cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

တိုင်ဖွန်းမုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံ ဒေသအလိုက် မိုးရွာနိုင်မှုများ⛈⛈

. Weather News
လေဖိအားနည်းရပ်ဝန်း TD-01W နှင့် အားအလွန်ကောင်းလာသော မုတ်သုံလေတို့၏ အရှိန်သက်ရောက်မှုကြောင့် ရခိုင်ကမ်းရိုးတန်း၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းနှင့် မွန်-တနင်္သာရီကမ်းရိုးတန်းဒေသများ၊ ဧရာဝတီတိုင်း၊ နေပြည်တော်၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်တို့တွင် မိုးအသင့်အတင့် မှ မိုးများနိုင်ပါမယ်၊ ၂၄ နာရီ မိုးရေချိန် - ၂ လက်မခွဲနှင့်အထက် ရွာသွန်းနိုင်ပါတယ်။
  • ====

    ဇွန်လ ၁၀ ရက်နေ့တွင် ECMWF, JMA နှင့် UKM model များမှ ကြိုတင်ခန့်မှန်းချက်အရ လေဖိအားနည်းရပ်ဝန်း(Tropical Depression-TD) 01W သည် တောင်တရုတ်ပင်လယ်အတွင်း အားပိုကောင်းလာပြီး တိုင်ဖွန်းမုန်တိုင်းဖြစ်လာနိုင်ပါမယ်။ ဖြစ်နိုင်ချေ ၁၀၀% ရှိနေကြောင်းလဲ တွေ့ရပါတယ်။

    🔸 01W တိုင်ဖွန်းမုန်တိုင်အဆင့်ရောက်လာနိုင်သော်လည်း အနောက်ဘက် ဗီယက်နမ်၊ လာအို၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့ဘက်သို့ မုန်တိုင်းအကြွင်းအကျန်များရွေ့လျားဝင်ရောက်လာနိုင်ခြင်းမရှိပါ။ မုန်တိုင်းအရှိန်သက်ရောက်မှုသာရှိနိုင်ပါမယ်။

    လေဖိအားနည်းရပ်ဝန်း TD-01W နှင့် အားအလွန်ကောင်းလာသော မုတ်သုံလေတို့၏ အရှိန်သက်ရောက်မှုကြောင့် -

    🔸 ရခိုင်ကမ်းရိုးတန်း၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းနှင့် မွန်-တနင်္သာရီကမ်းရိုးတန်းဒေသများ၊ ဧရာဝတီတိုင်း၊ နေပြည်တော်၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်တို့တွင် မိုးအသင့်အတင့် မှ မိုးများနိုင်ပါမယ်၊ ၂၄ နာရီ မိုးရေချိန် - ၂ လက်မခွဲနှင့်အထက် ရွာသွန်းနိုင်ပါတယ်။

    🔸 သက်ဆိုင်ရာဒေသအလိုက်နေရာကွက်ပြီး မိုးသည်းထန်နိုင်(Rain Rate မြင့်မားနိုင်)သောကြောင့် စိုးရိမ်ရေမှတ်များအနီးထိရောက်ရှိနေနှင့်သည့် မြစ်ရေအခြေအနေများကို သတိပြုစောင့်ကြည့်ပြီး၊

    🔸 မြစ်ကမ်းပါး/ချောင်းကမ်းပါးအနီး အနိမ့်ပိုင်းရပ်ကွက်နေပြည်သူများ ကြိုတင်ပြင်ဆင်ခြင်းများဆောင်ရွက်သင့်ကြောင်း အသိပေးတင်ပြလိုက်ပါတယ်။

    (ဇွန်လ ၁၀ ရက် ညနေ ၃ နာရီ ၄၀ မိနစ်)

    Win Naing

    Administration Team,

    MMWEATHER,

    https://www.mmweather.org/home

    --------------

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
19
comments
0
views
5685