ်ရှိပြီး ပဲကြီး (ရွှေကျွန်း)တစ်ပိဿာကို ၅၁၃၀ မှ ၆၁၉၅ ကျပ် ရှိပါတယ်။

    မန္တလေးစျေးကွက်မှာ ပဲကြီး (ကြီး ) က ၅၅.၂၅ ပိဿာကို ၃၀၀၀၀၀ ကျပ်မှ ၃၁၀၀၀၀ ကျပ်၊ပဲကြီး (လတ်) ၂၆၅၀၀၀ မှ ၂၇၀၀၀၀ ကျပ်၊ပဲကြီး (သေး)က ၂၃၀၀၀၀ မှ ၂၄၀၀၀၀ ကျပ်စျေးရှိတယ်လို့သိရပါတယ်။

    (AMIA)

    --------------  

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12  

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို  

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.  

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
13
comments
0
views
4164