ဆေးဖက်ဝင်ချဉ်စော်ကားသီး
- ချဉ်စော်ကာသီးပင်သည် အေးသောဒေသများတွင် ပေါက်ရောက်ရှင်သန်ပါသည်။ အောက်အရပ်ဒေသမှာ သရက်သီးက အဓိကဖြစ်သလို တောင်ပေါ်ဒေသတွင်လည်း ချဉ်စော် ကားသီးက အခရာကြလှပါသည်။ အောက်ဘက်မှာ သရက်သီးထောင်းက ထမင်းမြိန်တဲ့ ဟင်းလျာဖြစ်သလို တောင်ပေါ်ဒေသ ချဉ်စော်ကားသီးထောင်းမှာလည်း ထမင်းမြိန်သော ဟင်းလျာ ဖြစ်ပါသည်။ သရက်သီးသုပ်အချဉ်ပေါင်း စားကောင်းသလို ချဉ်စော်ကားသီး အချဉ်ပေါင်း ကလည်း ခံတွင်းရှင်းလှပါသည်။ ချဉ်စော်ကားသီးကို အစိမ်းထောင်းသုပ်စားကြသလို ချဉ်စော်ကားသီးခြောက်အဖြစ် ဈေးကွက်တွင်ကျယ်မှုရှိပါကြောင်း၊ ချဉ်စော်ကားသီးဝိုင်ပြုလုပ်၍လည်း ရောင်းချကြကြောင်း သိရှိရသည်။ ချဉ်စော်ကားသီးတွင် အမျှင်ဓာတ်ပါဝင်သောကြောင့် အစာချေစနစ်ကို ကောင်းမွန်စေသည်။ သွေးတွင်းအဆီနှင့် သကြားဓာတ်ကို လျှော့ချပေးနိုင်သောကြောင့် နှလုံးသွေးကြောကျဉ်း ရောဂါကို ကာကွယ်ပေးနိုင်ပါသည်။ နှလုံးရောဂါရှိသူများ သွေးအားနည်းသူများ၊ အဆုတ်တီဘီ ရောဂါရှိသူများအတွက် စားသုံးပေးသင့်ကြောင်း ကျန်းမာရေးဗဟုသုတမှ လေ့လာသိရှိရသည်။ အဝလွန်သူ၊ သွေးတွင်းအဆီများသူအတွက်လည်း သင့်လျော်ပါသည်။ မိုးကုတ်ဒေသတွင် ချဉ်စော်ကားသီး အမြောက်အမြားထွက်ရှိပြီး မိုးကုတ် အိမ်ပြန်လက်ဆောင်အဖြစ် ချဉ်စော်ကားသီးအစိမ်း၊ ချဉ်စော်ကားသီးယို၊ ချဉ်စော်ကား သီးဝိုင်အဖြစ် နာမည်ကြီးလှပါသည်။ ချဉ်စော်ကားသီးကို ထုတ်ပိုးမှုပုံစံအမျိုးမျိုး၊ တံဆိပ်အမျိုးမျိုးဖြင့် တန်ဖိုးမြှင့်ထုတ်ကုန်(ဒေသထုတ်ကုန်) တစ်မျိုးအဖြစ် ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ - DOCA(ရန်ကုန်) - စားသုံးသူရေးရာဦးစီးဌာန - ------------------ - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ - ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350 - အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
