cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

မကွေးတိုင်း ဇွန်လ ၂၅ ရက် မှ ဇူလိုင်လ ၁ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
ဒီတစ်ပါတ်အတွင်းမှာ အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီ မိုင် ၂၀ အထိရှိနိုင်ပြီး၊ အမြင့်ဆုံးနေ့အပူချိန် ၂၉°C နဲ့ အနိမ့်ဆုံး ည အပူချိန် ၂၄°C ရှိနိုင်ပါမယ်။
  • ဇွန်လ ၂၅ ရက်၊ နံနက် ၈ နာရီ - ဘင်္ဂလားပင်လယ်မြောက်ပိုင်းမှာ လေပွေလှိုင်းမှ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်လာနိုင်ပြီး၊ တောင်တရုတ်ပင်လယ်မှာ INVEST-96W က အပူပိုင်းမုန်တိုင်းဖြစ်နိုင်ချေ MEDIUM ဖြစ်လာပါတယ်၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ အခုဖြစ်ပေါ်လာနိုင်တဲ့ အထက်လေပွေလှိုင်း/လေဖိအားနည်းရပ်ဝန်းနဲ့ တောင်တရုတ်ပင်လယ်ဘက်မှာ ဖြစ်နိုင်တဲ့ လေဖိအားနည်းရပ်ဝန်းတွေက ဆိုင်ကလုန်းမုန်တိုင်းအဆင့်၊ တိုင်ဖွန်းမုန်တိုင်းအဆင့်တွေအထိမရောက်နိုင်သော်လည်း၊ အနောက်တောင်မုတ်သုံလေအားကို ပိုမိုကောင်းလာစေမှာဖြစ်ပါတယ်။ 

    အခုတစ်ပါတ်အတွင်းမှာ - 

    ·          မကွေးတိုင်း၊ ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းက သရက်မြို့၊ နတ်မောက်မြို့နဲ့ တောင်တွင်းကြီးမြို့တွေနဲ့ ရခိုင်ရိုးမတောင်ခြေကမြို့အချို့(ဂန့်ဂေါ၊ ထီးလင်း၊ ကျော်ထု၊ ငဖဲ၊ မင်းတုန်း စတဲ့မြို့တွေမှအပ မကွေးမြို့အပါအဝင် မကွေးတိုင်းအလယ်ပိုင်းလွင်ပြင်ကမြို့တွေအတော်များများမှာ ၂၄ နာရီ မိုးရေချိန် ၀.၅ လက်မအထက် “ရွာနိုင်ခြင်းမရှိ၊ မိုးနည်းနေနိုင်”ပါမယ်။ 

    ·          ဇွန်လ ၂၅ ရက် မှ ဇူလိုင် ၁ ရက်အထိ တစ်ပါတ်အတွင်း - ရခိုင်ရိုးမနဲ့ကပ်လျှက် မကွေးတိုင်းအနောက်ခြမ်းဒေသတွေမှာ ၇ ရက်အတွင်း မိုးရေချိန် ၂ လက်မခွဲခန့်အထိ ရွာသွန်းနိုင်ပြီး၊ မကွေးမြို့နဲ့ မင်းဘူး၊ ဆင်ဖြူကျွန်း၊ စကု၊ ဆော စ တဲ့ မြို့တွေအပါအဝင် ဧရာဝတီမြစ်အရှေ့ဘက်ကမ်းက မြို့နယ်တွေမှာ ၇ ရက်အတွင်းရရှိနိုင်တဲ့မိုးရေချိန် ၁ လက်မခွဲမှ ၂ လက် အထက်ရှိနိုင်ပါမယ်။ မကွေးတိုင်းမြောက်ဘက်က ရေနံချောင်း၊ ချောက်၊ ပခုက္ကူ၊ ရေစကြို စတဲ့မြို့နယ်တွေမှာတော့ ၇ ရက်မိုးရေချိန်ရရှိနိုင်ချေ လက်မဝက်(၀.၅ လက်မ)အောက်သာရှိနိုင်ပါမယ်။ 

    ·          ဒီတစ်ပါတ်အတွင်းမှာ အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီ မိုင် ၂၀ အထိရှိနိုင်ပြီး၊ အမြင့်ဆုံးနေ့အပူချိန် ၂၉°C နဲ့ အနိမ့်ဆုံး ည အပူချိန် ၂၄°C ရှိနိုင်ပါမယ်။ 

    ·          လေထုစိုထိုင်းဆ ၆၀% မှ ၉၀% အထိရှိနိုင်ပြီး စိုထိုင်းဆမြင့်တက်နေတဲ့ ဒေသတွေ(မိုးပိုများနိုင်တဲ့ဒေသတွေ)မှာ ခံစားရတဲ့အပူချိန် ၃၄°C အထိရှိနိုင်ကာ ပူအိုက်မှုကို ပိုမိုခံစားရပါမယ်။ 

    ·          လေထုညစ်ညမ်းမှုအညွှန်းကိန်း AQI Index က အမြင့်ဆုံး “၃၀” အထိသာရှိနိုင်တာကြောင့် အန္တရာယ်မရှိပါ။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    ငါးမွေးကန်များအတွက် အကြံပြုချက်  

    ငါးသားပေါက်ကန်အတွင်း ပြင်ပရေ သွင်းရာတွင် အမှန်တကယ် သုံးစွဲရမည့် ရေစစ်မှာ မိုက်ခရွန် (၅၀) သို့မဟုတ် (၁၀၀) ရှိသော ရေစစ်ကို အသုံးပြုမှသာ ပြင်ပမှ အသားစားငါးမျိုးစိတ်ဥများနှင့် ငါးရိုင်းမျိုးစိတ် ဥများ မဝင်ရောက်နိုင်ပါမည်ဖြစ်သည်။ ပိုက်စိမ်းအား ရေစစ်အဖြစ် အသုံးပြုပါက ပြင်ပမှ အသားစားငါးနှင့် ငါးရိုင်းမျိုးစိတ်ဥများ ကန်အတွင်းသို့ ရောက်ရှိနိုင်သည်။  

               အသားစားငါးများဖြစ်သော ငါးရံ့၊ ငါးခူ၊ ကကတစ် နှင့် ငါးဘတ်များသည် ကန်အတွင်းရောက်ရှိနေပါက အဆိုပါ အသားစားငါး (၆၃)ကျပ်သား ကြီးလာစေရန် ကန်အတွင်းရှိ မွေးမြူမည့် ငါးသားပေါက် (၁၀- ၁၂) ကီလိုဂရမ်၊ (၁၀ပိဿာမှ ၁၂ပိဿာ)ကို စားသုံးနိုင်ပါသည်။  

               အသားငါးမဟုတ်သော အခြားသော ငါးရိုင်းများသည် ကန်အတွင်းရောက်ရှိနေပါက မွေးမြူမည့်ငါးများကို မစားနိုင်သော်လည်း ကန်အတွင်းရှိ သဘာဝအစာများဖြစ်သော အပင်မျှောလှေးနှင့် အကောင်မျှောလှေးများကို စားသုံးသည့်အပြင် ဖြည့်စွက်စာများပါက စားသုံးမည်ဖြစ်ပါသည်။ ထို့ကြောင့် ကန်အတွင်း မိမိ တို့ မွေးမြူထားသော ငါးများအတွက် အစာဆုံးရှုံးမှုကို ဖြစ်စေပါသည်။  

    ငါးမွေးမြူရေးနှင့်ပတ်သတ်ပြီး အကြံဉာဏ်ရယူလိုပါက ကောစင်တာနံပါတ် 09977910000 သို့ ဆက်သွယ်နိုင်ပါသည်။  

    -------  

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12  

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို  

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.  

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
5
comments
0
views
3209