cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

မန္တလေးတိုင်း ဇွန် ၂၇ ရက် မှ ဇူလိုင် ၃ ရက် အထိ မိုးလေဝသအခြေအနေ

. Weather News
မြန်မာနိုင်ငံပေါ် (မန္တလေးတိုင်းအပါအဝင်)အလယ်ပိုင်းမိုးနည်းရေရှားဒေသများ၌ တိမ်ထုဖြစ်ပေါ်မှု ၅၀% နှင့် ကျန်တစ်နိုင်ငံလုံးတွင် ၉၀% မှ ၁၀၀% ရှိနေကြောင်းတွေ့ရပါတယ်။ မန္တလေးတိုင်းအတွင်း မိုးအနည်းငယ်(၂၄ နာရီအတွင်း အများဆုံး မိုးရေချိန် ၁၃ မီလီမီတာ၊ ၀.၅ လက်မအောက်)ရွာသွန်းနိုင်ပြီး၊
  • ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း၊ ဩရိဿပြည်နယ်နှင့်ဆက်စပ်လျှက်ရှိသည့် အနောက်ဘင်္ဂလားပြည်နယ်ကမ်းရိုးတန်းတွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်လျှက်ရှိပြီး၊ ၎င်း၏ လေပွေလှိုင်းသည် အထက်အမြင့် ၇.၆ ကီလိုမီတာ(ပေ ၂၅,၀၀၀)လေထုလွှာအထိ ဆက်စပ်ဖြစ်ပေါ်နေပြီး (အထက်လေပွေလှိုင်းဆက်စပ်ဖြစ်ပေါ်နေမှုသည်) တောင်ဘက်သို့(Southwards) တိမ်းစောင်းလျှက်ရှိကြောင်း ထုတ်ပြန်ထားပါတယ်။

    ဤအခြေအနေကြောင့်-

    ·          မြန်မာနိုင်ငံပေါ် (မန္တလေးတိုင်းအပါအဝင်)အလယ်ပိုင်းမိုးနည်းရေရှားဒေသများ၌ တိမ်ထုဖြစ်ပေါ်မှု ၅၀% နှင့် ကျန်တစ်နိုင်ငံလုံးတွင် ၉၀% မှ ၁၀၀% ရှိနေကြောင်းတွေ့ရပါတယ်။ မန္တလေးတိုင်းအတွင်း မိုးအနည်းငယ်(၂၄ နာရီအတွင်း အများဆုံး မိုးရေချိန် ၁၃ မီလီမီတာ၊ ၀.၅ လက်မအောက်)ရွာသွန်းနိုင်ပြီး၊

    ·          ၇ ရက် တစ်ပါတ်အတွင်း အများဆုံးမိုးရေချိန် - မိုးကုတ်မြို့တွင်၂.၃၇ လက်မ ၊ စဉ့်ကူးမြို့တွင် ၂.၀၅ လက်မနှင့်၊ ပြင်ဦးလွင်မြို့တွင် ၁.၄၄ လက်မ ရွာသွန်းရရှိနိုင်ကြောင်းတွေ့ရပါတယ်။

    ·          မန္တလေးတိုင်းမြို့တော်၊ မန္တလေးမြို့မှာ ဇွန်လ ၂၇ ရက် မွန်းလွဲပိုင်း၌ အများဆုံးမိုးရေချိန် ၀.၆၆ လက်မ(16.8 mm)ရွာသွန်းနိုင်ကြောင်း၊ နောက်လာမည့် ၁၄ ရက်အတွင်း မန္တလေးမြို့မှာ မိုးဖွဲကျနေပြီး - ၂၄ နာရီမိုးရေချိန် ၀.၁၆ လက်မခန့်သာ ရွာနိုင်ပါဦးမယ်။

    ·          မန္တလေးတိုင်းအတွင်း တောင်ဘက်အရပ်မှ အများဆုံးလေတိုက်နှုန်း တစ်နာရီ ၂၅ မိုင်အထက်ရှိနိုင်ပါမယ်။

    ·          ခုလာမည့်တစ်ပါတ်အတွင်း အမြင့်ဆုံးနေ့အပူချိန် ၃၄°C နဲ့ အနိမ့်ဆုံး ည အပူချိန် ၂၅°C ရှိနိုင်ပါမယ်။

    ·          မန္တလေးတိုင်းတစ်ခုလုံးမှာ ပျမ်းမျှလေထုစိုထိုင်းဆ ၈၀% မှ ၁၀၀% ရှိနေမှာဖြစ်တာကြောင့် လေငြိမ်တဲ့အချိန်များမှာ ပူအိုက်နေပြီး ခံစားရသည့်အပူချိန် ၃၉°C အထိရှိနိုင်ပါမယ်။

    ·          မန္တလေးတိုင်းအတွင်းမှ လေထုညစ်ညမ်းမှုအညွှန်းကိန်း(AQI)က ၃၀ ရှိနေမှာဖြစ်တဲ့အတွက် အန္တရာယ်မရှိပါ။

    Win Naing

    Administration Team,

    MMWEATHER,

    https://www.mmweather.org/home

    ငါးမွေးမြူရေး အကြံပြုချက်

    ငါးမွေးတောင်သူများအနေဖြင့် ကန်အတွင်း ငါးသားပေါက်များမထည့်မှီ ကန်အတွင်းရှိ သားစားငါး နှင့် ငါးရိုင်းများကို ဖယ်ရှားပေးရန် အထူးလိုအပ်ပါသည်။ သို့မှသာ မွေးမြူထားသော ငါးများ ရှင်သန်နှုန်းကောင်းပြီး အစာဝလင်စွာ စားနိုင်ပါမည်။ 

    - ငါးမွေးမြူရေးကန် တစ်ဧက မွေးမြူလိုပါက ရေစစ်ကန်ကို တစ်ဧက၏ သုံးပုံတစ်ပုံထားရှိပြီး အဆိုပါရေစစ်ကန်မှ အပေါ်ယံရေကို ရေစစ်ဖြင့် တဖြည်းဖြည်းခြင်း မွေးမြူမည့်ကန်သို့ ပြောင်းထည့်ပေးပါ။ 

    - ရေစစ်ကန်ဆောင်ရွက်ရန်အတွက် မြေနေရာ မရှိခြင်း နှင့် ကန်တူးရန်ကုန်ကျစရိတ်များ မတတ်နိုင်ပါက မိုက်ခရွန် (၅၀) သို့မဟုတ် (၁၀၀) ရှိသော ရေစစ်ကို အသုံးပြုပေးပါ။

    - ထို့အပြင် ကန်အတွင်း ပိုက်စိတ်ဖြင့် အကြိမ်ကြိမ် အဖန်ဖန်ဖမ်းဆီးခြင်း လုပ်ဆောင်နိုင်ပါသည်။

    - ကန်အတွင်းသို့ လက်ဖက်စေ့ကြိတ်ဖတ် (သို့မဟုတ်) ဟုမ်းမြစ်တို့ကို သုံးခြင်းဖြင့်လည်း ဖယ်ရှားနိုင်ပါသည်။ နောက်ဆုံးအဆင့်အနေဖြင့် ရိုတီနှုန်း ငါးသတ်ဆေးကို အသုံးပြုနိုင်ပါသည်။

    -------------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes
2
comments
0
views
3385