cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ငါးမွေးမြူရေးလုပ်ငန်းတွင် သားစားငါးနှင့် ငါးရိုင်းများ မရှိစေရန် အရေးကြီးပုံ

. Fish Articles
အသားစားငါးများဖြစ်သော ငါးရံ့၊ ငါးခူ၊ ကကတစ် နှင့် ငါးဘတ်များသည် ကန်အတွင်းရောက်ရှိနေ ပါက အဆိုပါ အသားစားငါး (၆၃)ကျပ်သား ကြီးလာစေရန် ကန်အတွင်းရှိ မွေးမြူမည့် ငါးသားပေါက် (၁၀- ၁၂) ကီလိုဂရမ်၊ (၁၀ပိဿာမှ ၁၂ပိဿာ)ကို စားသုံးနိုင်ပါသည်။
  •            ငါးမွေးမြူရေးလုပ်ငန်းတွင် ငါးစတင်မွေးမြူရာတွင် ကန်အတွင်း ငါးသားပေါက်ထည့်သွင်း မွေးမြူ ခြင်းကို စတင်ရပါသည်။ ကန်ပြင်ဆင်ခြင်း လုပ်ငန်းပြီးဆုံးပါက မွေးမြူရေးကန်အတွင်း ရေသွင်းရပါသည်။ အဆိုပါ ပြင်ပရေကို သွင်းယူရာတွင် အချို့သော တောင်သူများသည် ရေစစ်ခံပြီး သွင်းယူခြင်းလည်း ရှိပါသည်။ တောင်သူများ အသုံးပြုသော ရေစစ်သည် ပိုက်စိမ်းကိုသာ အသုံးပြုကြသည်ကို တွေ့ရှိရပါသည်။ အမှန်တကယ် သုံးစွဲရမည့် ရေစစ်မှာ မိုက်ခရွန် (၅၀) သို့မဟုတ် (၁၀၀) ရှိသော ရေစစ်ကို အသုံးပြုမှသာ ပြင်ပမှ အသားစားငါးမျိုးစိတ်ဥများနှင့် ငါးရိုင်းမျိုးစိတ် ဥများ မဝင်ရောက်နိုင်ပါ။ ပိုက်စိမ်းအား ရေစစ်အဖြစ် အသုံးပြုခြင်းဖြင့် ပြင်ပမှ အသားစားငါးနှင့် ငါးရိုင်းမျိုးစိတ်ဥများ ကန်အတွင်းသို့ ရောက်ရှိနိုင်ပါသည်။

               အသားစားငါးများဖြစ်သော ငါးရံ့၊ ငါးခူ၊ ကကတစ် နှင့် ငါးဘတ်များသည် ကန်အတွင်းရောက်ရှိနေ ပါက အဆိုပါ အသားစားငါး (၆၃)ကျပ်သား ကြီးလာစေရန် ကန်အတွင်းရှိ မွေးမြူမည့် ငါးသားပေါက် (၁၀- ၁၂) ကီလိုဂရမ်၊ (၁၀ပိဿာမှ ၁၂ပိဿာ)ကို စားသုံးနိုင်ပါသည်။

               အသားငါးမဟုတ်သော အခြားသော ငါးရိုင်းများသည် ကန်အတွင်းရောက်ရှိနေပါက မွေးမြူမည့်ငါး များကို မစားနိုင်သော်လည်း ကန်အတွင်းရှိ သဘာဝအစာများဖြစ်သော အပင်မျှောလှေးနှင့် အကောင်မျှော လှေးများကို စားသုံးသည့်အပြင် ဖြည့်စွက်စာများပါက စားသုံးမည်ဖြစ်ပါသည်။ ထို့ကြောင့် ကန်အတွင်း မိမိ တို့ မွေးမြူထားသော ငါးများအတွက် အစာဆုံးရှုံးမှုကို ဖြစ်စေပါသည်။

               ထို့ကြောင့် ငါးမွေးတောင်သူများအနေဖြင့် ကန်အတွင်း ငါးသားပေါက်များမထည့်မှီ ကန်အတွင်းရှိ သားစားငါး နှင့် ငါးရိုင်းများကို ဖယ်ရှားပေးရန် အထူး လိုအပ်ပါသည်။ သို့မှသာ မွေးမြူထားသော ငါးများရှင် သန်နှုန်းကောင်းပြီး အစာဝလင်စွာ စားနိုင်ပါမည်။ ငါးထုတ်လုပ်မှု မြင့်မားလာနိုင်ပါမည်။

               သားစားငါးနှင့် ငါးရိုင်းများဖယ်ရှားရာတွင် ကန်အတွင်းပိုက်စိတ်ဖြင့် အကြိမ်ကြိမ် အဖန်ဖန်ဖမ်းဆီး ခြင်း လုပ်ဆောင်နိုင်ပါသည်။ ကန်အတွင်းသို့ လက်ဖက်စေ့ကြိတ်ဖတ် (သို့မဟုတ်) ဟုမ်းမြစ်တို့ကို သုံးခြင်း ဖြင့်ဖယ်ရှားနိုင်ပါသည်။ နောက်ဆုံးအဆင့်အနေဖြင့် ရိုတီနှုန်း ငါးသတ်ဆေးကို အသုံးပြနိုင်ပါသည်။အစိမ်း ရောင်ငါးမွေးမြူရေးလုပ်ငန်းဖြစ်စေရန်အတွက် ဓာတုဆေးဝါးများကို ရှောင်ရှားလိုပါက ငါးရိုင်းနှင့် သားစား ငါး ကင်းဝေးစေရန် အောက်ပါအတိုင်း အကြံပြုအပ်ပါသည်။

               ငါးမွေးမြူရေးကန် တစ်ဧက မွေးမြူလိုပါက ရေစစ်ကန်ကို တစ်ဧက၏ သုံးပုံတစ်ပုံကို ထားရှိရပါမည်။ ရေစစ်ကန်အတွင်းသို့ ရေဖြည့်ပြီးမှ (၃)ရက်ခန့်အကြာတွင် အဆိုပါရေစစ်ကန်မှ အပေါ်ယံ ရေကို ရေစစ်ဖြင့် တဖြည်းဖြည်းခြင်း မွေးမြူမည့် ကန်သို့ ပြောင်းထည့်ပေးပါ။ မွေးမြူရေး ကန်သို့ ရောက်ရှိသောရေတွင် အနယ် အနှစ်ကင်းပြီး ၊ မလိုလားအပ်သော အဆိပ်ဓာတ်ငွေ့များလည်း ကင်းစင်ပါမည်။ သားစားငါး နှင့် ငါး ရိုင်းဥများလည်း မပါနိုင်ပါ။ ရေစစ်ကန်ကို အသုံးပြုခြင်းဖြင့် ငါးရောဂါလည်း ကင်းဝေးစေနိုင်ကြောင်း တင်ပြအပ်ပါသည်။ ရေစစ်ကန်ဆောင်ရွက်ရန်အတွက် မြေနေရာ မရှိခြင်း နှင့် ကန်တူးရန်ကုန်ကျစရိတ်များ မတတ်နိုင်ပါက မိုက်ခရွန် (၅၀) အနည်းဆုံးထားပြီး ရေစစ်ပိုက်ကို အသုံးပြုပေးပါရန် တင်ပြအပ်ပါသည်။

    ဦးဆန်းအောင်

    ထွက်တိုး

    -------------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes
2
comments
0
views
2034