မြေဆောင်ရောဂါများကို လျော့ချရန် ထရိုင်ခိုဒါးမားမှို အသုံးပြု၍ မြေဆွေးပြုလုပ်နည်း
- ထရိုင်ခိုဒါးမားဆိုသည်မှာ အဏုဇီဝမှိုတစ်မျိုးဖြစ်ပါသည်။ မြေဆွေးပြုလုပ်ရာတွင် စိုက်ပျိုးရေးဆိုင်ရာ စွန့်ပစ်ပစ္စည်းများဖြစ်သည့် ကောက်ရိုး၊ ပြောင်းရိုး၊ နှမ်းရိုး၊ ကြံကြိတ်ဖတ် ကဲ့သို့သော ပစ္စည်းများကိုအသုံးပြုနိုင်ပါသည်။ သမားရိုးကျမြေဆွေးများသည် ဆွေးမြည့်ရန်အတွက် ပုံမှန်အားဖြင့် လေးလမှ ငါးလ ခန့်အထိ ကြာမြင့်တတ်ကြပါသည်။ အကျိုးပြုအဏု ဇီဝသက်ရှိကိုအသုံးပြု၍ ဆွေးမြည့်စေမည်ဆိုပါက သုံးပတ်မှ လေးပတ်အထိကြာမြင့်ချိန်ကို လျှော့ချနိုင်မည် ဖြစ်ပါသည်။ ဆဲလူးလို့စ်များကို ချေဖျက်နိုင်သည့် အက်စပါးဂျီးလပ်စ်နှင့် ထရိုင်ခိုဒါးမားမှိုများကို အသုံးပြုမည်ဆိုပါက တစ်လအတွင်းဆွေးမြည့်စေနိုင်ကြောင်း သုတေသနများအရ သိရှိရပါသည်။ ထရိုင်ခိုဒါးမားမှိုများတွင် ပါဝင်သည့် အင်ဇိုင်း တစ်မျိုးသည် ဆဲလူးလို့စ်များကို ကောင်းစွာ ချေဖျက်နိုင်ပါသည်။ ထို့ကြောင့် ထရိုင်ခိုဒါးမား အကျိုးပြုမှိုများကို မြေဆွေးပြုလုပ်ရာတွင် အသုံးပြု သင့်ပါသည်။ - သီးနှံအများစု၏ မြေဆောင်ရောဂါများကျရောက်မှုတွင်လည်း ထရိုင်ခို ဒါးမားမှိုကို အသုံးပြု၍ ရောဂါများကို လျော့ပါး သက်သာစေကြောင်း တွေ့ရှိရပါသည်။ ထရိုင်ခို ဒါးမားမှိုဖြင့်စီရင်ထားသော မြေဆွေးများသည် အပင်များတွင်ဖြစ်စေသော မှိုရောဂါတော်တော် များများကို ကာကွယ်နှိမ်နင်းနိုင်ပါသည်။ ဇီဝမြေဆွေး များသည် ဓာတုမြေဆွေးများကဲ့သို့ အပင်ကို တိုက်ရိုက် အစာကျွေးခြင်းမဟုတ်ဘဲ မြေထဲတွင်ရှိသော အခြား ဗက်တီးရီးယားများနှင့် မှိုများအတွက် ကြားခံပစ္စည်း များအနေဖြင့် အကျိုးပြုနေပါသည်။ ဇီဝမြေဆွေး ထုတ်လုပ်မှုသည် ဓာတုမြေဩဇာများထုတ်လုပ်ခြင်း ထက် ရိုးရှင်းလွယ်ကူပြီး ထုတ်လုပ်မှုကုန်ကျစရိတ် ကို သက်သာစေပါသည်။ - သီးနှံပင်အကြွင်းအကျန်များ၊ ကောက်ရိုး၊ မြောက်ခြောက်များကို အဆွေးမြန်သဖြင့် မြေဆွေးပုံများပြုလုပ်သုံးစွဲရာတွင် အလွန်အသုံးဝင်ပါသည်။ - မြေဆွေးပြုလုပ်သုံးစွဲရာတွင် အလျား ၁၀ ပေ၊ အနံ ၃ပေ၊ အမြင့် ၄ပေ၊ အရွယ်ရှိမြေဆွေးပုံ တစ်ပုံလျှင် GG ထရိုင်ခိုဒါးမားမှိုများ ငါးထုပ်ကို ဖွဲနုနှစ်ပြည်နှင့် သမစွာမွေ၍ အလွှာလိုက်ထည့်ပေးပါ။ ထရိုင်ခိုဒါးမားမှိုများ ၁ဆ ဖွဲနု (၄) ဆသုံးပေးပါ။
- ကောက်ရိုးတစ်ထပ် ထရိုင်ခိုဒါးများနှင့် ဖွဲနုအရော တစ်ထပ်စီပြုလုပ်ပေးပါ။ တစ်လွာပြီးတိုင်း ရေလောင်းပေးဖို့လိုပါမယ်။
- ၄-၅ လွှာ သို့ မဟုတ် ၄ ပေခန့် ပုံပြီး အပေါ်မှ ပလတ်စတစ်ဖြင့် လုံအောင်ဖုံးပါ။ (၄-၅)ရက်ကြာလျှင် မြေဆွေပုံအတွင်းလက်ဖြင့် စမ်းကြည့်၍တအားပူလျှင် အထပ်အောက်လှန်ပေးပါ။
- ခြောက်နေလျှင်ရေဖျန်းပေးပါ။ တစ်လခန့်အကြာသည့်အခါ အသင့်သုံးနိုင်သည့် မြေဆွေး အဖြစ်သို့ရရှိပါသည်။
 - ထရိုင်ခိုဒါးမားမှိုဖြင့်စီရင်ထားသော မြေဆွေးများသည် အပင်များတွင်ဖြစ်စေသော မှိုရောဂါတော်တော်များများကို ကာကွယ်နှိမ်နင်းနိုင်သလို ကုန်ကျစရိတ်များကို လျော့ချစေနိုင်သဖြင့် ဝင်ငွေများလည်း တိုးတက်လာစေမည်ဖြစ်ပါသည်။ - GG - ----------- - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ - အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
