မြေပဲပင်စည်ပုပ်ရောဂါ ဘယ်လိုကာကွယ်မလဲ
- မြေပဲစိုက်တဲ့ဦးကြီးတို့ရဲ့ မြေပဲခင်းတွေမှာ ပင်စည်တွေပုပ်ပြီးတော့ မြေပဲပင်တွေပျက်စီးဖူးပါသလားခင်ဗျား။ မြေပဲပင်စည်ပုပ်ရောဂါကိုတော့ ဦးကြီးတို့ ရင်းရင်းနှီးနှီးသိကြမယ်ထင်ပါတယ်။ အဲဒီပင်စည်ပုပ်ရောဂါဟာ မှိုကြောင့်ဖြစ်တဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။ ရောဂါဖြစ်စေတဲ့မှိုဟာ အပင်ရဲ့အစိတ်အပိုင်းအားလုံးကို ကျရောက်ပါတယ်။ သို့သော် ပင်စည်မှာ ကျရောက်မှုများပြီးတော့ သီးနှံဆုံးရှုံးပျက်စီးစေတာပါ။ အစောပိုင်း လက္ခဏာအနေနဲ့ကတော့ ပင်စည် အရင်းမှာ ဝါပြီးတော့ အကိုင်း၊ အခက်၊ အရွက်တွေ ခြောက်လာတာကို မြင်တွေ့ရပါမယ်။ အဲဒီနောက်မှာတော့ မြေပြင်နဲ့ ကပ်လျက်ရှိတဲ့ ပင်စည်ပေါ်မှာ အဖြူရောင်မှိုတွေကို တွေ့မြင်ရပါတယ်။ အဲဒီ အဖြူရောင်မှိုတွေဟာနောက်ပိုင်းမှာ အညိုရောင်(သို့) အနက်ရောင်သို့ပြောင်းသွားပြီးတော့ရောဂါကျနေတဲ့ မြေပဲပင်စည်မျက်နှာပြင်ပေါ်မှာ မုံညင်းစေ့အရွယ်အလုံးလေးတွေ ဖြစ်လာတတ်ပါတယ်။ မှိုတွေတဖြည်းဖြည်းပွားလာပြီးတော့ ပင်စည်တစ်ပတ်ပြည့်သွားတဲ့အခါ အပင်တစ်ပင်လုံး သေနိုင်ပါတယ်။ အရွက်တွေကလည်း ညိုမဲပြီးတော့ ညှိုးနွမ်းသွားပါမယ်။ အဲဒီ ညိုမဲနေတဲ့ အရွက်တွေဟာ ကြွေကျသွားခြင်းမရှိပါဘူး။ ရောဂါကျစမှာဆိုရင် ညှိုးနေတဲ့အရွက်တွေဟာ ညဘက်ဆို ပြန်လန်းလာတတ်ပါတယ်။ ရောဂါဖြစ်စေတဲ့မှိုတွေဟာ သီးတောင့်ကိုပါ ပျံ့နှံ့နိုင်ပြီးတော့ သီးတောင့်တွေဝါလာတတ်ပါတယ်။ ရောဂါပြင်းထန်လာတဲ့အခါမှာတော့ သီးတောင့်မျက်နှာပြင်တစ်ခုလုံးမှာ အဖြူရောင်မှိုမျှင်တွေ ဖုံးလွှမ်းသွားပါမယ်။ နောက်ပိုင်းမှာ သီးတောင့်များပုပ်ခြင်း၊ အစေ့အဆံများပုပ်ခြင်းများ ဖြစ်လာနိုင်ပါတယ်။ ဆိုးဆိုးရွားရွားဖျက်ဆီးတတ်တဲ့ရောဂါဖြစ်တဲ့အတွက် ကြိုတင်ကာကွယ်ဖို့ အထူးလိုအပ်ပါတယ်။ - ကြိုတင်ကာကွယ်နည်းများအနေနဲ့ကတော့ - (၁) မျိုးကောင်းမျိုးသန့်ကိုအသုံးပြုပါ - (၂) စိုက်ပျိုးချိန်တွင် လူးနယ်ဆေးတစ်မျိုးမျိုးအသုံးပြုပါ - (၃) သီးနှံမစိုက်ပျိုးမီ စိုက်ခင်းကိုထည်ထိုးထွန်မွှေပေးပါ - (၄) စိုက်ခင်းဝန်းကျင်ရှိ ရောဂါြဖစ်စေသောမှိုများ ခိုအောင်းနိုင်သော ပေါင်းပင်များကိုရှင်းလင်းပါ - (၅) ပေါင်းရှင်းစဉ် မြေပဲပင်များကို ဒါဏ်ရမရအောင် ဂရုစိုက်ပါ - (၆) ရောဂါရအပင်များကို ဖယ်ရှားဖျက်ဆီးပစ်ပါ - (၇) ရောဂါကျရောက်ဖူးသောအခင်းတွင် မြေပဲစိုက်ပျိုးခြင်းကိုရှောင်ကျဉ်ပါ။ ရောဂါကျရောက်လာရင်တော့ အောက်ပါမှိုသတ်ဆေးတစ်မျိုးမျိုးကို အသုံးပြုနိုင်ပါတယ်။ (၁) အဇိုဆီစထရိုဘင် (Azoxystrobin) (၂) ဟိုင်မန်ဇာဇိုးလ် (Hymexazol) - Source: Htwet Toe - ------------ - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ - ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350 - အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
