cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ငါးကန် ရေဩဇာကောင်းမွန်ရရှိစေရန် ဆောင်ရွက်ခြင်း

. Fish Articles
ကန်ရေ၏အရောင်သည် အစိမ်းနုရောင် ရှိနေပါက သဘာဝအစာ သင့်တင့်မျှတစွာရှိနေကြာင်းကို ဖော်ပြပြီး၊ အစိမ်းရင့်ရောင်ဖြစ်နေပါ က သဘာဝအစာပေါများစွာရှိနေကြောင်းကို ဖော်ပြပါသည်။ ကန်အတွင်း သဘာဝအစာပေါက်ဖွားခြင်းသည် အလင်းမှီစုဖွဲ့အစာချက်လုပ်ခြင်းမှ ပေါက်ဖွားလာခြင်းဖြစ်ပါသည်။
  •            ငါးမွေးတောင်သူများသည် နှစ်စဉ်ဇွန်လမှစတင်ပြီး ငါးသားပေါက်ထည့်သွင်းမွေးမြူခြင်းလုပ်ငန်းကို ဆောင်ရွက်ကြပါသည်။ ငါးသားပေါက်ထည့်သွင်းပြီး ပဲဖတ်ရည်ပက်ခြင်းကိုလည်း ဆက်လက်ဆောင်ရွက် ကြပါသည်။ ငါးမွေးမြူရေးကာလတစ်လျှောက်လုံး ကန်ရေဩဇာကောင်းစေရန် (တနည်းအားဖြင့် ကန်ရေ၏အရောင်သည် အစိမ်းရောင်) အမြဲဆောင်ရွက်ပေးကြသည်ကို တွေ့ရှိရပါသည်။

               ငါးနှင့်ရေသတ္တဝါအားလုံးသည် သဘာဝအစာ (သက်ရှိအစာ)ကို အခြေခံစားသောက်ကြပါသည်။ သဘာဝအစာဆိုသည်မှာ အပင်မျှောလှေးနှင့် အကောင်မျှောလှေးများဖြစ်ကြပါသည်။ ကန်အတွင်းသဘာဝ အစာ ရှိနေပါက ကန်ရေ၏အရောင်သည် အစိမ်းရောင် ပေါ်ပေါက်နေပါသည်။ ကန်ရေ၏အရောင်သည် အစိမ်းနုရောင် ရှိနေပါက သဘာဝအစာ သင့်တင့်မျှတစွာရှိနေကြာင်းကို ဖော်ပြပြီး၊ အစိမ်းရင့်ရောင်ဖြစ်နေပါ က သဘာဝအစာပေါများစွာရှိနေကြောင်းကို ဖော်ပြပါသည်။ ကန်အတွင်း သဘာဝအစာပေါက်ဖွားခြင်းသည် အလင်းမှီစုဖွဲ့အစာချက်လုပ်ခြင်းမှ ပေါက်ဖွားလာခြင်းဖြစ်ပါသည်။

               ကန်အတွင်း သဘာဝအစာပေါက်ဖွားရန်အတွက် ပဲဖတ်ရည်ပက်ခြင်းလည်း ရရှိနိုင်ပါသည်။ ထို့အပြင် ကြက်ချေး၊ ဝက်ချေး၊ ကျွဲ နွားချေး တို့၏အခြောက်များကို ကန်အတွင်း ထည့်သွင်းခြင်းလည်း ရရှိနိုင်ပါသည်။ ဓါတုမြေဩဇာဖြစ်သော ပုလဲ တီစူပါ ၊ ပိုတက်တို့အပြင် NPK မြေဩဇာကိုလည်း သုံးစွဲနိုင်ပါသည်။ ကန်အတွင်း သဘာဝအစာ လုံလောက်စွာရှိပါက ဖြည့်စွက်စာ( ဖွဲနု၊ ပဲဖတ်နှင့် အစာတောင့်)တို့ကို လျော့ကျွေးနိုင်ပါသည်။ ထို့ကြောင့် ကန်အတွင်းရေဩဇာ ကောင်းမွန်စွာ ရရှိရေးသည် ငါးများအတွက် သဘာဝအစာကောင်း စွာရရှိပြီး ဖြည့်စွက်စာအတွက် ကုန်ကျစရိတ်သက်သာစေပါမည်။

               ကန်အတွင်းသဘာဝအစာ ရရှိစေရန်အတွက် ကန်ပြင်ဆင်ခြင်းလုပ်ငန်းတွင် ထုံးကိုသတ်မှတ်နှုန်းထားအတိုင်း ထည့်သွင်းရန်လည်း လိုအပ်ပါသည်။ ထုံးပက် ရေသွင်းပြီး ကန်ရေ (၂)ပေတွင် ပုလဲ ၊တီစူပါ နှင့် ပိုတက် ဓါတုမြေဩဇာကို အောက်ပါအချိုးအတိုင်း ရောနှောထည့်သွင်းပေးရန် လိုအပ်ပါသည်။ ငါးမွေးကန် တစ်ဧကလျှင် ပုလဲ (၁၂)ပိသာ ၊တီစူပါ (၆)ပိဿာနှင့် ပိုတက်(၃)ပိဿာကို ရောပြီး နေပူချိန် မနက်ပိုင်းတွင် ကန် အတွင်းသို့ နေရာအနှံ့ပက်ပေးပါ။ (၃)၇က်မှ (၇)ရက်အကြာတွင် ကန်ရေသည် အစိမ်းနုရောင် (သို့မဟုတ်) စိမ်းဝါရောင်သို့ပြောင်းလဲလာပါလိမ့်မည်။ အဆိုပါ အခြေအနေတွင် ကန်အတွင်း သဘာဝအစာများပေါက်ဖွားလာခြင်း ဖြစ်ပါသည်။ သဘာဝအစာများပေါက်ဖွားခြင်းအတွက် နေရောင်ခြည်သည် အထူးအရေးကြီးပါသည်။ နေရောင်ခြည် အကူအညီကြောင့် အစာများပေါက်ဖွားလာရခြင်း ဖြစ်ပါသည်။ ထို့ကြောင့် နွေရာသီတွင် နေပူပြင်းသောကြောင့် အစာပေါက်ဖွားနှုန်း ပိုမိုကောင်းမွန်ပြီး အစိမ်းနုရောင်မှ အစိမ်းရင့်ရောင်သို့ အလျှင် အမြန်ပြောင်းလဲလာပါသည်။ မိုးရာသီတွင် နေအလင်းရောင် ရရှိမှုနည်းသောကြောင့် အစိမ်းနု ရောင်သာဖြစ်ပေါပြီး မိုးအဆက်ရွာသွန်ပြီး၊‌ နေရောင်ခြည် ရရှိမှုနည်းခြင်းတို့ကြောင့်လည်း သဘာဝ အစာမပေါက်ဖွားနိုင်ဘဲ လုံးဝပျောက်ကွယ် သွားတတ်ပါသည်။

               NPK မြေဩဇာသုံးလိုပါက တစ်ဧကလျှင် (၇)ပိဿာမှ (၈)ပိဿာအထိ သုံးစွဲရပါမည်။ မိုးကာလတွင် ကန်ရေဩဇာကျဆင်းခြင်းသည် ဖြစ်နိုင်ခြေများသောကြောင့် ကန်ရေဩဇာ ဆက်လက်တည်ရှိနိုင်ရန်အ တွက် ပထမအကြိမ် မြေဩဇာများထည့်သွင်းပြီး၊ ကန်ရေဩဇာ ရရှိပါကလည်း (၂၅)ရက်မှ (၃၀)ရက် ကြာ လျှင် ပထမအကြိမ် ထည့်သွင်းထားသောမြေဩဇာနှုန်း၏ တစ်ဝက်တိတိကို ထည့်မံထည့်သွင်းပေးပါက၊ ရေ ဩဇာမပြတ်ရရှိနေမည်ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။

    ဦးဆန်းအောင်

    ထွက်တိုး

    -------------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes
10
comments
0
views
2545