cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

မိုးရာသီအတွင်း ပိုးသတ်ဆေးဖျန်းရာတွင် လိုက်နာရမည့်အချက်များ

. Foliar Fertilizer
မိုးရာသီတွင် ပိုးမွှားများ ပိုမိုကျရောက်တတ်သောကြောင့် ပိုးသတ်ဆေးဖျန်းခြင်းသည် အရေးကြီးလာပါသည်။ ထိုသို့ဖျန်းသည့်အခါတွင် မိမိ၏ ကျန်းမာရေး၊ မိသားစုဝင်များ၊ တိရစ္ဆာန်များနှင့် သဘာဝပတ်ဝန်းကျင်တို့အပေါ် ထိခိုက်မှုမဖြစ်စေရန် လိုက်နာရမည့် အချက်များကို အသေးစိတ် ရေးသားဖော်ပြထားပါသည်။
  •  

    • မိုးရွာနေချိန် သို့မဟုတ် မိုးရွာခါနီးအချိန်တွင် ဖျန်းပါက ဆေးရည်သည် ရေနှင့်အတူ မျောပါသွားနိုင်ပြီး ဆုံးရှုံးနိုင်သောကြောင့် မိုးမရွာမီ အနည်းဆုံး ၂ နာရီခန့်အလိုတွင် ဖျန်းသင့် ပါသည်။ မိုးရွာသွန်းချိန်အား ခန့်မှန်းနိုင်ရန် မိုးလေဝသကြိုတင်ခန့်မှန်းချက်များကိုလေ့လာပါ။ 
    • လေတိုက်လျှင် ဆေးရည်ပြန့်နှံ့မှု မညီညာဘဲ ဆေးရည်ပျံလွင့်ခြင်းကြောင့် သက်သာမှုမရှိနိုင်ပါ။ မနက် ၆ နာရီမှ ၉ နာရီအတွင်း သို့မဟုတ် ညနေ ၄ နာရီမှ ၆ နာရီအတွင်း အပူချိန် နည်း၍လေငြိမ်နေသောအချိန်တွင် ဖျန်းပေးပါ။ 
    • ပိုးသတ်ဆေးသည် ဓာတုပစ္စည်းဖြစ်သောကြောင့် ကိုယ်တိုင်သုံးစွဲသူအား ရောဂါဖြစ်စေ နိုင်သည့်အတွက် ဆေးဖျန်းချိန်တွင် N95 Mask သို့မဟုတ် တင်းကျပ်သော Mask၊ မျက်မှန်၊ လက်အိတ်၊ အင်္ကျီလက်ရှည် နှင့် ခြေစွတ်ဖိနပ်တို့အား ဝတ်ဆင်ပါ။ 
    • ကလေးငယ်များ၊ သက်ကြီးသူများနှင့် အိမ်မွေးတိရစ္ဆာန်များသည် ဓာတုပစ္စည်းများအား ခံနိုင်ရည်နည်းသည့်အတွက် ဆေးဖျန်းချိန်တွင် ရှောင်ဖယ်ခိုင်းပါ။ မိုးရာသီတွင် သက်တမ်းရှည်ကြာပြီးစိမ့်ဝင်မှုကောင်းသော ဆေးရည်များကို သုံးပေးပါ။ ဥပမာ - Pyrethroid Class: (Deltamethrin, Lambda-cyhalothrin) နှင့် Organophosphate Class: (Chlorpyrifos) 
    • ဓာတုဆေးများကို သတ်မှတ်ထားသောအညွှန်းထက် ပို၍အသုံးပြုခြင်း၊ အခြားသော ဓာတုဆေးများဖြင့် ရောစပ်အသုံးပြုခြင်းသည် ထိရောက်မှုမရှိဘဲ ဆေးလောင်ခြင်းများ ဖြစ်ပေါ်စေနိုင်၍ ဖော်ပြပါဆေးညွှန်းအတိုင်း အသုံးပြုပေးပါ။  
    • ဓာတုပစ္စည်းများသည် အရေပြားမှစ၍ ခန္ဓာကိုယ်အတွင်းဝင်နိုင်သောကြောင့် ဆားပါးရေဖြင့် လက်များကို ဆေးကြောခြင်း၊သို့မဟုတ်  ချက်ချင်း ရေချိုးခြင်းများပြုလုပ်ပေးပါ။ 
    • မှတ်ပုံမတင်ထားသော /အရည်အသွေးမပြည့်မှီသော ဓာတုဆေးများ အသုံးပြုခြင်းမှ ရှောင်ကြဥ်ပါ။ 
    • ပိုးသတ်ဆေးများ အသုံးပြုမည်ဆိုပါက သက်ဆိုင်ရာဌာနများနှင့် နီးစပ်ရာစိုက်ပျိုးရေးပညာရှင် များအား တိုင်ပင်၍အသုံးပြုပေးရန် လိုအပ်ပါသည်။ 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe   

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။   

    ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350   

    အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857 


  • article
likes
9
comments
0
views
2549