မန္တလေးတိုင်း ဇွန် ၂၇ ရက် မှ ဇူလိုင် ၃ ရက် အထိ မိုးလေဝသအခြေအနေ
- ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း၊ ဩရိဿပြည်နယ်နှင့်ဆက်စပ်လျှက်ရှိသည့် အနောက်ဘင်္ဂလားပြည်နယ်ကမ်းရိုးတန်းတွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်လျှက်ရှိပြီး၊ ၎င်း၏ လေပွေလှိုင်းသည် အထက်အမြင့် ၇.၆ ကီလိုမီတာ(ပေ ၂၅,၀၀၀)လေထုလွှာအထိ ဆက်စပ်ဖြစ်ပေါ်နေပြီး (အထက်လေပွေလှိုင်းဆက်စပ်ဖြစ်ပေါ်နေမှုသည်) တောင်ဘက်သို့(Southwards) တိမ်းစောင်းလျှက်ရှိကြောင်း ထုတ်ပြန်ထားပါတယ်။ - ဤအခြေအနေကြောင့်- - · မြန်မာနိုင်ငံပေါ် (မန္တလေးတိုင်းအပါအဝင်)အလယ်ပိုင်းမိုးနည်းရေရှားဒေသများ၌ တိမ်ထုဖြစ်ပေါ်မှု ၅၀% နှင့် ကျန်တစ်နိုင်ငံလုံးတွင် ၉၀% မှ ၁၀၀% ရှိနေကြောင်းတွေ့ရပါတယ်။ မန္တလေးတိုင်းအတွင်း မိုးအနည်းငယ်(၂၄ နာရီအတွင်း အများဆုံး မိုးရေချိန် ၁၃ မီလီမီတာ၊ ၀.၅ လက်မအောက်)ရွာသွန်းနိုင်ပြီး၊ - · ၇ ရက် တစ်ပါတ်အတွင်း အများဆုံးမိုးရေချိန် - မိုးကုတ်မြို့တွင်၂.၃၇ လက်မ ၊ စဉ့်ကူးမြို့တွင် ၂.၀၅ လက်မနှင့်၊ ပြင်ဦးလွင်မြို့တွင် ၁.၄၄ လက်မ ရွာသွန်းရရှိနိုင်ကြောင်းတွေ့ရပါတယ်။ - · မန္တလေးတိုင်းမြို့တော်၊ မန္တလေးမြို့မှာ ဇွန်လ ၂၇ ရက် မွန်းလွဲပိုင်း၌ အများဆုံးမိုးရေချိန် ၀.၆၆ လက်မ(16.8 mm)ရွာသွန်းနိုင်ကြောင်း၊ နောက်လာမည့် ၁၄ ရက်အတွင်း မန္တလေးမြို့မှာ မိုးဖွဲကျနေပြီး - ၂၄ နာရီမိုးရေချိန် ၀.၁၆ လက်မခန့်သာ ရွာနိုင်ပါဦးမယ်။ - · မန္တလေးတိုင်းအတွင်း တောင်ဘက်အရပ်မှ အများဆုံးလေတိုက်နှုန်း တစ်နာရီ ၂၅ မိုင်အထက်ရှိနိုင်ပါမယ်။ - · ခုလာမည့်တစ်ပါတ်အတွင်း အမြင့်ဆုံးနေ့အပူချိန် ၃၄°C နဲ့ အနိမ့်ဆုံး ည အပူချိန် ၂၅°C ရှိနိုင်ပါမယ်။ - · မန္တလေးတိုင်းတစ်ခုလုံးမှာ ပျမ်းမျှလေထုစိုထိုင်းဆ ၈၀% မှ ၁၀၀% ရှိနေမှာဖြစ်တာကြောင့် လေငြိမ်တဲ့အချိန်များမှာ ပူအိုက်နေပြီး ခံစားရသည့်အပူချိန် ၃၉°C အထိရှိနိုင်ပါမယ်။ - · မန္တလေးတိုင်းအတွင်းမှ လေထုညစ်ညမ်းမှုအညွှန်းကိန်း(AQI)က ၃၀ ရှိနေမှာဖြစ်တဲ့အတွက် အန္တရာယ်မရှိပါ။ - Win Naing - Administration Team, - MMWEATHER, - https://www.mmweather.org/home - မန္တလေးတိုင်းဒေသကြီးအတွင်း ခရမ်းချဥ်စိုက်ပျိုးတောင်သူများအတွက် စိုက်ပျိုးရေးအကြံပေးချက် - မန္တလေးတိုင်းဒေသကြီးအတွင်း ခရမ်းချဥ်စိုက်ပျိုးရာတွင် မိုးရာသီတွင် အကျများသော Septoria ရွက်ပြောက်ရောဂါမှာ ခရမ်းချဉ်ပင်တွေရဲ့ အောက်ပိုင်းအရွက်ရင့်တွေတွင် ရောဂါလက္ခဏာ တွေ့ရ တတ်ပေမဲ့ သက်တမ်းတစ်လျှောက် မည်သည့်အဆင့်မှာမဆို ရောဂါဖြစ်ပွားနိုင်ပါတယ်။ အရွက်အပြင် ပင်စည်၊ အပွင့်တွေနဲ့ ပွင့်ဖတ်တွေမှာပါ ကျရောက်နိုင်ပါတယ်။ ရောဂါကျအရွက်တွေဟာ တဖြည်းဖြည်း အဝါရောင်ပြောင်းလာပြီး နောက်ဆုံးမှာ ခြောက်သွေ့ကြွေကျသွားသည့်အတွက် အသီးသီးနှုန်း ကျဆင်း လာရုံသာမက အသီးများ ရင့်မှည့်နိုင်ခြင်းမရှိတော့ပါ။ - ကြိုတင်ကာကွယ်နိုင်ရန်လိုက်နာရမည့် အချက်များမှာ - - မျိုးရင်းဝင်မတူညီသော သီးနှံဖြင့် သီးလှည့်စိုက်ပျိုးပေးပါ။
- ရောဂါကျရောက်နေသော အပင်အစိတ်အပိုင်းများကို ဖယ်ရှားပါ။
- ရေမှတဆင့်ပျံ့နှံ့နိုင်သောကြောင့် အပင်ခြေမှ ရေသွင်း၍ အပင်ပေါ်မှ ရေဖျန်းခြင်းအား ရှောင်ကြဉ်ပါ။
- ရောဂါစတင်ကျရောက်ပါက Chlorothalonil၊ Hexaconazole၊ Cymoxanil၊ Copper ပါဝင်သော မှိုသတ်ဆေးတစ်မျိုးမျိုးဖြင့် ကာကွယ်ပါ။
 - ငါးမွေးမြူရေး အကြံပြုချက် - ငါးမွေးတောင်သူများအနေဖြင့် ကန်အတွင်း ငါးသားပေါက်များမထည့်မှီ ကန်အတွင်းရှိ သားစားငါး နှင့် ငါးရိုင်းများကို ဖယ်ရှားပေးရန် အထူးလိုအပ်ပါသည်။ သို့မှသာ မွေးမြူထားသော ငါးများ ရှင်သန်နှုန်းကောင်းပြီး အစာဝလင်စွာ စားနိုင်ပါမည်။ - - ငါးမွေးမြူရေးကန် တစ်ဧက မွေးမြူလိုပါက ရေစစ်ကန်ကို တစ်ဧက၏ သုံးပုံတစ်ပုံထားရှိပြီး အဆိုပါရေစစ်ကန်မှ အပေါ်ယံရေကို ရေစစ်ဖြင့် တဖြည်းဖြည်းခြင်း မွေးမြူမည့်ကန်သို့ ပြောင်းထည့်ပေးပါ။ - - ရေစစ်ကန်ဆောင်ရွက်ရန်အတွက် မြေနေရာ မရှိခြင်း နှင့် ကန်တူးရန်ကုန်ကျစရိတ်များ မတတ်နိုင်ပါက မိုက်ခရွန် (၅၀) သို့မဟုတ် (၁၀၀) ရှိသော ရေစစ်ကို အသုံးပြုပေးပါ။ - - ထို့အပြင် ကန်အတွင်း ပိုက်စိတ်ဖြင့် အကြိမ်ကြိမ် အဖန်ဖန်ဖမ်းဆီးခြင်း လုပ်ဆောင်နိုင်ပါသည်။ - - ကန်အတွင်းသို့ လက်ဖက်စေ့ကြိတ်ဖတ် (သို့မဟုတ်) ဟုမ်းမြစ်တို့ကို သုံးခြင်းဖြင့်လည်း ဖယ်ရှားနိုင်ပါသည်။ နောက်ဆုံးအဆင့်အနေဖြင့် ရိုတီနှုန်း ငါးသတ်ဆေးကို အသုံးပြုနိုင်ပါသည်။ - ------------- - ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download - ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 - တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
