cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

တောင်တရုတ်ပင်လယ်ပြင် တိုင်ဖွန်းမုန်တိုင်းဖြစ်ခြင်းကြောင့် ကမ်းရိုးတန်းဒေသတွေမှာ မိုးပိုလာနိုင်

. Weather News
စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းထဲက - ဝက်လက်၊ ရွှေဘို၊ ဒီပဲယင်း၊ ခင်ဦး၊ စဉ့်ကူး၊ သပိတ်ကျင်း စတဲ့ မြို့နယ်တွေမှာတော့ မိုးများနိုင်(၂၄ နာရီအတွင်း မိုးရေချိန် ၈၀ မီလီမီတာ=၃.၁၅ လက်မခန့်)ရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားတာတွေ့ရပါတယ်။
  • article
  • article
  • article
  • article
  • article
  • ဇွန်လ ၈ ရက် ညပိုင်းမှာ ဖိလစ်ပိုင်နိုင်ငံ-အရှေ့ဘက်ကမ်းခြေကို စတင်ဖြတ်ကျော်နေပြီဖြစ်တဲ့လေပွေလှိုင်း INVEST-92W သည် တောင်တရုတ်ပင်လယ်ထဲမှာ တိုင်ဖွန်းမုန်တိုင်းအဆင့်ရောက်လာနိုင်ချေ ၁၀၀% ရှိကြောင်း ECMWF က ခန့်မှန်းချက်ထုတ်ပြန်ပေးထားပါတယ်။

    ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းမှာ အထက်လေပွေလှိုင်းတခု စတင်ဖြစ်ပေါ်နေကြောင်း အိန္ဒိယမိုးလေဝသဌာနမှ ဒီနေ့ထုတ်ပြန်ထားပြီး ECMWF Chart မှာတော့ အဲ့ဒီလေပွေလှိုင်းသည် ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ ၄၀% သာရှိကြောင်းခန့်မှန်းထားတာ တွေ့ရပါတယ်။

    ဘင်္ဂလားပင်လယ်အော်ဘက်မှာ ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေအလွန်နည်းသော်လည်း တောင်တရုတ်ပင်လယ်မှာ INVEST-92W တိုင်ဖွန်းမုန်တိုင်းဖြစ်လာပြီးတဲ့နောက် မြန်မာ့ပင်လယ်ပြင်မှာ အနောက်တောင်မုတ်သုံလေအားကောင်းလာပြီး ကမ်းရိုးတန်းဒေသတွေမှာ မိုးပိုလာနိုင်ပါမယ်။

    မြန်မာနိုင်ငံ၊ ပြည်နယ်/တိုင်းဒေသတွေမှာ များသောအားဖြင့် မိုးအသင့်အတင့်(၂၄ နာရီအတွင်း မိုးရေချိန် ၂ လက်မခွဲအောက်)သာရွာနိုင်ပါမယ်။

    စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းထဲက - ဝက်လက်၊ ရွှေဘို၊ ဒီပဲယင်း၊ ခင်ဦး၊ စဉ့်ကူး၊ သပိတ်ကျင်း စတဲ့ မြို့နယ်တွေမှာတော့ မိုးများနိုင်(၂၄ နာရီအတွင်း မိုးရေချိန် ၈၀ မီလီမီတာ=၃.၁၅ လက်မခန့်)ရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားတာတွေ့ရပါတယ်။

    မိမိနေထိုင်ရာဒေသအလိုက် မိုးလေဝသအခြေအနေ ၄ ရက် ကြိုတင်ခန့်မှန်းကြည့်ရန် - https://www.mmweather.org/divisional-cities-weather

    (ဇွန်လ ၈ ရက် ည ၁၀ နရီခွဲ)

    Win Naing

    Administration Team,

    MMWEATHER,

    https://www.mmweather.org/home

    ----------

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


likes
11
comments
2
views
3054