မိုးများချိန်တွင် သတိထားရမည့် ငရုတ်ဘက်တီးရီးယားပင်ညှိုးရောဂါ
- မိုးရာသီအချိန်ရောက်ရှိလာချိန်တွင် ငရုတ်ပင်များ၌ကျရောက်တတ်သော ရောဂါများအနက် ဘက်တီးရီးယားပင်ညှိုးရောဂါမှာ အရေးကြီးသောရောဂါပင်ဖြစ်သည်။ ရောဂါဖြစ်စေသော သက်ရှိမှာ Ralstonia solanacearum ဖြစ်ပြီး ငရုတ်/ခရမ်းချဥ်မျိုးရင်းဝင်များတွင် အဓိကကျရောက်တတ်ပါသည်။ ငရုတ်စိုက်ခင်းများတွင် ကွက်ကြားသော်လည်းကောင်း စုပြုံ၍သော်လည်းကောင်းကျရောက်လေ့ရှိပြီး အထွက်နှုန်းကို သိသိသာသာခိုက်စေနိုင်သောရောဂါဖြစ်ပါသည်။ အပင်ကြီးများတွင် အောက်အရွက် မှ စ၍ လည်းကောင်း၊ အပင်ငယ်များတွင် အပေါ်အရွက်မှ လည်းကောင်း စတင်ညှိုးလာပြီး ရက်အနည်းငယ် ကြာပါက အရွက်ဝါခြင်းမရှိပဲ တပင်လုံးညှိုးကာ သေသွားတတ်ပါသည်။ ညှိုးသွားသောပင်စည်အားဖြတ်၍ ရေထဲတွင် နှစ်ကြည့်ပါက နို့နှစ်ရောင် ဘက်တီးရီးယား ဆစ်ထုတ်ရည်များ ထွက်ရှိလာသည်ကို သာမာန်မျက်စိဖြင့်ပင် မြင်နိုင်ပါသည်။ ရောဂါဖြစ်စေသော သက်ရှိသည် အခြားသီးနှံပင်များတွင်လည်းကျရောက်တတ်ပြီး မြေထဲတွင်နှစ်ပေါင်းများစွာ ရှင်သန် နေထိုင် နိုင်ပါသည်။ ငရုတ်စိုက်ခင်းအတွင်း အစိုဓာတ်များခြင်း၊ ရေဝပ်ခြင်းများဖြစ်ပါက ရောဂါါ ပြန့်ပွားမှုပိုမိုမြန်ဆန်နိုင်သောကြောင့် ရေမဝပ်စေရန် အထူးသတိပြုရပါမည်။ ငရုတ်ဘက်တီးရီးယား ပင်ညှိုးရောဂါကို ကာကွယ်ရာတွင် လိုက်နာရမည့်အချက်များမှာ မျိုးရင်းမတူညီသောသီးနှံများဖြင့် သီးလှည့်စိုက်ပေးပါ။ အခြားသောလက်ခံပင်များဖြစ်သည့် ပေါင်းမြက်များအားရှင်းလင်းပေးပါ။ နွေထယ်ရေးခံပေးပါ။ ငရုတ်စိုက်ခင်းများအတွင်း ရေဝပ်ခြင်းမရှိစေရန် သတိပြုပါ။ ဓာတု ကာကွယ်ဆေးများအနေဖြင့် ငရုတ်ပျိုးပင်များအား Kasugamycin ဘက်တီးရီးယား/ မှိုသတ်ဆေး စိမ်ပြီးမှ စိုက်ပေးပါ။ ရောဂါပြင်းထန်ပါက Bismerthiazol နှင့် Copper Sulphate တို့ကိုရောစပ်ကာ ၅ ရက် ခြား ၂ ကြိမ်ဖျန်းပေးခြင်းဖြင့် ကာကွယ်နှိမ်နင်းနိုင်ပါသည်။ - သီးနှံကာကွယ်ရေးဦးစီးဌာန (စိုက်ပျိုးရေး) မှကိုးကားသည်။ - ------ - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ - ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350 - အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
