cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ဝယ်လိုအားများသည့်အတွက် ပြောင်းဈေးမြင့်တက်လာ

. Market News
ပြောင်းဖူးစေ့(ဗမာ) ၅၄ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခင်လအတွင်းက ကျပ် ၈၁,၀၀၀ မှ ၈၂,၀၀၀ ကျပ် ဝန်းကျင် ရှိခဲ့ပြီး ယခုလတွင် ကျပ် ၈၆,၀၀၀ မှ ၈၇,၀၀၀ အထိ ဈေးနှုန်းရှိလာကြောင်း၊ အလားတူ ပြောင်းဖူးစေ့(စီပီ) ၅၄ ပိဿာဝင် ၃ တင်းတစ်အိတ်လျှင် ယခင်လက ကျပ် ၈၃,၀၀၀ မှ ၈၄,၀၀၀ ဝန်းကျင် ရှိခဲ့ပြီး ယခုလတွင် ကျပ် ၈၉,၀၀၀ မှ ၉၀,၀၀၀ ကျပ်အထိ အသီးသီး ဈေးနှုန်းရှိနေတာဖြစ်ကြောင်း သိရပါတယ်။
  • ရန်ကုန်။ ၂၀၂၅၊ ဇွန် ၂၅ ရက်

    ယခု ဇွန်လကုန်ပိုင်းအတွင်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်တွင် ပြောင်းသီးနှံ လက်ကျန်နည်းလာပြီး ဝယ်လိုအား များနေသည့်အတွက် ပြောင်းဈေးမြင့်တက်လာကြောင်း မန္တလေး ပဲ၊ နှမ်း၊ ပြောင်းရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရပါတယ်။

    လက်ရှိတွင် ပြောင်းသီးနှံကို ပြည်တွင်းအစာစက်ရုံများမှ ပုံမှန်ဝယ်ယူနေကြောင်း၊ ပြည်ပသို့ ပြောင်းဆန်တင်ပို့ဖို့အတွက်လည်း ပြောင်းလိုအပ်ချက်ရှိတာကြောင့် ကုန်သည်အများစုမှ ဈေးပေးပြီး ဝယ်ယူနေသည့်အတွက် ပြောင်းဈေးနှုန်းဟာ ဈေးအမြင့်မှာရှိနေတာဖြစ်တယ်လို့လည်း ပြောင်းစိုက်တောင်သူများထံမှ သိရပါတယ်။

    ယင်းကြောင့် ဈေးနှုန်း အနေဖြင့် ပြောင်းဖူးစေ့(ဗမာ) ၅၄ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခင်လအတွင်းက ကျပ် ၈၁,၀၀၀ မှ ၈၂,၀၀၀ ကျပ် ဝန်းကျင် ရှိခဲ့ပြီး ယခုလတွင် ကျပ် ၈၆,၀၀၀ မှ ၈၇,၀၀၀ အထိ ဈေးနှုန်းရှိလာကြောင်း၊ အလားတူ ပြောင်းဖူးစေ့(စီပီ) ၅၄ ပိဿာဝင် ၃ တင်းတစ်အိတ်လျှင် ယခင်လက ကျပ် ၈၃,၀၀၀ မှ ၈၄,၀၀၀ ဝန်းကျင် ရှိခဲ့ပြီး ယခုလတွင် ကျပ် ၈၉,၀၀၀ မှ ၉၀,၀၀၀ ကျပ်အထိ အသီးသီး ဈေးနှုန်းရှိနေတာဖြစ်ကြောင်း သိရပါတယ်။

    အဆိုပါ အခြေအနေကြောင့် ပြောင်းဖူးစေ့(ရှမ်း) ၅၄ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင်လည်း ယခင်လတွင် ကျပ် ၈၄,၅၀၀ မှ ၈၅,၀၀၀ ဝန်းကျင် ရှိခဲ့ပြီး ယခုလတွင် ကျပ် ၈၉,၀၀၀ မှ ၉၀,၀၀၀ အထိ ရှိနေကြောင်းနှင့် လက်ရှိ ရန်ကုန်ဘုရင့်နောင်ဈေးကွက်အတွင်းမှာလည်း ပြောင်းဆန်တစ်ပိဿာလျှင် လက်ကားဈေး ငွေကျပ် ၁၇၅၀ မှ ၁၇၇၀ ကျပ် ဝန်းကျင်ရှိနေတာဖြစ်တယ်လို့လည်း ဘုရင့်နောင်ပြောင်းကုန်သည်များထံမှ သိရပါတယ်။

    မြန်မာနိုင်ငံအနေနဲ့ နှစ်စဉ် ဖေဖော်ဝါရီလမှ ဩဂုတ်လကုန်အထိ အခွန်ကင်းလွတ်ခွင့်ဖြင့် ပြောင်းသီးနှံများကို ထိုင်းနိုင်ငံသို့ တင်ပို့မှုများရှိနေပြီး ရန်ကုန်-ကော့သောင်း-ရနောင်း ရေကြောင်း ကုန်သွယ်မှု လမ်းကြောင်းဖြင့် ရန်ကုန် ဆိပ်ကမ်းများမှ အများဆုံးတင်ပို့နေတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

    ကုန်ခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ ထိုင်းနိုင်ငံသို့ တင်ပို့မှု ရာသီချိန်ကာလအတွင်း ပြောင်းသီးနှံတန်ချိန် ၁ ဒသမ ၈ သန်း တင်ပို့ထားနိုင်ခဲ့သလို ယခုနှစ် အတွင်း ပြောင်းသီးနှံတင်ပို့မှုအနေဖြင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ အနည်းငယ်သာတင်ပို့ခဲ့ပြီး ပင်လယ်ရေကြောင်းကုန်သွယ်ရေး လမ်းကြောင်းမှသာ အများဆုံးတင်ပို့လျက်ရှိတယ်လို့လည်း သိရပါတယ်။

    Myanmar Future News မှ ကူးယူဖော်ပြပါသည်။

    ---------------

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
6
comments
0
views
2273