ထူးခြားသောမိုးလေဝသအခြေအနေများ နှင့် စိုက်/မွေးအကြံပြုချက်
- ၂ဝ၂၅ ခုနှစ်၊ ဇွန်လ ၁၈ ရက် မှ ဇွန်လ ၂၄ ရက် နေ့အထိ ၇ ရက်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် - ရန်ကုန်တိုင်း အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၇၅) ရာခိုင်နှုန်း မှ (၉၇) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ ဇွန်လ ၁၈၊ ၁၉၊ ၂၀၊ ၂၁၊ ၂၂ ရက်နေ့ တွေမှာ မိုးရွာရန် ရာခိုင်နှုန်း ၉၀ ရာခိုင်နှုန်း နှင့် အထက်မှာ ရှိနိုင်ပါတယ်။ ကျန်ရက်တွေမှာမှာတော့ မိုးရွာရန် ၇၉ ရာခိုင်နှုန်းအောက်မှာ ရှိနိုင်ပါတယ်။ ပျမ်းမျှအပူချိန်တွေကတော့ အမြင့်ဆုံး အပူချိန် ၃၁°C နှင့် အနိမ့်ဆုံးအပူချိန် ၂၅°C ရှိနိုင်ပါတယ် ခင်ဗျာ။ - မန္တလေးတိုင်း အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၅၅) ရာခိုင်နှုန်း မှ (၈၀) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ ဇွန်လ ၃၁ ရက်တွေ မှာတော့ မိုးရွာရန် ၈၀ ရာခိုင်နှုန်း မှာ ရှိနိုင်ပြီး ကျန်ရက်တွေမှာတော့ မိုးရွာရန် ၇၅ ရာခိုင်နှုန်းအောက်မှာ ရှိနိုင်ပါတယ်။ ပျမ်းမျှအပူချိန်တွေကတော့ အမြင့်ဆုံး အပူချိန် ၃၃°C နှင့် အနိမ့်ဆုံးအပူချိန် ၂၅°C ရှိနိုင်ပါတယ် ခင်ဗျာ။ - နေပြည်တော် အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၇၅) ရာခိုင်နှုန်း မှ (၉၄) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ဇွန်လ ၁၈၊၁၉၊ ၂၀၊ ၂၁ ရက်နေ့မှာတော့ မိုးရွာရန် ၉၀ ရာနှုန်းနှင့်အထက်မှာ ရှိနိုင်ပြီး ဇွန်လ ၂၂၊ ၂၃၊ ၂၄ ရက်နေ့တွေမှာတော့ မိုးရွာရန် ၈၆ ရာခိုင်နှုန်းအောက် မှာ ရှိနိုင်ပါတယ်။ ပျမ်းမျှအပူချိန်တွေကတော့ အမြင့်ဆုံး အပူချိန် ၃၃°C နှင့် အနိမ့်ဆုံးအပူချိန် ၂၄°C ရှိနိုင်ပါတယ် ခင်ဗျာ။ - တောင်ကြီး အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၀) ရာခိုင်နှုန်း မှ (၈၂) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ ဇွန်လ ၂၀၊ ၂၃၊ ၂၄ ရက်နေ့မှာ မိုးရွာရန် ရာခိုင်နှုန်း ၇၀-၈၀-၈၂°C ရှိနိုင်ပြီး ကျန် ရက်နေ့တွေမှာတော့ မိုးရွာရန် ၅၅ ရာခိုင်နှုန်းအောက်မှာ ရှိ နိုင်ပါတယ်။ ပျမ်းမျှအပူချိန်တွေကတော့ အမြင့်ဆုံး အပူချိန် ၂၄°C နှင့် အနိမ့်ဆုံးအပူချိန် ၁၆°C ရှိနိုင်ပါတယ် ခင်ဗျာ။ - မကွေးတိုင်း အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၅၆) ရာခိုင်နှုန်း မှ (၉၂) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ ဇွန်လ ၁၈၊ ၂၂ ရက်နေ့မှာ မိုးရွာရန်ရာနှုန်း ၉၀ နှင့်အထက်မှာ ရှိနိုင်ပါတယ်။ ကျန်ရက်တွေမှာတော့ မိုးရွာရန် ၈၀ ရာခိုင်နှုန်း အောက်မှာရှိနိုင်ပါတယ်။ ပျမ်းမျှအပူချိန်တွေကတော့ အမြင့်ဆုံး အပူချိန် ၃၃°C နှင့် အနိမ့်ဆုံးအပူချိန် ၂၄°C ရှိနိုင်ပါတယ် ခင်ဗျာ။ - ဧရာဝတီတိုင်း၊ ပုသိမ်အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၅) ရာခိုင်နှုန်း မှ (၉၈) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ ဇွန်လ ၁၉၊ ၂၀၊ ၂၂ ရက်တွေ မှာတော့ မိုးရွာရန် ၉၀ ရာခိုင်နှုန်းနှင့်အထက်မှာ ရှိနိုင်ပါတယ်။ ပျမ်းမျှအပူချိန်တွေကတော့ အမြင့်ဆုံး အပူချိန် ၃၁°C နှင့် အနိမ့်ဆုံးအပူချိန် ၂၄°C ရှိနိုင်ပါတယ် ခင်ဗျာ။ - ထူးခြားသောမိုးလေဝသအခြေအနေများ - ဘင်္ဂလားဒေ့ရှ်-အိန္ဒိယနယ်စပ်တွင် ဆက်လက်တည်ရှိနေသော အထက်လေပွေလှိုင်း- - အားကောင်းနေသည့် အနောက်တောင်မုတ်သုံလေ၊ - မြန်မာနိုင်ငံပေါ်မှာမုတ်သုံမြောင်တန်း(Monsoon Trough)ဖြတ်သန်းနေခြင်း - စသည့် ထူးခြားသောမိုးလေဝသအခြေအနေတို့ကြောင့် -ဇွန်လ ၁၇ ရက် နေ့လည် ၁၂ နာရီမှ ဇွန်လ ၁၉ ရက် နေ့လည် ၁၂ နာရီအထိ ရခိုင်ပြည်နယ်၊ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း/ အရှေ့ပိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် မိုးအသင့်အတင့်မှ မိုးများနိုင်မည်။ - စိုက်ပျိုးရေးဆိုင်ရာ အသေးစိတ် အကြံပြုချက် - မိုးစပါးစိုက်တောင်သူများအတွက် ပေါင်းနှိမ်နင်းခြင်းနှင့် ရွှေခရုကာကွယ်နှိမ်နင်းနည်းများကို အသေးစိတ်အကြံပြုဆွေးနွေးပေးလိုက်ပါတယ်။ - မိုးစပါးအတွက် ရွေးချယ်ပေါင်းသတ်ဆေးအသုံးပြုလိုသော တောင်သူများအနေဖြင့် စပါးစိုက်ပြီး ၁၅ ရက်သားမှ စတင်၍ ပေါင်းရွက် (၂-၄ ရွက်)ထွက်ချိန်တွင် စတင်အသုံးပြုနိုင်ပါတယ်။ - မြက်အုပ်စုပေါင်းများအတွက် ရွေးချယ်နိုင်သောဆေး Ai များမှာ- Cyhalofop butyl, Fenoxaprop-p-ethyl - ၁ နှစ်ခံမြက်နှင့် မြက်မုန်ညင်းအချို့အတွက်- Bispyribac sodium - ရွက်ပြန့်ပေါင်းများအတွက် - Ethoxysulfuron, Phenoxsulam, 2,4D စတဲ့ဆေးအစွမ်းရှိပစ္စည်းများကိုရွေးချယ်အသုံးပြုနိုင်ပါတယ်။ - ရွှေခရုကျရောက်နေသော စိုက်ခင်းများအနေဖြင့် ကျိုချက်ထားသော ဆန်ကွဲ ၂ပြည်ကို Niclosamide 150 g နှုန်းနဲ့ရောပြီးတစ်ညထားပါ၊ - နောက်တစ်နေ့ မနက်စောစောမှာကြဲပက်ပေးပါ။ ဖျန်းတာထက် မျှားစာအနေနဲ့ကြဲပက်တာက အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ - တစ်ခုသိထားရမှာက ရွှေခရုကိုနှိမ်နင်းမယ်ဆိုရင် ဆေးတစ်မျိုးတည်းကိုလုံးဝ လုံးဝအားကိုးလို့မရပါဘူး။ - ရေထုတ် ဇကာပိုက်နဲ့စစ်ခြင်း၊ ဝါးတိုင်ထောင်ပြီး ခရုဥတွေကိုကြိတ်ချေဖျက်ဆီးပစ်ခြင်း၊ မျှားစာချခြင်း စတဲ့ဘက်စုံကာကွယ်နှိမ်နင်းနည်းများကို မဖြစ်မနေအသုံးပြုသင့်ပါတယ်။ - ငါး၊ ပုစွန်ကန်များ ရေကြည်နှုန်းတာတိုင်းခြင်း အကြံပြုချက် - မွေးကန်များ ရေကြည်နှုန်းတိုင်းတာရာတွင် secchi disk ကိရိယာကို ကန်အတွင်းသို့ ချလိုက်ပါ။ စက်ဝန်းပြားရှိ အဖြူ နှင့်အမဲရောင် ကို ရေးရေးလေးမြင်ရချိန်တွင် ၊ မိမိကိုင်ထားသော သစ်သားပြားမှ ကန်ရေမျက်နှာပြင်ထိနေသော နေရာအမှတ်အသားကိုကြည့်လိုက်ပါ။ - အဆိုပါအမှတ်အသားသည် မိမိကန်၏ ရေ ကြည်နှုန်း အမှတ်ဖြစ်ပါသည်။ - ရေကြည်နှုန်း ၁၀ လက်မ ထက်နည်းနေလျှင် အစာကျွေးခြင်းကို ရပ်တန့်ရမည်။ - ပုံမှန်အစာကျွေးခြင်းကို (၁၀ - ၁၄ လက်မ) ရေကြည်နှုန်းဖြစ်လျှင် ပြုလုပ်နိုင်သည်။ - ရေကြည်နှုန်း ၂၃လက်မ အထက်ဖြင့်တက်နေပါက အစာကျွေးနှုန်းကို နဂိုထက်ပို၍မြှင့်တင်ပေးရမည်။ - စိုက်ပျိုးရေး နှင့် မွေးမြူရေး နည်းပညာများနင့် ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုးကောစင်တာ 09977910000သို့ ဆက်သွယ်နိုင်ပါသည်။ - ကိုးကား။ ဆရာဦးဝင်းနိုင်၊ Accweather - ---------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
