cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

စားအုန်းဆီ အခြေခံရည်ညွှန်းစျေး ဆက်တိုက်ကျဆင်းလာ

. Market News
“စျေးကျလည်း ဆီကို လုံလုံလောက်လောက် မရောင်းပေးနိုင်တော့ ပြင်ပ ပေါက်စျေးကတော့ တက်နေမှာဘဲ၊ လက်လှမ်းမိတဲ့ သူ တချို့ပဲ ရည်ညွှန်းစျေး နဲ့ ရတာ။ ကျန်တဲ့ ပြည်သူတွေက ပြင်ပ ပေါက်စျေး နဲ့ဘဲ ဝယ်ယူသုံးစွဲနေကြရတယ်” ဟု ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့ နယ် နေထိုင်သူတစ်ဦး ပြောပါသည်။
  • စားအုန်းဆီ အခြေခံရည်ညွှန်းဈေး ဆက်တိုက်ကျဆင်းလာသော်လည်း ပြင်ပ ပေါက်စျေး မြင့်တက်နေဆဲ ဖြစ် ကြောင်း စားသုံးသူများထံမှ သိရပါသည်။ ပြီးခဲ့သည့် ဇွန်လ ပထမပတ်က တစ်ပိဿာကို ၆၃၁၀ ကျပ်၊ ဒုတိယ ပတ်က ရည်ညွှန်းစျေး တစ်ပိဿာ ကို ၆၁၅၈ ကျပ်အထိ သတ်မှတ်ခဲ့သော်လည်း ဇွန်လ ၁၆ ရက်နေ့ မှစပြီး ရည်ညွှန်းစျေး တစ်ပိဿာကို ၆၁၁၀ကျပ် ထိ ဆက်တိုက် ကျဆင်းလာတာ တွေ့ရပါသည်။

    ထိုကဲ့သို့ ဆက်တိုက်ကျဆင်းလာသော်လည်း ပြင်ပပေါက်စျေးမှာ တစ်ပိဿာလျှင် ၁၅၀၀၀ မှ ၁၆၀၀၀ နီးပါး အထိ မြင့်တက်နေဆဲဖြစ်ကြောင်း စားသုံးသူများထံမှ သိရပါသည်။ 

    “စျေးကျလည်း ဆီကို လုံလုံလောက်လောက် မရောင်းပေးနိုင်တော့ ပြင်ပ ပေါက်စျေးကတော့ တက်နေမှာဘဲ၊ လက်လှမ်းမိတဲ့ သူ တချို့ပဲ ရည်ညွှန်းစျေး နဲ့ ရတာ။ ကျန်တဲ့ ပြည်သူတွေက ပြင်ပ ပေါက်စျေး နဲ့ဘဲ ဝယ်ယူသုံးစွဲနေကြရတယ်” ဟု ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့ နယ် နေထိုင်သူတစ်ဦး ပြောပါသည်။ 

    ရန်ကုန်တိုင်းအတွင်း၌ စားအုန်းဆီများကို ဖုန်းဆက်မှာယူနိုင်ပြီး မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း' Facebook Pageမှာ ခရိုင်အလိုက်၊ မြို့နယ်အလိုက်မှာယူနိုင်ကြောင်း ကြေငြာထား သော်လည်း စားသုံးသူများ အနေဖြင့် အမှန်တကယ် ဖုန်းဆက်မှာ ယူ၍ မရသောကြောင့် အခက်တွေ့ နေကြောင်းလည်း သိရပါသည်။

    မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်ရ ဆိုင်တစ်ချို့ မှာ စားအုန်းဆီ တစ်ပိဿာလျှင် ၆၃၅၃ ကျပ်ဖြင့် ရောင်းချပေးနေကြောင်း သိရပါသည်။

    စားအုန်ဆီ လုံလောက်စွာဝယ်၍ မရသောကြောင့် ပြင်ပ စျေးကွက်က ရှိနေဦးမည်ဖြစ်ကြောင်း ကုန်သည်များ က သုံးသပ်ကြသည်။ “ကျွန်တော် တို့က ရပ်ကွက်ရုံးမှာ ဆီစာအုပ် လုပ်ထားတဲ့သူတွေကို ရောင်းပေးတာပါ ။ ဆိုင်မှာတော့ အကန့်အသတ်နဲ့ရောင်းပါတယ်။ တစ်ပတ်တစ်ခါ ဖြစ်ဖြစ်၊ ၁၅ ရက်တစ်ခါ ဖြစ်ဖြစ် တစ်နေရာနဲ့ တစ်နေရာ မတူကြဘူး ရောင်းပေးကြတယ်။ အပြင်စျေးကတော့ အရင်လို မြင့်တက်နေတုန်းပါပဲ။ တချို့တွေက ဆီထုတ်ပြီး ပြန်ရောင်းကြတော့ အပြင်စျေးဆိုတာ ဖြစ်လာတာပါ။” ဟု ဆီကိုယ်စားလှယ်ရ အရောင်းဆိုင် တစ်ဆိုင်မှ ပြောပါသည်။

    ပြည်တွင်း ပဲဆီ၊ နှမ်းဆီများမှာလည်း စျေးတန်း တစ်ခုထိ ရှိနေခြင်းကြောင့် စျေးချိုသည့် စားအုန်းဆီကိုသာ အားကိုး ဝယ်ယူ သုံးစွဲနေရကြောင်းလည်း စားသုံးသူများထံမှ သိရပါသည်။

     လက်ရှိတွင် လျှပ်စစ်မီးပြတ်တောက်မှုတွေများကြောင့် ဆီစက်များ ပုံမှန်လည်ပတ်နိုင်ရန် အခက်အခဲများ ရှိခြင်း၊ စက်သုံးဆီစျေးများ မြင့်တက်ခြင်း စသည့် အခက်ခဲများ ကြုံတွေ့နေရကြောင်း စက်လုပ်ငန်းရှင်များထံမှ သိရသည်။

    ပြည်တွင်း၌ စားအုန်းဆီ သုံးစွဲမူ  တစ်နှစ်လျှင် တန်ချိန် ၁၀သိန်းကျော် အထိရှိသောကြောင့် နှစ်စဥ် တန်ချိန် ၆သိန်း မှ၇သိန်းကြားအား မလေးရှားနိုင်ငံ နှင့် အင်ဒိုနီးရှားနိုင်ငံများမှ စားအုန်းဆီများကို အဓိက ထား၍  တင်သွင်းနေရကြောင်းသိရသည်။ 

    ဖိုးချဲ(AMIA)

    --------------  

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12  

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို  

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.  

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
3
comments
0
views
2944