cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

မွေးမြူရေးလုပ်ငန်းအတွက်လိုအပ်သော အာဟာရပြည့်ကြွယ် နေဗီယာမြက်စိုက်ပျိုးကြမယ်

. Agriculture Knowledge
မွေးမြူရေးလုပ်ငန်းရှင်များ၊ တစ်ပိုင် တစ်နိုင် မွေးမြူရေး လုပ်ကိုင်ကြသူများအနေဖြင့် မိမိတို့၏ ကျွဲ၊ နွားတိရစ္ဆာန်များ အစာအတွက် အခက်အခဲမဖြစ်ရလေအောင် နေဗီယာမြက်စိုက်ပျိုးခြင်းကို တွင်ကျယ်ထိရောက်စွာ အလေးအနက် ထား စိုက်ပျိုးသင့်သောသီးနှံဖြစ်ပါသည်။
  • နေဗီယာမြက်စိုက်ပျိုးခြင်းသည် တောင်သူတို့အတွက် တစ်ချက်ခုတ်နှစ်ချက်ပြတ်ဟု ဆိုရ ပေမည်။ နွားစာ၊ ကျွဲစာအတွက် စိုက်ပျိုးရင်း ကြက်နှင့်ဝက်ကိုပါ တွဲဖက်မွေးမြူလာနိုင်မည်ဖြစ်သည်။ နေဗီယာမြက်ကို နုပ်နုပ်စဉ်း၊ သို့မဟုတ် ချဉ်ဖတ်လုပ်ပြီး ကြက်နှင့်ဝက်ကိုပါ အစာအဖြစ်ကျွေးနိုင်သောကြောင့် ဖြစ်ပါသည်။ ထို့ပြင် ငါးကိုလည်း ကျွေးနိုင်သောကြောင့် ငါးမွေးမြူရေးကိုပါ တွဲဖက် လုပ်ကိုင်သင့်ပါသည်။ ယခုကဲ့သို့ ကြက်စာစျေး၊ ဝက်စာစျေး ကြီးမြင့်နေသည့်ကာလတွင် နေဗီယာမြက်သည် အဓိကဇာတ်လိုက် ဖြစ်လာပေလိမ့်မည်။ မွေးမြူရေး အတွက် သူမပါလျှင်မပြီး ဆိုတာမျိုး ဖြစ်လာပေလိမ့်မည်။ ကျွဲ၊ နွားတို့အတွက်လည်း ကျွေးနိုင်သလို ကြက်၊ ဝက်များကိုလဲ ကျွေးနိုင်ပါသည်။ ငါးကန်များအတွက် အစာတောင့်ပြုလုပ်၍ ကျွေးလည်း အဆင်ပြေသည့် အတွက် မွေးမြူရေးတွင် အကောင်းဆုံး၊ အလိုအပ်ဆုံးသီးနှံပင်ဟု ဆိုရပေမည်။ 

    နေဗီယာမြက်ကို နွေရာသီတွင် တိရစ္ဆာန်များအတွက် အစာရှာရခက်သူများ၊ ခြံလှောင်စနစ် ဖြင့် မွေးမြူကြသူများ၊ လွှတ်ကျောင်းရန် အဆင်မပြေသူများ၊ အစာစရိတ်သက်သာချင်သူများ၊ တိရစ္ဆာန် အစာအတွက်အဆင့်တက်ပြုပြင်လုပ်ငန်း လုပ်ကိုင်ချင်သူများ၊ မွေးမြူရေးလုပ်ငန်းတွင် တိရစ္ဆာန် အစာများ ရှာရန်ခက်ခဲသူ လုပ်ငန်းရှင်များ နေဗီယာမြက်စိုက်သင့်ပါသည်။ 

    နေဗီယာမြက် စိုက်ပျိုးရာတွင် မြက်မျိုးများကို ထွန်နှစ်စပ်ထွန်ထားသော မြေပေါ် တွင် ပင်ကြားတန်းကြား သုံးပေနှုန်းခြား၍ ၄၅ ဒီဂရီစောင်းထိုး စိုက်လို့၍သော်လည်း ကောင်း သို့မဟုတ် မြေပြင်တွင် စီ၍ မြက်ငုတ်ပေါ်တွင် မြေပါးပါးဖုံးကာ ပျိုးပြီးမှ ပြန်စိုက်၍သော်လည်းကောင်း စိုက်ပျိုးလေ့ရှိ ကြပါသည်။၊ စိုက်ပျိုးသောအခါတွင် တခြားမြက်အမျိုးအစားထက်စာလျှင် မြေအစိုဓာတ် သင့်တင့်မျှတအောင်၊ ရေမဝပ်အောင်၊ ဂရုစိုက်ပေးရမည်။ မြက်မျိုးများကို ရေပေးသွင်း သည့်အခါ ရေဖျန်းစနစ် သို့မဟုတ် ရေမြောင်းစနစ်ဖြင့် သွင်းနိုင်ကြောင်း၊ ရိတ်သိမ်းပြီးချိန်တိုင်း သဘာဝမြေဩဇာ၊ ဓာတ်မြေဩဇာကျွေးပေး၊ မြေဖွ၊ ပေါင်းသင်ပေးမည်ဆိုလျှင် တစ်ကြိမ် စိုက်ပျိုးရုံနှင့် သက်တမ်းကြာ အသုံးပြုနိုင်ပြီး အပင်ပွားနှုန်းကောင်းသော မြက်စိုက်ခင်းကို ရရှိမည် ဖြစ်ကြောင်း လေ့လာသိရှိရသည်။ 

    နေဗီယာမြက် တစ်ဧကစိုက်ပျိုးထားလျှင် နွားအကောင် ၂၀ ခန့်အတွက် တစ်နှစ်ပတ်လုံး ကျွေးရန် လုံလောက်မှုရှိကြောင်း၊ ပရိုတိန်းဓာတ်နှင့် အမျှင်ဓာတ် ပါဝင်မှုကြောင့် ကြီးထွားနှုန်းကောင်း ကြောင်း၊ သာမန်မြက်ထက် တိရစ္ဆာန် ကြီးထွားမှု သုံးဆ ပိုမိုမြန်ဆန်ကြောင်း သိရှိရသည်။ သို့ပါ၍ မွေးမြူရေးလုပ်ကိုင်နေကြသော တောင်သူများ၊ မွေးမြူရေးလုပ်ငန်းရှင်များ၊ တစ်ပိုင် တစ်နိုင် မွေးမြူရေး လုပ်ကိုင်ကြသူများအနေဖြင့် မိမိတို့၏ ကျွဲ၊ နွားတိရစ္ဆာန်များ အစာအတွက် အခက်အခဲမဖြစ်ရလေအောင် နေဗီယာမြက်စိုက်ပျိုးခြင်းကို တွင်ကျယ်ထိရောက်စွာ အလေးအနက် ထား စိုက်ပျိုးသင့်သောသီးနှံဖြစ်ပါသည်။ 

    နေဗီယာမြက် စိုက်ပျိုးထုတ်လုပ် ရောင်းချသူများထံမှ ကိုးကားသည်။ 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 

    ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350 

    အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857 


  • article
  • article
  • article
  • article
likes
21
comments
0
views
4914