cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

လီလီပန်းတွင်ကျရောက်တတ်သော ဘိုထရိုင်းတစ် (Botrytis) ရွက်ခြောက်ရောဂါ

. Diseases
ရောဂါလက္ခဏာမှာ အရွက်ပေါ်တွင် ကနဦးရေစိုနာကွက်မှစတင်ကာ မိုးရေစက်ပုံအညိုရောင်အစက်အပျောက်များအားတွေ့ရှိရပါမည်။ ပြင်းထန်လာပါက အစက်ပျောက်များစုဝေးကာ အဝါရောင်အစင်းကြောင်းများဖြစ်ပေါ်လာပါသည်။
  • လီလီပန်းသည် ယခုအခါအခမ်းအနားများအလှဆင်ရာတွင် အသုံးများသော ပန်းတစ်မျိုး ဖြစ်လာသောကြောင့် ပန်းစိုက်တောင်သူများအကြား ရေပန်းစားလာကြပါတယ်။ လီလီပန်း စိုက်ပျိုးရာ တွင် ကျရောက်လေ့ရှိသော ရောဂါများအနက် လီလီဘိုထရိုင်းတစ် (Botrytis) ရွက်ခြောက်ရောဂါသည် အရွက်များပေါ်တွင် ကျရောက်ပါက ပန်းပွင့်ပွင့်နှုန်းကျဆင်းစေသည့်အပြင် အပွင့်ပေါ်ကျပါက ပန်းပွင့်အရည်အသွေးထိခိုက်စေပြီး စျေးရရှိမှု လျော့နည်းစေတတ်ပါသည်။ ထိုရောဂါကိုဖြစ်စေတတ် သော သက်ရှိမှိုများမှာ Botrytis elliptica and Botrytis cinerea တို့ဖြစ်ပါတယ်။ Botrytis elliptica သည် လီလီပန်း၊ သစ္စာပန်း နှင့် နှင်းပန်းတို့တွင်ကျရောက်စေသော သက်ရှိဖြစ်ပြီး Botrytis cinerea သီးနှံအများစုတွင် ကျရောက်စေတတ်ပါသည်။ ရောဂါလက္ခဏာမှာ အရွက်ပေါ်တွင် ကနဦးရေစိုနာကွက်မှစတင်ကာ မိုးရေစက်ပုံအညိုရောင်အစက်အပျောက်များအားတွေ့ရှိရပါမည်။ ပြင်းထန်လာပါက အစက်ပျောက်များစုဝေးကာ အဝါရောင်အစင်းကြောင်းများဖြစ်ပေါ်လာပါသည်။ ထို့နောက်အရွက်မျက်နှာပြင်တစ်ခုလုံးပျံ့နှံ့ကာ ကြွေကျသွားပါသည်။ အောက်အရွက်များတွင် ပိုမိုကျရောက်လေ့ရှိပြီး ပိုမိုပြင်းထန်လာပါက ပန်းအဖူးများ နှင့် အပွင့် အညှာများအပေါ်ထိ ပျံ့နှံ့လာတတ်ပါသည်။ ကျရောက်သောအစိတ်အပိုင်းများပေါ်တွင် မီးခိုးရောင်မှိုကြပ်ခိုးများ ဖုံးအုပ်ထား သကဲ့သို့ ဖြစ်နေပြီး ပူနွေးစိုစွတ်လာသည်နှင့်အမျှ မှိုစပိုးများပေါက်ဖွားကာ ရောဂါကိုလေမှတဆင့် သယ်ဆောင်ပျံ့နှံ့စေပါသည်။ အပင်များတွင် ၆-၁၂ နာရီကြာ စိုစွတ်နေပြီး အပူချိန် ၅၀ ဒီဂရီစင်တီဂရိတ်မှ ၆၅ ဒီဂရီစင်တီဂရိတ် အကြား ရောက်ရှိနေချိန်တွင် ဘိုထရိုင်းတစ် (Botrytis) ရွက်ခြောက်ရောဂါပိုမိုကျရောက်စေတတ်ပါသည်။ ဘိုထရိုင်းတစ် (Botrytis) ရွက်ခြောက်ရောဂါသည် အရွက် အပွင့်များသာမကပဲ လီလီဥများအထိပါကျရောက်စေတတ်သောကြောင့် စျေးကွက်ကို သိသိသာသာ ထိခိုက်စေသော ရောဂါတစ်မျိုးဖြစ်ပါသည်။ 

    ကာကွယ်နှိမ်နင်းနည်းလမ်းများမှာ -  

    • ပန်းရာသီပြီးချိန်တွင် ရောဂါရပင်ကြွင်းပင်ကျန်များအား သေချာရှင်းလင်းပေးပါ။ 
    • စိုက်ခင်းကို လေဝင်လေထွက်ကောင်းမွန်စေရန် အပင်စိတ်စိတ်စိုက်ခြင်းကိုရှောင်ကြဥ်ပေးပါ။ 
    • စိုက်ခင်းအတွင်း ရေဝပ်ခြင်းမရှိစေရန် သတိပြုပါ။ 
    • မျိုးရင်းဝင်မတူသော အခြားသီးနှံများနှင့် သီးလှည့်စိုက်ပေးပါ။ 
    • ဓာတုဆေးများအသုံးပြုလိုပါက ကြိုတင်ကာကွယ်ဆေးအနေနဲ့ Mancozeb နှင့် Chlorothalonil ကဲ့သို့သော မှိုသတ်ဆေးများပက်ဖျန်းပေးနိုင်ပါသည်။ 
    • ရောဂါစတင်ကျရောက်လာပါက Azoxystrobin , Difenoconazole, Trifloxystrobin, Tebuconazole ကဲ့သို့သော မှိုသတ်ဆေးများပက်ဖျန်းခြင်းဖြင့်ကာကွယ်နိုင်ပါသည်။ 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 

    ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350 

    အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857 


  • article
likes
11
comments
0
views
2920