အမြင်လှပြီး ရက်စက်လှသော သဘာဝရဲ့ အသားစားပင် သို့မဟုတ် အင်းဆက်စားပင်လေးများ
- အသားစားပင်လို့ကြားရင် ကျွန်မတို့မြန်မာနိုင်ငံမှာရှိတဲ့ လူအများစုက အထင်လွဲမှားပြီး တိရစ္ဆာန်တွေရဲ့ အသားကို တကယ်စားတယ်အထင်နဲ့ ကြောက်လန့်တာတွေဖြစ်တတ်ကြတယ်။ (Carnivorous Plant or Insectivorous Plant) အသားစားပင် သို့မဟုတ် အင်းဆက်စားပင်ဆိုတာ အပင်အတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေ (N,P,K) ကို မြေကြီးထဲကမစုပ်ယူဘဲ အင်းဆက် ပိုးကောင်များကိုဖမ်းပြီး စားသောက်ကာ အစာအာဟာရယူတတ်ကြတဲ့ တမူထူးခြားသော အပင်များ ဖြစ်ပါတယ်။ ဒီအချက်ကြောင့်ပဲ သူတို့ဟာ မြေအာဟာရဓာတ်နည်းပါးပြီး စိုစွတ်တဲ့ နေရာတွေမှာ ပေါက်ရောက်လေ့ရှိကြပါတယ်။ နောက်ပြီး အသားစား အပင်တွေဟာ ရုပ်ရှင်တွေထဲကလို အကောင်အကြီးကြီးနဲ့ တိရစ္ဆာန်တွေကို တကျွတ်ကျွတ်နဲ့ ဝါးမစားနိုင်ကြပါဘူး။ Carnivorous Plant အင်းဆက်စားပင်တွေက ယေဘုယျအားဖြင့် အုပ်စုတွေ အများကြီးကွဲနေသလို မျိုးစု(Genea)တွေလည်း မတူကြပါဘူး။ ၁၂မျိုးစုလောက်ကွဲနေပါတယ်။ အပင်တစ်မျိုးနဲ့ တစ်မျိုးကလည်း သူ့အပင်အမျိုးအစားပေါ်မူတည်ပြီး အင်းဆက်ကိုဖမ်းပြီး စားသောက်တဲ့ပုံစံတွေ မတူကြပါဘူး။ ယျေဘုယျအားဖြင့် တွေ့ရတတ်တဲ့ အသားစားပင် ၄ မျိုးကို ဖော်ပြလိုက်ပါတယ်။ - 1. Venus Flytrap (Dionaea sp.) - နတ်သမီးထောင်ချောက်ပင် - Venus Fly Trap နတ်သမီးထောင်ချောက်ပင်ဆိုရင် သူရဲ့အရွက်ဟာ အများဆုံး နှစ်လက်မ အထိသာကြီးနိုင်ပါတယ်။ ပြီးတော့ Venus Fly Trap တစ်ပင်အတွက် သူဖမ်းမိထားတဲ့ အင်းဆက် တစ်ကောင်ဟာ 2 - 4 ပတ်အထိအစာအဟာရလုံလောက်ပါတယ်။ အကောင်ဖမ်းတဲ့ အခါမှာ လည်း အရွက်(Trap) တစ်ခုက အင်းဆက်တစ်ကောင်ကိုအစာခြေဖို့ အချိန် ၅ ရက်မှ ၁၂ ရက်အထိ ယူပါတယ်။ နတ်သမီးထောင်ချောက်ပင်လေးများကို ယခုအခါ အလှစိုက်အပင်လေးများကဲ့သို့ စိုက်ပျိုးလာကြ ပါသည်။ - 2. Sundew (Drosera sp.) - နေနှင်းပေါက်ပင် - အင်ဆက်ပိုးကောင်က သစ်ရွက်ပေါ်က စေးကပ်တဲ့ အရည်တွေမှာ ကပ်မိတဲ့အခါ ရုန်းကန်ကြတယ်။ ရုန်းကန်လေလေ ပိုကပ်လေလေနဲ့ မကြာမီမှာ အရည်တွေကြားမှာ မွန်းပြီး သေသွားကြတယ်။ Sundew ပင်က အမြင်အာရုံမရှိပေမယ့် mechanical sensing (ထိတွေ့မှု့ကို အာရုံခံခြင်း) အပြင် chemical sensing (အင်ဆက်ကိုယ်ပေါ်ရှိ အနံ့နှင့် အရသာဆောင် မော်လီကျူးများကို အာရုံခံခြင်း) အားဖြင့် သားကောင်ကို ဖမ်းမိပြီဆိုတာကို သိရှိတယ်။ - 3. Pitcher Plant (Nepenthes sp.) - ရေတကောင်းပင် - ရေတကောင်းပင်ရဲ့ ရေကရားပုံ ရွက်အိတ်ကလေးများတွင် ပိုးကောင်ထောင်ချောက်အတွင်း၌ ပိုးကောင်များကို သွေးဆောင်နိုင်သော ဝတ်ရည်ရှိသည်။ ပိုးကောင်များသည် ထိုဝတ်ရည်ကို စားသောက်ရန် အပေါက်ဝမှ အထဲသို့ ဝင်ကြသည်။ ထိုအခါ ဝင်လမ်းသာရှိ၍ ထွက်လမ်းမရှိသော ရွက်အိတ်ထဲတွင် ပိုးကောင်တို့သည် ဝတ်ရည်များနှင့် ရောသွားပြီးလျှင် သေကြေ ပျက်စီးသွားကြလေသည်။ - 4. Bladderwort (Utricularia sp.) - ရေပူပေါင်းပင် - အထက်ပါအပင်များနဲ့မတူသည်မှာ ရေပူပေါင်းပင်သည် ရေထဲမှာ ပေါက်ရောက်သော အပင်တစ်မျိုးဖြစ်ပြီး ရေပူပေါင်းပင်၏ရေအိတ်ထိပ်လေးတွင် တခါးကဲ့သို့ အဖွင့်အပိတ်လုပ်လို့ရသော အဝသေးသေးလေးပါရှိပါတယ်။ ရေစီးကြောင်းနဲ့မြောပါလာသော အင်းဆက်သေးသေးလေးတွေဟာ ၎င်းအဝလေးထဲမှရေပူပေါင်းအိတ်ထဲသို့ ရေစီးနှင့်တကွပါလာပြီး ပြန်လည်ထွက်လာလို့မရတော့ပဲ ရေအိတ်ထဲတွင်သေကြေပျက်စီးသွားကြလေသည်။ ကြာချိန်အနေဖြင့် ၁၅ မိနစ်မှ နာရီဝက်အထိသာ ဖြစ်ပြီး နောက်တစ်ကြိမ်ဖမ်းယူရန်အတွက် ရေအိတ်ထိပ်မှအဝလေးကို အဆင်သင့်ပြန်ဖွင့် ထားနိုင်သော အပင်ဖြစ်သည်။ - ------ - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ - ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350 - အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857 
 
 
 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
