cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

မကွေးတိုင်း ဇွန်လ ၁၈ ရက် မှ ဇွန်လ ၂၄ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
မကွေးတိုင်းအရှေ့တောင်ဘက်မှ တောင်တွင်းကြီး၊ သရက် စသည့်မြို့နယ်များတွင် မိုးပိုနိုင်(မိုးအသင့်အတင့်မှ မိုးများနိုင်)ပြီး၊ မကွေး၊ မင်းဘူး၊ ရေနံချောင်း၊ ချောက် စသည်မြို့နယ်များတွင် မိုးရွာသွန်းမှုလျော့နည်း (မိုးအနည်းငယ်သာ ရွာနိုင်)ပါတယ်။
  • ဘင်္ဂလားဒေ့ရှ်နှင့်အိန္ဒိယနယ်စပ်ကုန်းတွင်း (ကုန်းမြေပေါ်)တွင် ဆက်လက်ဖြစ်ပေါ်နေတဲ့ အထက်လေပွေလှိုင်းသည် ၁၇ ရက်နေ့ နံနက်ပိုင်းက လေဖိအားနည်းရပ်ဝန်းအဖြစ် ပိုမိုအားကောင်းလာပြီး တောင်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ကြောင်း ခန့်မှန်းထားပါတယ်။  

    • အဲ့ဒီလေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် အနောက်တောင်မုတ်သုံလေအားကောင်းနေပြီး၊ ရခိုင်ရိုးမကိုဖြတ်ကျော်တိုက်ခတ်လာသည့် မုတ်သုံလေစီးကြောင်းနှင့်ပါလာသည့် မိုးတိမ်များသည် - 
    • မကွေးတိုင်းအနောက်ခြမ်းမှ ရခိုင်ရိုးမနှင့်ကပ်လျှက်ရှိသည့် ဂန့်ဂေါ၊ ထီးလင်း၊ ကျောက်ထု၊ ဆော၊ စေတုတ္တရာ၊ ငဖဲ မြို့နယ်များနှင့် 
    • မကွေးတိုင်းအရှေ့တောင်ဘက်မှ တောင်တွင်းကြီး၊ သရက် စသည့်မြို့နယ်များတွင် မိုးပိုနိုင်(မိုးအသင့်အတင့်မှ မိုးများနိုင်)ပြီး၊ 
    • မကွေး၊ မင်းဘူး၊ ရေနံချောင်း၊ ချောက် စသည်မြို့နယ်များတွင် မိုးရွာသွန်းမှုလျော့နည်း (မိုးအနည်းငယ်သာ ရွာနိုင်)ပါတယ်။ 

    မကွေးတိုင်းအတွင်းမှ ရခိုင်ရိုးမနှင့်ကပ်လျက် မြို့နယ်များတွင် ဇွန်လ လကုန်ပိုင်းအချိန်များမှာ မိုးများနိုင်တာလဲ တွေ့ရပါတယ် - (နောက်တစ်ပတ် ခန့်မှန်းချက်မှာ အသေးစိတ်ထပ်မံ၍ ဖော်ပြပေးပါမယ်)။ ဇွန်လ ၂၂ ရက်နောက်ပိုင်းတွင် နေသာချိန်/နေပွင့်ချိန် အနည်းငယ်ပိုလာနိုင်ပါမယ်။။ 

    မကွေးတိုင်းအတွင်း တောင်ဘက်မှ တိုက်ခတ်လာသည့်လေတိုက်နှုန်း တစ်နာရီ ၅ မိုင်မှ ၂၅ မိုင်ခန့်အထိရှိနိုင်ပြီး၊ 

    နေ့အပူချိန် အမြင့်ဆုံး ၃၀°C နှင့် အနိမ့်ဆုံး ညအပူချိန် ၂၅°C ခန့် ရှိနိုင်ပါမယ်။  

    မိုးရွာသွန်းမှုလျော့နည်းနေမည့် မကွေး၊ မင်းဘူး၊ ရေနံချောင်း၊ ချောက် စသည်မြို့နယ်များတွင် လေထုစိုထိုင်းဆ ၆၀% မှ ၇၀% အထိရှိနေနိုင်ပြီး မိုးပိုသည့်မြို့နယ်/ခရိုင်များတွင် လေထုစိုထိုင်းဆ ၉၀% မှ ၁၀၀% အထိရှိနေနိုင်ကာ လေငြိမ်သည့်အချိန်များတွင် ခံစားရသည့်အပူချိန် ၃၆°C အထိရှိနိုင်ပါမယ်။ မကွေးတိုင်း၏ လေထုညစ်ညမ်းမှုအခြေအနေ "GOOD"(ကောင်း) နေပြီး ဇွန်လ လကုန်အထိ အန္တရာယ်ရှိနိုင်သည့် အခြေအနေမရှိပါ။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    မကွေးတိုင်းဒေသကြီးအတွင်း မိုးစပါးစိုက်ပျိုးတောင်သူများအတွက် စိုက်ပျိုးရေးအကြံပေးချက် 

    မကွေးတိုင်းဒေသကြီးအတွင်း မိုးစပါးစိုက်ပျိုးတောင်သူများသတိထားကာကွယ်ရမည့် စပါးရွက်လိပ်အိမ်ပိုးသည် စပါးပင်ငယ်များ၏ အရွက်များကို ကိုက်ဖြတ်ပြီး ရွက်ပြတ်များဖြင့် ဖျာလိပ်ပုံသဏ္ဍာန်အိမ်များ ပြုလုပ်ကာ စပါးရွက်၏ အစိမ်းရောင် တစ်သျှူးသားများကို ခြစ်ယူပြီးစားသောက်တတ်ကြပါတယ်။ ကာကွယ်နှိမ်နင်းနည်းလမ်းများမှာ - 

    • စပါးပင် စိပ်စိပ်မစိုက်ရ။ (ကြဲကြဲစိုက်ခြင်းဖြင့် လေဝင်လေထွက်ကောင်းစေပါတယ်။) 
    • ခိုအောင်းရာ ပေါင်းမြက်များကိုရှင်းလင်းပေးပါ။ 
    • ပိုးစတင်ကျရောက်ပါက ရေထုတ်ပေးပါ။ 
    • နိုင်ထရိုဂျင်မြေသြဇာ အလွန်အကျွံကျေးခြင်းမှ ရှောင်ကြဥ်ပီး N:P:K မြေသြဇာများကို စနစ်တကျအချိုးကျသုံးစွဲပေးပါ။ 
    • ဓာတုဆေးအနေနဲ့ Cartap Hydrochloride နှင့် Carbosulfan ပါဝင်သော ဆေးများအား တစ်ပတ်ခြား တစ်ကြိမ်စီ ပက်ဖျန်းပေးပါ။ 

    ငါး၊ ပုစွန်ကန်များ ရေကြည်နှုန်းတာတိုင်းခြင်း အကြံပြုချက် 

    မွေးကန်များ ရေကြည်နှုန်းတိုင်းတာရာတွင် secchi disk ကိရိယာကို ကန်အတွင်းသို့ ချလိုက်ပါ။ စက်ဝန်းပြားရှိ အဖြူ နှင့်အမဲရောင် ကို ရေးရေးလေးမြင်ရချိန်တွင် ၊ မိမိကိုင်ထားသော သစ်သားပြားမှ ကန်ရေမျက်နှာပြင်ထိနေသော နေရာအမှတ်အသားကိုကြည့်လိုက်ပါ။ 

    အဆိုပါအမှတ်အသားသည် မိမိကန်၏ ရေ ကြည်နှုန်း အမှတ်ဖြစ်ပါသည်။ 

    ရေကြည်နှုန်း ၁၀ လက်မ ထက်နည်းနေလျှင် အစာကျွေးခြင်းကို ရပ်တန့်ရမည်။ 

    ပုံမှန်အစာကျွေးခြင်းကို (၁၀ - ၁၄ လက်မ) ရေကြည်နှုန်းဖြစ်လျှင် ပြုလုပ်နိုင်သည်။ 

    ရေကြည်နှုန်း ၂၃လက်မ အထက်ဖြင့်တက်နေပါက အစာကျွေးနှုန်းကို နဂိုထက်ပို၍မြှင့်တင်ပေးရမည်။ 

    ---------------   

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12   

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို   

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.   

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
3
comments
0
views
4068