cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

အာလူး အရောင်းအဝယ်ဖြစ်နေပြီး စျေးကောင်းနေ

. Market News
တရုတ်ဘက်မှ ကုန်သွယ်မှု အခက်အခဲ ရှိနေသောကြောင့် တရုတ်အားလူးများအဝင်နည်းနေပြီး အာလူးစျေးကောင်းရနေကြောင်း အာလူးစိုက်တောင်သူ နှင့် ကုန်သည်အချို့ က သုံးသပ်ထားခြင်း လည်းရှိသည်။
  • အာလူး အရောင်းအဝယ်ဖြစ်နေပြီး စျေးတက်လာကြောင်း ကုန်စိမ်းရောင်းဝယ်သူများထံမှ သိရသည်။

    နွေအာလူး အကုန် မိုးအာလူး စိုက်သည့် ကာလဖြစ်သည့်အတွက် စျေးကွက်သို့ ကုန်အဝင်နည်း လာ၍ စျေးတက်လာခြင်းဖြစ်ကြောင်းလည်း ကုန်သည်တချို့က သုံးသပ်ကြသည်။

    ရှမ်းပြည်နယ် အောင်ပန်းမြို့ တွင် ပြီးခဲ့သည့် မေလက မားကစ် S-1/S-2 တစ်ပိဿာလျှင် ၅၀၀၀ကျပ် ၊ မျက်နီ S-2/S-1 တစ်ပိဿာလျှင် ၄၃၀၀ ကျပ် ၊ မျက်နီ S1 OK အာလူး

    တစ်ပိဿာလျှင်၄၀၀၀ ကျပ် သာရှိခဲ့ပြီး လက်ရှိ ဇွန်လ တွင် မားကစ် S-1/S-2 တစ်ပိဿာလျှင် ၅၅၀၀ကျပ် ၊ မျက်နီ S-2/ S-1 တစ်ပိဿာလျှင် ၅၀၀၀ ကျပ် ၊ မျက်နီ S1 OK အာလူး

    တစ်ပိဿာလျှင်၄၅၀၀ ကျပ် ထိမြင့် တက်လာကြောင်း သိရပါသည်။

    “ အာလူး အဝယ်ပြန်လိုက်လာတယ်။ စျေးလည်း အနည်းငယ် တက်လာတယ်။ တချို့ မိုးအာလူး တွေ စိုက်ပျိုးနေကြပြီဖြစ်လို့ စျေးတက်လာတဲ့ သဘောပါ။ “ဟု ရှမ်းပြည်နယ်အောင်ပန်း မှ ကုန်စိမ်းရောင်းဝယ်သူ တစ်ဦးက ပြောထားသည်။

    တရုတ်ဘက်မှ ကုန်သွယ်မှု အခက်အခဲ ရှိ နေသောကြောင့် တရုတ်အားလူးများအဝင်နည်းနေပြီး အာလူးစျေးကောင်းရနေကြောင်း အာလူးစိုက်တောင်သူ နှင့် ကုန်သည် အချို့ က သုံးသပ်ထား ခြင်း လည်းရှိသည်။

    လက်ရှိ ဘုရင့်နောင် ကုန်စည်ဒိုင်တွင် ဟဲဟိုး A1 တစ်ပိဿာ လျှင် ၂၇၀၀ ကျပ် ၊ ဟဲဟိုး OK နှင့် S1 တစ်ပိဿာလျှင် ၃၀၀၀ အထိ ရှိ နေပြီး တစ်ပိဿာလျှင် ၃၀၀ကျပ် မှ ၅၀၀ ကျပ် အထိ မြင့် တက်လာကြောင်း သိရပါသည်။

    အာလူးမျိုးများကို ဘင်္ဂလားဒေ့လ်နိုင်ငံ၊ နယ်သာလန်၊ အိန္ဒိယ၊ နှင့် တရုတ် နိုင်ငဲများ မှ ဝယ်ယူစိုက်ပျိုးကြရပြီး မျိုးအာမခံချက်နှင့် လမ်းခရီးအခက်အခဲများကိုလည်း ကြုံတွေ့နေရ ကြောင်း သိရပါသည်။

    “ အခုက နယ်စပ်တွေမှာ အခြေအနေ အမျိုးမျိုး အခက်အခဲတွေ ရှိတယ်။ တရုတ်အာလူးတွေလဲ အဝယ်နည်းသလို တရုတ်မျိုးတွေလဲ အဝင်နည်းတယ်လို့ ပြောလို့ရတယ်။ တရုတ်အာလူးတွေ အဝင်များရင် ပြည်တွင်း အာလူး တွေ ကျလေ့ရှိတယ် ။ ဒါကြောင့် တောင်သူတွေနှစ်စဉ် အရှုံးပေါ် ခဲ့ တာတွေရှိတယ်။“ ဟု ရှမ်းပြည်နယ်မှ အာလူးစိုက်တောင်သူ တစ်ဦးက ပြောသည်။

    လက်ရှိ အာလူးစိုက်တောင်သူများ အနေဖြင့်မျိုးအာလူး ရရှိရန် အခက်အခဲ များလျော့ကျရန်

    နှင့် အရည်အသွေးကောင်း အာလူးများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် မြန်မာနိုင်ငံစိုက်ပျိုးရေးနှင့် သုတေသနဌာန(DAR)နှင့် နောင်တရားအာလူးစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းတို့ ပူးပေါင်း၍

    ပြည်တွင်း ၌ တစ်သျှူးကာချားနည်းဖြင့် မျိုးအာလူးများထုတ်လုပ်ပေးနိုင်ရေးဆောင်ရွက်နေကြောင်း လည်း သိရပါ သည်။ မိုးအာလူး အတွက် တရုတ်မျိုး နှင့် နယ်သာလန်မျိုးများကို အဓိကထား စိုက်ကြကြောင်း နောင်တရားဒေသမှ အာလူး စိုက်တောင်သူတစ်ဦးက ပြောသည်။

    ပြည်တွင်း၌ အာလူးအား ၅လပိုင်း မှ ၆လပိုင်း တစ်ကြိမ် ၊ ၈လပိုင်း မှ၉လပိုင်း တစ်ကြိမ်

    ၊ နှင့် ၁၂ လပိုင်းဘမှ ၁လပိုင်း တစ်ကြိမ် သုံးကြိမ်စိုက်ပျိုးလေ့ရှိကြောင်း သိရသည်။

    ဖိုးချဲ(AMIA)

    --------

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
8
comments
2
views
1751