ပဲကြီး၊ ပဲတီစိမ်း၊ ပြောင်းဆံ စျေးတက်လာပြီး မတ်ပဲနဲ့ ပဲစင်းငုံ စျေးကျပါတယ်
- ပြောင်းဆံ - ပြောင်းဆံကတော့ အခုတစ်ပတ်မှာလည်း စျေးထပ်တက်လာပါတယ်။ ပြည်ပကို ပြောင်းဆံတင်ပို့ဖို့အတွက် ပြောင်းလိုအပ်ချက်ရှိနေတဲ့အတွက် ကုန်သည်တွေက စျေးပေးပြီးဝယ်ယူနေတာကြောင့် ပြောင်း စျေးမြင့်တက်လာတာဖြစ်တယ်လို့သိရပါတယ်။ ဝယ်လိုအားများချိန်မှာ ပြည်တွင်းမှာ ပြောင်းလက်ကျန်နည်းလာတဲ့ အခြေအနေတွေကြောင့်လည်း စျေးတန်းမြင့်တက်လာတာဖြစ်တယ်လို့သိရ ပါတယ်။ - ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ ပြောင်းဆံတစ်ပိဿာကို ၁၇၅၀ မှ ၁၇၇၀ ကျပ်ရှိလာပါတယ်။ မန္တလေးမှာ ပြောင်း (ဗမာ) ၈၄၀၀၀ မှ ၈၅၀၀၀ ကျပ်၊ ပြောင်း ( ရှမ်း) က ၈၆၀၀၀ မှ ၈၇၀၀၀ ကျပ် ၊ ပြောင်း ( CP) က ၈၇၅၀၀ မှ ၈၈၀၀၀ ကျပ်ရှိပါတယ်။ - ပဲကြီး - ပဲကြီးက ယခုတစ်ပတ်မှာလည်း စျေးထပ်မံမြင့်တက်လာပါတယ်။ ပဲကြီးက ပြည်တွင်းစားသုံးမှုများတဲ့ ပဲတစ်မျိုးဖြစ်တာကြောင့် ပြည်တွင်းစားသုံးမှု နဲ့ဝယ်လိုအား ၊ ပစ္စည်းလက်ကျန်အနည်း အများပေါ်လိုက်ပြီးစျေးအတက်အကျရှိတာဖြစ်တယ်လို့သိရပါတယ်။ ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ ပဲကြီး (ကုန်း) တစ်ပိဿာကို ၄၀၈၅ ကျပ်မှ ၄၄၃၅ ကျပ်ရှိပြီး ပဲကြီး (ရွှေကျွန်း)တစ်ပိဿာကို ၅၁၃၀ မှ ၆၅၅၀ ကျပ် ရှိပါတယ်။ - မန္တလေးစျေးကွက်မှာ ပဲကြီး (ကြီး ) က ၅၅.၂၅ ပိဿာကို ၃၂၀၀၀၀ ကျပ်မှ ၃၂၅၀၀၀ ကျပ်၊ပဲကြီး (လတ်) ၃၀၀၀၀၀ မှ ၃၁၅၀၀၀ ကျပ်၊ပဲကြီး (သေး)က ၂၆၀၀၀၀ မှ ၂၇၀၀၀၀ ကျပ်စျေးရှိပါတယ်။ တစ်အိတ်ကို ၂၀၀၀၀ မှ ၄၅၀၀၀ ကျပ်အထိ မြင့်တက်လာတာပါ။ - ပဲတီစိမ်း - ပဲတီစိမ်းက ဒီတစ်ပတ်မှာ ပဲတီစိမ်းခရမ်းရွှေဝါနဲ့ ပဲတီစိမ်း ပဲခူးရွှေဝါ၊ ဝါးခယ်မက စျေးပြန်တက်လာပြီး ပဲတီစိမ်း အညာကတော့ စျေးငြိမ်နေ ပါတယ်။ ပဲတီစိမ်းကတော့ ဆက်တိုက်တက်လာပြီး အတက်စျေးတန်းမှာပဲ စျေးကျလိုက် ပြန်တက်လိုက်နဲ့ စျေးကွက်ကစားနေတာတွေ့ရပါတယ်။ - ပဲတီစိမ်းက ပြည်တွင်းမှာလက်ကျန်နည်းနေပြီး ဝယ်လိုအားကောင်းနေပါတယ်။ - ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ပဲတီစိမ်းခရမ်းရွှေဝါနဲ့ ပဲတီစိမ်းနဲ့ ပဲခူးရွှေဝါက တစ်ပိဿာကို ၇၃၃၀ ကျပ်ရှိပြီး တစ်ပိဿာကို ၁၆၅ ကျပ်တက်လာပါတယ်။ - ပဲတီစိမ်း ဝါးခယ်မကလည်း ၆၂၅၀ မှ ၆၂၇၀ ကျပ်ရှိပြီး တစ်ပိဿာကို ၈၅ ကျပ်တက်လာပါတယ်။ပဲတီစိမ်း အညာကတော့ အရင်တပတ်ကအတိုင်း တစ်ပိဿာကို ၆၅၀၀ မှ ၆၅၂၀ ကျပ်ရှိပါတယ်။ - မတ်ပဲ - မတ်ပဲကတော့ ဒီတစ်ပတ်မှာလည်း တစ်တန်ကို ၃၀၀၀၀ လောက်ထပ်ကျလာတာတွေ့ရ ပါတယ်။ နယ်စျေးကွက်မှာလည်း မတ်ပဲ ပိဿာ ၂၀ တစ်တင်းကို ၉၄၅၀၀ ဝန်းကျင်သာရှိပြီး ၁၀၀၀ ကျပ်လောက်ထပ် ကျလာ ပါတယ်။ - မတ်ပဲကို ပြည်ပဝယ်လိုအားနည်း တဲ့အပြင် စျေးကွက်လည်းအေးနေတာကြောင့် စျေးက အကျဘက်ရောက်နေတာဖြစ်တယ်လို့သိရပါတယ်။ အိန္ဒိယနိုင်ငံကသာ မတ်ပဲလိုအပ်ချက်များပြီး မြန်မာကနေဝယ်ယူမှုအားကောင်းမှသာ စျေးကွက်မြင့်တက်လာနိုင်တယ်လို့သိရပါတယ်။ - ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တနင်္လာ ကနေ သောကြာနေ့အတွင်း မတ်ပဲ FAQ တစ်တန်ကို ၂၉၄၀၀၀၀ မှ ၂၉၈၁၀၀၀ ကျပ်အတွင်းသာစျေးတန်းရှိခဲ့ပါတယ်။ - အရင်အပတ်မှာတော့ တနင်္လာကနေ သောကြာနေ့အတွင်း မတ်ပဲ FAQ တစ်တန်ကို ၉၇၅၀၀၀ မှ ၃၀၁၀၀၀၀ ကျပ်အတွင်းစျေးတန်းရှိခဲ့တာကြောင့် ခုတစ်ပတ်အတွင်းမှာ တစ်တန်ကိုမှ ၃၀၀၀၀ လောက်စျေးထပ်ကျပါတယ်။ - ပဲစင်းငုံ - ပဲစင်းငုံကလည်း အခုတစ်ပတ်မှာ ထပ်ပြီး စျေးကျရိပ်ပြတာတွေ့ရပါတယ်။ တစ်တန်ကို ၆၀၀၀ ကနေ ၃၀၀၀၀ လောက်ကျလာတာ ဖြစ်ပါတယ်။ ပဲစင်းငုံစျေးကျသလို ပြည်တွင်းစျေးကွက်မှာလည်း ပဲဝယ်လိုအားနည်းနေ ပါတယ်။ ပြည်ပဝယ်လက်အိန္ဒိယက ဝယ်လိုအားနည်းနေတယ်လို့သိရပါတယ်။ ဒါကြောင့် ပဲစင်းငုံစျေးကွက်ပျက်ပြီး ဆက်တိုက်ကျနေတာဖြစ်ပါတယ်။ - ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လာကနေ သောကြာနေ့အထိဖြစ်ပေါ်ခဲ့တဲ့စျေးကွက်မှာ ပဲစင်းငုံနီတစ်တန်ကို ကျပ် ၂၆၈၇၀၀၀ မှ ၂၇၆၀၀၀၀ ကျပ်အတွင်းသာ စျေးတန်းရှိခဲ့ပါတယ်။ - အရင်အပတ်တုန်းက တနင်္လာကနေ သောကြာနေ့အထိ ဖြစ်ပေါ်ခဲ့တဲ့ စျေးကွက်မှာတော့ ပဲစင်းငုံနီတစ်တန်ကို ၂၇၁၅၀၀၀ မှ ၂၇၆၆၀၀၀ ကျပ်အတွင်းသာ စျေးတန်းရှိခဲ့တာကြောင့် အခုတစ်ပတ်မှာ တစ်တန်ကို ၆၀၀၀ ကနေ ၂၀၀၀၀ လောက်အထိ စျေးကျပါ တယ်။ - AMIA - ------------ - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ - ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350 - အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
