လတ်ဆတ်သော ငါးတစ်ကောင်၏သွင်ပြင်လက္ခဏာများ
- လတ်ဆတ်သော ငါးတစ်ကောင်၏သွင်ပြင်လက္ခဏာများမှာ အောက်ပါအတိုင်းတွေ့ရှိနိုင်ပါသည် - - ၁။ကိုယ်ခန္ဓာ အနေအထား တောင့်တင်းမာကျောမှုရှိနေခြင်း - ၂။အကြေးခွံ (သို့မဟုတ်)အရေပြား မူလအရောင်အဆင်းရှိနေခြင်း - ၃။အကျိ အချွဲ ပါးပါးလွှာလွှာ ဖုံးအုပ်လျှက်ရှိခြင်း - ၄။ပါးဟက်မှ သွေးပုတ်များ ယိုစီးမှု့ မကျလာခြင်း - ၅။မျက်စိအိမ်အတွင်းမှ မျက်စိပြူထွက်နေခြင်း - ၆။မျက်စိ အလုံး အဝိုင်း တင်းပြောင်နေခြင်း - ၇။သူငယ်အိမ် မျက်ကြည်လွှာ သည် မူလအရောင်အတိုင်းရှိနေခြင်း - ၈။ ပါးဟက်မျှင်တန်းများ နီရဲနေခြင်း - ၉။ပါးဟက် မျှင်တန်းများကို အကျိ အချွဲ ပါးပါးလေး ဖုံးအုပ်နေခြင်း - ၁၀။ပါးဟက် မျှင်တန်များမှ အနံဆိုးများမထွက်သေးခြင်း - ၁၁။ပါးဟက်တန်နှင့်အမျှင်များ စေးထန်းကြမ်းထော်လာမှု့ မရှိခြင်း - ၁၂။အသားမာကျော၍ လက်နှင့်ဖိကြည့်လျှင် လက်ရာ ထင်ကျန်မှု မရှိခြင်း - ၁၃။ အသားအနံ့ အပုတ်နံ့ မထွက်သေးခြင်း - ၁၄။အသားကိုပိုင်းဖြတ်လေ့လာပါက အသားထုတ် မပျက်စီးသေးခြင်း - ၁၅။အသားနီရဲပြီး သွေးဝင်ရောက်မှု့ အခြေအနေ မရှိသေးခြင်း - ၁၆။ဝမ်းဗိုက်သား မပျော့သေးခြင်း - ၁၇။ကိုယ်တွင်းအစာလမ်းကြောင်းအဖွဲ့ ပုံစံ မပျက်သေးခြင်း - ၁၈။ကိုတွင်း အစာလမ်းကြောင်း အဖွဲ့တို့မှ အနံ့ထွက်ခြင်း သွေးထွက်ခြင်း မရှိသေးခြင်း - ငါးပုစွန်များသည် အပူချိန် နည်းလေ ပုတ်သိုးမှုနည်းလေဟု အဆိုရှိပါသည်။ သာမာန်အပူချိန် ၂၅မှ ၃၅ ဒီဂရီစင်တီဂရိတ်တွင် ငါးများသည် ၆ -၈ နာရီအထိသာ မပျက်စီးနိုင်ပါ။ ၂၀ မှ၂၅ ဒီဂရီစင်တီဂရိတ် အတွင်းတွင် ငါးများသည် ၁၂ နာရီမှ ၁၆ နာရီ အထိသာ မပျက်စီးနိုင်ကြောင်း တွေ့ရှိရပါသည်။ - ဦးဆန်းအောင် - ထွက်တိုး - ------------ - ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download - ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 - တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
