သဘာဝပတ်ဝန်းကျင်နှင့် မြန်မာ့ဝါး
- ဝါးပင်များသည် လေထုထဲရှိ ကာဗွန်ဒိုင်အောက် ဆိုက်ဓာတ်ငွေ့ကိုစုပ်ယူ၍ အောက်ဆီဂျင်ဓာတ်ငွေ့ ကို ပြန်လည်ထုတ်ပေးသည်။ အစိုဓာတ်ကိုလည်း စုပ်ယူကာ ခြောက်သွေ့သောအချိန်တွင် အစိုဓာတ် ကို ပြန်လည်ထုတ်လွှတ်ပေးပါသည်။ ထို့ကြောင့်ပင် ပူပြင်းသောနွေရာသီတွင် ဝါးပင်အောက်၌နေပါက အပူသက်သာ၍ အေးမြစေသည်။ ဝါးပင်များသည် လေထုထဲရှိ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ များကို စုပ်ယူနိုင်စွမ်းရှိပါသည်။ - ၂ ဒသမ ၄၇၁ ဧက သို့မဟုတ် တစ်ဟက်တာ ကျယ်ပြန့်သော ဝါးစိုက်ခင်းတစ်ခင်းသည် လေထု အတွင်းရှိ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ၆၂ တန်အထိ စုပ်နိုင်သည်ဟု ဆိုပါသည်။ ဝါးပင်၏ ထူးခြားမှုတစ်ခုမှာ အခြားသစ်တော တစ်ဟက်တာ သည် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကို ၁၅ တန် ခန့်လောက်သာ စုပ်ယူနိုင်သော်လည်း ဝါးတစ်ဟက် တာကမူ ၆၂ တန်ခန့် စုပ်ယူနိုင်ပြီး အခြားသစ်ပင် များထက် သုံးဆကျော် ပိုမိုစုပ်ယူနိုင်သည်။ - ထို့အပြင် ဝါးပင်ကိုစိုက်ပျိုးခြင်းဖြင့် ကမ္ဘာကြီး ပူနွေးလာမှုကို ထိန်းသိမ်းနိုင်ခြင်း၊ မြေဆီလွှာကို ထိန်းသိမ်းနိုင်ခြင်း၊ လေထုညစ်ညမ်းမှုကို ကာကွယ် နိုင်ခြင်း၊ အောက်ဆီဂျင်ဓာတ်ငွေ့ကို အခြားအပင် များထက် သုံးဆထုတ်ပေးနိုင်ခြင်း၊ ရာသီဥတုမျှတ စေခြင်း နှင့် သက်ရှိဇီဝမျိုးစုံ၊ မျိုးကွဲများ ရေရှည်ရှင်သန် စေခြင်းစသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကောင်းကျိုးများကိုဖြစ်ထွန်းစေပါသည်။ ဝါးရွက် အပါအဝင် အပင်အလေးချိန်၏ လေးပုံတစ်ပုံ ဇီဝမြေသြဇာဖြစ်စေသည်ဟုလည်း သိရပါသည်။ ဝါးပင်များကို စနစ်တကျ စိုက်ပျိုးထိန်းသိမ်းပါက ကမ္ဘာကြီးသည် သက်ရှိများအတွက် အေးချမ်းသော ဘုံဗိမာန်လေးတစ်ခုဖြစ်လာနိုင်ပါသည်။ - ထိန်းသိမ်းလို့ထား မြန်မာ့ဝါး | News and Periodical Enterprise - ------------ - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ - ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350 - အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
