cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ပဲခူးတိုင်း ဇွန်လ ၁၇ ရက် မှ ဇွန်လ ၂၃ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
မိုးစပါး ပေါင်းပြဿနာအတွက် ရွေးချယ်ပေါင်းသတ်ဆေးသုံးမည်ဆိုပါက စပါးပင် ၁၅-၂၀ ရက်သားမှစတင်ပြီး ပေါင်းရွက် (၂-၄ ရွက်)ထွက်ချိန်တွင်ဖျန်းပါ။ ပေါင်းသတ်ဆေးအတွက် လိုအပ်သောအကြံဉာဏ်များတောင်းခံလိုပါက “ထွက်တိုး”တွင်မေးမြန်းနိုင်ပါတယ်။
  • ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ဆက်လက်ဖြစ်ပေါ်နေဆဲ အထက်လေပွေလှိုင်း(Upper Air Cyclonic Circulation – UACC)ကြောင့် ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်တွေမှာ အနောက်တောင်မုတ်သုံလေသည် ဇွန်လကုန်အထိ အားကောင်းရာမှ အားအလွန်ကောင်းနေနိုင်မယ်လို့ ခန့်မှန်းထားတာကြောင့် - 

    အခုရက်သတ္တပါတ်တစ်ပါတ်အတွင်း ပဲခူးတိုင်းတစ်ခုလုံးမှာ အနောက်တောင်ဘက်မှ မုတ်သုံလေစီးကြောင်းနှင့်အတူ မိုးတိမ်များစဉ်ဆက်မပြတ် ဝင်ရောက်နေပြီး မိုးအသင့်အတင့်(နေ့စဉ်ပျမ်းမျှမိုးရေချိန် ၁.၂ လက်မခန့်)ဆက်လက်ရွာနေနိုင်ပါဦးမယ်။ ပဲခူးတိုင်းအရှေ့ဘက်နဲ့တောင်ဘက်ပိုင်းက ဒေသတွေမှာ မိုးအားပိုကောင်းနိုင်ပြီး ပဲခူးတိုင်းမြောက်ဘက်နဲ့ အနောက်ဘက်ပိုင်းတွေမှာတော့ မိုးအား၊ မိုးရေချိန် လျော့နည်းနိုင်ကြောင်းတွေ့ရပါတယ်။ 

    ပဲခူးတိုင်းအရှေ့ဘက်နဲ့တောင်ဘက်ပိုင်းတွေမှာ ၇ ရက်အတွင်း ရရှိနိုင်မည့်မိုးရေချိန်ပမာဏ ၆ လက်မနှင့် အထက်အထိ ရရှိနိုင်ပြီး၊ ပဲခူးတိုင်းမြောက်ဘက်နဲ့ အနောက်ဘက်ပိုင်းတွေမှာတော့ ၇ ရက်အတွင်းမိုးရေချိန် ပမာဏ ၂ လက်မ အထက် ၃ လက်မခန့်အထိ ရရှိနိုင်ပါတယ်။ 

    ပဲခူးတိုင်းတစ်ခုလုံးအတွက် တောင်ဘက်အရပ်မှ ပျမ်းမျှလေတိုက်နှုန်း တစ်နာရီ ၅ မိုင်မှ ၁၅ မိုင်ခန့် ရှိနိုင်ပြီး၊ အမြင့်ဆုံးနေ့အပူချိန် ၃၀°C နဲ့ အနိမ့်ဆုံးည အပူချိန် ၂၅°C ရှိနေနိုင်ပြီး လေထုစိုထိုင်းဆ ၉၀% မှ ၁၀၀% ရှိနေနိုင်ပါမယ်။ လေထုစိုထိုင်းဆမြင့်မားတာကြောင့် နေသာပြီးလေငြိမ်သွားတဲ့အချိန်တွေမှာ ခံစားရတဲ့ အပူချိန် Feels-like Temperature 35°C အထိရှိနိုင်/ပူအိုက်နေနိုင်ပါတယ်။ 

    ပဲခူးတိုင်းအတွင်း နေ့စဉ်မိုးဆက်လက်ရွာနေနိုင်သေးတာကြောင့် ဆေးဖြန်းနိုင်မဲ့အချိန်(spray window ပွင့်တဲ့နေသာချိန်)လည်း နည်းနေမှာကြောင့် ဆေးဖြန်းရန်သင့်လျှော်မှုမရှိ(မရှိ)တဲ့ရက်တွေ များနိုင်ပါမယ်။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မိုးစပါးစိုက်တောင်သူများထံသို့.. 

    စိုက်ပျိုးရေးဆိုင်ရာ အကြံပြုချက် 

    • မိုးစပါး ပေါင်းပြဿနာအတွက် ရွေးချယ်ပေါင်းသတ်ဆေးသုံးမည်ဆိုပါက စပါးပင် ၁၅-၂၀ ရက်သားမှစတင်ပြီး ပေါင်းရွက် (၂-၄ ရွက်)ထွက်ချိန်တွင်ဖျန်းပါ။ 
    • ပေါင်းသတ်ဆေးတွင် ပါဝင်သောဆေးပစ္စည်းမှာ တစ်မျိုးတည်းဖြစ်စေ၊ နှစ်မျိုးဖြစ်စေ စပါးခင်းထဲတွင်ပေါက်နေသမျှပေါင်းတိုင်းကိုတော့ သေစေမှာမဟုတ်ပါဘူး။ 
    • ကိုယ့်စိုက်ခင်းထဲမှာပေါက်နေတဲ့ဘယ်ပေါင်းက အဆိုးဆုံးဖြစ်လဲဆိုတာကိုစဥ်းစားပြီးမှ ဆေးကိုရွေးချယ်ပါ။ 
    • လိုအပ်သောပေါင်းနှိမ်နင်းခြင်းကိုပြုလုပ်ပြီးမှ မြေဩဇာကိုထည့်သွင်းပေးပါ။ 
    • ပေါင်းသတ်ဆေးများကို ကိုယ့်စိတ်ကြိုက်ရောစပ်သုံးစွဲခြင်းများမပြုလုပ်ပါနဲ့။ 
    • ဆေးမဖျန်းခင် မိုးရွာသွန်းနိုင်ချေရှိ၊မရှိ သေချာစစ်ဆေးပေးပါ။ 
    • ပေါင်းသတ်ဆေးအတွက် လိုအပ်သောအကြံဉာဏ်များတောင်းခံလိုပါက “ထွက်တိုး”တွင်မေးမြန်းနိုင်ပါတယ်။ 

    ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်   

    ကန်အတွင်းမွေးမြူထားသော ငါးများသည် ကန်ရေ အရည်အသွေးကောင်းမွန်ပါက သွားလာ လှုပ်ရှားခြင်း၊ အစာစားခြင်း၊ ရောဂါ ကျရောက်မှုနည်းပါးခြင်းနှင့် ငါးများအပေါ် ဖိစီးမှုနည်းခြင်းများ ဖြစ်ပေါ် စေပါသည်။ ငါးကန် အရည်အသွေးကျဆင်းပါက အစာစားနှုန်းကျဆင်းပြီး ငါးများတွင် အင်အားချိနဲ့လာပါ သည်။ ထို့အပြင် ငါးများအပေါ် ဖိစီးမှုများ ရှိလာပြီး ရောဂါဝင်ရောက်မှုလည်း မြန်ဆန်လာပါသည်။  

    • ငါးမွေးမြူရေးလုပ်ငန်းစဉ်တွင် ရေ၏ချဉ်ဖန်နှုန်းသည် ၆ မှ ၉ အတွင်းမွေးမြူနိုင်ခြင်း၊  
    • ကန်ရေ၏အပူချိန်သည် ၂၅ ဒီဂရီစင်တီဂရိတ်မှ ၃၂ဒီဂရီစင်တီဂရိတ်အတွင်း ရှိရပါမည်။  
    • ရေကြည်နှုန်းသည် ၁၂လက်မမှ ၁၈လက်မ အတွင်း ရှိရမည်ဖြစ်ပြီး ၊  
    • ပျော်ဝင်အောက်စီဂျင်သည်  ၃ပီပီအမ်မှ ၅ပီပီအမ် အတွင်းရှိရမည်ဟု သတ်မှတ်ကြပါသည်။  

    ဆက်လက်ပြီး ရေလုပ်ငန်းနှင့် ပတ်သတ်ပြီး အကြံဉာဏ်များ ရယူလိုပါက ထွက်တိုးဆော့ဝဲလ်တွင်မေးမြန်းနိုင်ပါသည်။   

    ---------------   

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12   

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို   

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.   

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
3
comments
0
views
4722