cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ပေါ်ဦးပေါ်ဖျားပိန္နဲသီးများ စျေးကွက်ကောင်းမွန်လျက်ရှိ

. Market News
လက်ရှိ ပိန္နဲသီးအား တစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်းကို အများဆုံးပြုလုပ်ကြပြီး စီးပွားဖြစ် စိုက်ပျိုးမှုမှာ နည်းပါးနေ သေးကြောင်း၊ ပိန္နဲပင်မှာ နှစ်ရှည်သီးနှံဖြစ်သည့်အပြင် စိုက်ပျိုးသူများအတွက် အဆင်ပြေသည့် သီးနှံအမျိုးအစား ဖြစ်သောကြောင့် စိုက်ပျိုးသင့်သော သီးနှံအမျိုးအစားတစ်ခုဖြစ်ကြောင်းသိရသည်။
  • မြန်မာနိုင်ငံအတွင်း အစေ့ပျိုး၍ စိုက်ပျိုးသော ပိန္နဲပင်များထွက်ရှိသော အသီးများမှာ မန္တလေးစျေးကွက်အတွင်း အရောင်းအဝယ်ကောင်းမွန်လျက်ရှိကြောင်း စိုက်ပျိုးသူများထံကသိရသည်။

    ဇွန်နှင့်ဇူလိုင်လအတွင်းတွင် လှိုင်လှိုင်ပေါ်လေ့ရှိပြီး အရောင်းအဝယ်မှာလည်း သွက်လက်လျက်ရှိကြောင်း၊ ပိန္နဲပင်များ အကိုင်းကို မြေထုတ်ဆွဲနည်းဖြင့် စိုက်ပျိုးခြင်းနှင့် အစေ့ကိုပျိုး၍ စိုက်ပျိုးခြင်းများဖြင့် စိုက်ပျိုးကြပြီး အ သီးအရွယ်အစားပေါ်မူတည်ကာ စျေးနှုန်းကွာခြားမှုရှိကြောင်း သိရသည်။

    `` ဒီအချိန်က လှိုင်လှိုင်ပေါ်တဲ့အချိန်ဖြစ်တယ်၊ ကြိုက်နှစ်သက်တဲ့သူလည်းများတဲ့အတွက် အရောင်းအဝယ် တော်တော်လေးကောင်းပါတယ်၊ အသီးအရွယ်အစားပေါ်မူတည်ပြီး စျေးနှုန်းကျပ် ၉၀၀၀-၁၀၀၀၀ ကနေ ကျပ် ၃၀၀၀၀ လောက်ထိ စျေးနှုန်းရှိတယ်ဗျ၊ ဒီနှစ်ကစျေးနှုန်းကလည်းအဆင်ပြေတဲ့အတွက် စိုက်ပျိုးသူတွေ တွက် ချေကိုက်ကြပါတယ်၊``ဟု ပိန္နဲပင်စိုက်ပျိုးသူတစ်ဦးကပြောသည်။

    ပိန္နဲသီးအား မမှည့်ခင်တွင် ဟင်းအဖြစ်ချက်စားခြင်း၊ အတို့အမြှုပ်ပြုလုပ်၍စားသုံးခြင်းနှင့် ပိန္နဲသီးမှည့်အား အဆံ လိုက်စားသုံးခြင်းများကိုပြုလုပ်ကြကြောင်း၊ ပိန္နဲသီးစားသုံးခြင်းကြောင့် လေဖြတ်ခြင်း၊ သွေကြောကျဉ်းခြင်း၊ အူမ ကြီးကင်ဆာနှင့် နှလုံးရပ်ခြင်း ရောဂါများ၊ အရိုးကိုသန်မာစေခြင်းနှင့် ဆီချိုရောဖြစ်နိုင်ချေကိုလည်း နည်းပါး စေကြောင်း မြန်မာ့ဆေးကျမ်းများတွင် ဖော်ပြထားသည်။

    လက်ရှိ ပိန္နဲသီးအား တစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်းကို အများဆုံးပြုလုပ်ကြပြီး စီးပွားဖြစ် စိုက်ပျိုးမှုမှာ နည်းပါးနေ သေးကြောင်း၊ ပိန္နဲပင်မှာ နှစ်ရှည်သီးနှံဖြစ်သည့်အပြင် စိုက်ပျိုးသူများအတွက် အဆင်ပြေသည့် သီးနှံအမျိုးအစား ဖြစ်သောကြောင့် စိုက်ပျိုးသင့်သော သီးနှံအမျိုးအစားတစ်ခုဖြစ်ကြောင်းသိရသည်။

    ရွှေမန်း

    မကွေးဂျာနယ်မှ ကူးယူဖော်ပြပါသည်။

    --------

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
7
comments
1
views
2079