cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

အာလူးပင်ခြေပုပ်ရောဂါ သတိပြုကာကွယ်ပါ

. Diseases
အာလူးစိုက်ပျိုးတဲ့အခါမှာ အသုံးပြုတဲ့ အာလူးမျိုးမှာ ဘက်တီးရီးယားပါလာတာကြောင့် ရောဂါအဓိကဖြစ်ပါတယ်။ ရောဂါပျံ့နှံ့မှုကတော့ ရောဂါကျရောက်ဖူးသောခင်းက မြေကြီးမှတဆင့်၊ အင်းဆက်ပိုးမွှားများ၏ဒဏ်ရာများမှတဆင့် ဝင်ရောက်ခြင်း နှင့် သွင်းရေများမှတဆင့်လည်း ရောဂါပျံ့နှံ့နိုင်ပါတယ်။
  • အာလူးပင်ခြေပုပ်ရောဂါကို မြန်မာနိုင်ငံရဲ့ အာလူးစိုက်ပျိုးမှုအများဆုံးဖြစ်တဲ့ ရှမ်းပြည်နယ်မှာ အတွေ့ရများပါတယ်။ အေးမြပြီး စိုစွတ်တဲ့ ရာသီဥတုအခြေနေမှာ ရောဂါကျရောက်မှု ဆိုးဝါးနိုင်ပါတယ်။ အဓိက ရောဂါဖြစ်စေတဲ့ အကြောင်းရင်းကတော့ ဘက်တီးရီးယားများကြောင့် ဖြစ်ပါတယ်။  

    အာလူးစိုက်ပျိုးတဲ့အခါမှာ အသုံးပြုတဲ့ အာလူးမျိုးမှာ ဘက်တီးရီးယားပါလာတာကြောင့် ရောဂါအဓိကဖြစ်ပါတယ်။ ရောဂါပျံ့နှံ့မှုကတော့ ရောဂါကျရောက်ဖူးသောခင်းက မြေကြီးမှတဆင့်၊ အင်းဆက်ပိုးမွှားများ၏ဒဏ်ရာများမှတဆင့် ဝင်ရောက်ခြင်း နှင့် သွင်းရေများမှတဆင့်လည်း ရောဂါပျံ့နှံ့နိုင်ပါတယ်။ ဘက်တီးရီးယားသည် ရိုးပြတ်များအတွင်းခိုအောင်းနေနိုင်ပြီး အာလူးပြန်စိုက်ပျိုးချိန်တွင် ရာသီဥတုအခြေနေပေးပါက ရောဂါကျရောက်လာခြင်းဖြစ်ပါတယ်။  

    အာလူးပင်ခြေပုပ်ရောဂါကို ကာကွယ်နှိမ်နင်းဖို့အတွက်  

    • ရောဂါကင်းသောအာလူးမျိုးများအသုံးပြုပါ။  
    • မျိုးစေ့လူးနယ်ဆေးများအသုံးပြုပါ။  
    • အာလူးအလုံးလိုက်စိုက်ပျိုးပါ (လှီးမစိုက်ပါနှင့်)။ 
    • ရောဂါဆိုးဝါးစွာကျရောက်ခဲ့ဖူးပါက နောက်ရာသီများတွင် အာလူးမျိုးရင်းဝင်မဟုတ်သော သီးနှံပင်များသီးလှည့်စိုက်ပျိုးပါ။ 
    • စိုက်ခင်းအား ရေမဝပ်ပါစေနဲ့။  
    • အပင်ကိုထိခိုက်မှု အနည်းဆုံးဖြစ်အောင် ပြုစုစောင့်ရှောက်မှုများဆောင်ရွက်ပေးပါ။  
    • ကြိုတင်ကာကွယ်သောအနေနဲ့ ကောပါးပါသောမှိုသတ်ဆေးများကိုအသုံးပြုခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ 

    ---------------- 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350 

    အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857 


  • article
likes
19
comments
1
views
4495