ဖြစ်ပေါ်လာနိုင်သည့် ထူးခြားမိုးလေဝသ ကြိုတင်ခန့်မှန်းချက်
- (ဖြစ်ပေါ်နိုင်သည့် ထူးခြားမိုးလေဝသအခြေအနေ ကြိုတင်ခန့်မှန်း) - (ဇွန် ၂၇ ရက် နံနက် ၁၁ နာရီ) - 🔸 ဇွန်လ ၂၉ ရက် နဲ့ ၃၀ ရက်နေ့တွေအတွင်း၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းနီးပင်လယ်ပြင်မှာ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နိုင်ကြောင်း DWD-ICON MODEL Forecast မှာ တွေ့ရပါတယ်။ - 🔸 ဖြစ်ပေါ်လာနိုင်တဲ့ လေဖိအားနည်းရပ်ဝန်းနှင့် တရုတ်ပြည်မကမ်းရိုးတန်းကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီးဖြစ်သည့် လေဖိအားနည်းရပ်ဝန်း(TD-03W)၏ အရှိန်သက်ရောက်မှုကြောင့် - - ဇွန်လ ၂၉-၃၀ ရက်နေ့တွင် မိုးများနိုင်သည့်ဒေသများ - - 🔸 ရခိုင်ပြည်နယ်ကမ်းရိုးတန်းနှင့် မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်းအနောက်ဘက်-ရခိုင်ရိုးမတောင်ခြေနှင့်ကပ်လျှက်ရှိသည့်ဒေသများ၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့်အရှေ့ပိုင်း - 🔸 ကျန်ပြည်နယ်တိုင်းဒေသများတွင် ဇွန် ၂၈-၂၉-၃၀ ရက်များ၌ မိုးအနည်းငယ်မှ မိုးအသင့်အတင့်ရွာနိုင်ပြီး လေတိုက်နှုန်း တနာရီ မိုင် ၂၀ အထက် ရှိနိုင်ပါတယ်။ - (DWD-ICON MODEL FORECAST) - 🔸 ပြည်နယ်တိုင်းများအလိုက် ၄ ရက် ကြိုတင် မိုးလေဝသခန့်မှန်းချက်များကိုကြည့်ရန် - https://www.mmweather.org/divisional-cities-weather - Win Naing - Administration Team, - MMWEATHER, - https://www.mmweather.org/home - ------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
