cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

မိုးဦးရာသီကာလတွင် ငါးမွေးမြူရေးကန်များအတွက် သတိပြုရမည့်အချက်များ

. Fish Articles
ငါး မွေးကန်၏ ဘောင်ထိပ်မှ (၆)လက်မအကွာအောက်တွင် ‌ရေလျှံ ပေါက်များ ကြိုတင်တပ်ဆင်ထားရှိရန် အကြံပြုအပ်ပါသည်။ ကန်ပတ်ပတ်တွင် အမြင့် (၄)ပေရှိ ပိုက်စိမ်းများကို ခိုင်ခံ့စွာ ကာရန်ပေးထားခြင်းဖြင့် သဘာဝဘေးကိုကြိုတင်ကာကွယ်နိုင်ပါသည်။
  •            ၂၀၂၅ခုနှစ်တွင်း မိုးစတင်ရွာသွန်းခြင်းသည် ယခင်နှစ်များထက်‌စောပါသည်။ ‌‌မေလတတိယပတ်မှ စတင်ပြီး အဆက်မပြတ်ရွာသွန်းကာ မို‌ရေချိန်လက်မ များစွာရရှိနေကြပါသည်။ငါးမွေးတောင်သူ များအတွက် ငါးကန်ဆက်လက်မွေးမြူနေသော ကန်များသည် ငါးကြီးထွားနှုန်း ရုတ်တရက် ကျဆင်ခြင်း ၊ ငါး များအစာစားနှုန်း ကျဆင်ခြင်း ၊ ကန်ရေဩဇာ ပျက်စီးခြင်း များ ကြုံတွေ့နိုင်ပါသည်။ ကန်အတွင်းမှ ‌ရေလျှံ ခြင်း နှင့် ပြင်ပမှ ရေကြီးသဖြင့် ကန်ဘောင်များမှ ရေကျော်ခြင်းများလည်း ဖြစ်နိုင်ပါသည်။

               မိုးမရွာမှီကာလတွင် ငါးမွေးကန်အတွင်း ရေဩဇာရှိနေပြီး ကန်ရေ၏ချဉ်ဖန်နှုန်းမှာလည်း (၇) အထက်ရှိနေတတ်ပါသည်။ ကန်ရေ၏ အပူချိန်လည်း ၂၈ ဒီဂရီစင်တီဂရိတ် အထက်ရှိနေကြသောကြောင့် ငါးများပုံမှန် အစာစားခြင်း၊ ပုံမှန်ကြီးထွားခြင်း ရှိနေကြပါသည်။ မိုးအဆက်မပြတ်ရွာသွန်းပြီး၊ နေရောင် ခြည် လည်းကောင်းစွာမရသဖြင့် ကန်အတွင်း အက်စစ်ဓါတ်များပြီး ကန်ရေ၏ချဉ်ဖန်နှုန်းသည် (၇)အောက်ရောက် ရှိလာပါမည်။ pH 5.5 အထိကျဆင်းတတ်ပါသည်။ မိုးအုံံ့ပြီး နေရောင်ခြည်မရသောကြောင့် ကန်အတွင်း အလင်မှီ အစာချက်လုပ်နိုင်ခြင်း မရှိသောကြောင့် ကန်ရေ၏ ဩဇာလည်း ကျဆင်းပျောက်ဆုံးသွားပါသည်။ ထို့အတူ ကန်အတွင်း ပျော်ဝင်အောက်စီဂျင် ရရှိမှုလည်း ကျဆင်းလာပါသည်။ ကန်ရေ၏ အပူချိန်လည်း ၂၅ ဒီဂရီစင်တီဂရိတ်မှ ‌အောက်သို့ ကျဆင်းလာသည်ကိုလည်း တွေ့ရှိရပါမည်။ ထိုအချက်များကြောင့် ကန်‌ရေ အရည်အသွေးများသည် သတ်မှတ်ချက်စံများ မမှီသဖြင့် ငါးများအပေါ် ဖိစီးမှုများ ကျရောက်လာပါသည်။

               ရေ၏ချဉ်ဖန်နှုန်းကို တိုင်းတာပြီး pH 5.5 သို့ရောက်ရှိနေပါက တစ်ဧကလျှင် ထုံး ၁၅ မှ ၂၀ပိဿာအထိ ထည့်သွင်းပေးရန် အကြံပြုအပ်ပါသည်။ မိုးအုံ့သော/ မိုးရွာသောအချိန်များတွင် အစာကျွေးခြင်း မပြုလုပ်ရန်အကြံပြုပါသည်။ အစာကျွေးပါကလည်း ယခင်ကျွေးသောနှုန်းထက် အနည်းဆုံး ၂၀ ရာခိုင်နှုန်း လျှော့ကျွေးပေးပါရန် အကြံပြုအပ်ပါသည်။

               ယခုနှစ်ရာသီသည် မိုးများနိုင်သဖြင့် ငါးမွေးကန်ဘောင်များအား မြှင့်ထားရန်လိုအပ်ပါသည်။ ငါး မွေးကန်၏ ဘောင်ထိပ်မှ (၆)လက်မအကွာအောက်တွင် ‌ရေလျှံ ပေါက်များ ကြိုတင်တပ်ဆင်ထားရှိရန် အကြံပြုအပ်ပါသည်။ ကန်ဘောင်ပေါ်မှ ‌ရေလျှံထွက်ခြင်း နှင့် ပြင်ပမှ ‌ရေကျော်ဝင်ခြင်းများ ဟန့်တားရန် သဲအိတ်များကို စီချထားသင့်သည်။ ကန်ပတ်ပတ်တွင် အမြင့် (၄)ပေရှိ ပိုက်စိမ်းများကို ခိုင်ခံ့စွာ ကာရန်ပေးထားခြင်းဖြင့် သဘာဝဘေးကိုကြိုတင်ကာကွယ်နိုင်ပါသည်။

    ဦးဆန်းအောင်

    ထွက်တိုး

    -------------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes
6
comments
0
views
2660