တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက် (၂၃. ၆.၂၀၂၅ မှ ၂၇.၆. ၂၀၂၅)
- မတ်ပဲ - အရင်အပတ်ကတက်ရိပ်ပြခဲ့တဲ့မတ်ပဲက ယခုတစ်ပတ်ပထမသုံးရက်မှာ သိန်း ၃၀ ကျော်အထိရှိခဲ့ပြီး ကျန်ရက်တွေမှာ ဆက်တိုက်ပြန် ကျကာ ၂၉ သိန်းကျော်ပြန်ရောက်လာပါတယ်။ နယ်စျေးကွက်မှာလည်း မတ်ပဲ ပိဿာ ၂၀ တစ်တင်းကိုအရင်အပတ်က ၉၈၀၀၀ ရှိခဲ့ရာကနေ ၉၆၀၀၀ ကျပ်အထိပြန်ကျပါတယ်။ - ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တနင်္လါ နေ့ ကနေ ဗုဒ္ဓဟူးနေ့အတွင်း မတ်ပဲ FAQ တစ်တန်ကို သိန်း ၃၀၀၀၀၀၀ ကနေ ၃၀၁၀၀၀၀ ကျပ်ရှိပြီး ကြာသပတေးနဲ့သောကြာမှာက ၂၉၈၁၀၀၀ မှ ၂၉၉၁၀၀၀ ကျပ်ရှိခဲ့ပါတယ်။ - အရင်တစ်အပတ်ကတော့ မတ်ပဲ FAQ တစ်တန်ကို ၃၀၃၀၀၀၀ ကျပ်အထိ မြင့်တက်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်ယခုတပတ်မှာ ၂၀၀၀ မှ ၄၀၀၀၀ လောက်ကျပါတယ်။ - ပဲစင်းငုံ - ပဲစင်းငုံကလည်း ခုတစ်ပတ်မှာ စျေးပြန်ကျသွားပါတယ်။ တစ်တန်ကို အများဆုံး ၄၀၀၀၀ လောက်ပြန်ကျလာတာပါ။ - အိန္ဒိယ မှာပဲစဥ်းငုံနီလက်ကျန်နည်းပြီးအဝင်နည်းပေမယ့်လည်း ကျစျေးနဲ့သာဝယ်ယူနေတဲ့အတွက် စျေးမတက်ဘဲ ဖြစ်နေရတာပါ။ - ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လာကနေ သောကြာနေ့အတွင်း ပဲစင်းငုံနီတစ်တန်ကို ၂၇၄၂၀၀၀ ကျပ်မှ ၂၇၉၂၀၀၀ ကျပ်ရှိခဲ့ပါတယ်။ - အရင်အပတ်က တနင်္လာကနေ သောကြာနေ့မှာ ပဲစင်းငုံနီတစ်တန်ကို ၂၇၁၅၀၀၀ မှ ၂၈၃၅၀၀၀ ကျပ်အတွင်း စျေးတန်းရှိခဲ့ပါတယ်။ - ပဲပုပ် - ပဲပုပ် (ရှမ်း )က စျေးကျရိပ်ပြပြီး ပဲပုတ်(ဗမာ)က စျေးငြိမ်နေပါတယ်။ - ပဲပုပ်(ဗမာ)ကို ပြည်တွင်းက ပဲငပိ၊ မုန့်လုပ်ငန်းသမားအဝယ်ရှိပြီး အထွက်နည်းကာ အ ဝင်နည်းခြင်းကြောင့် အရင်တပတ်စျေးမှာပဲငြိမ်နေတာဖြစ်တယ်လို့သိရပါတယ်။ ပဲပုတ်(ရှမ်း)ကတော့ ရာသီဥတုကြောင့် အရောင်းအဝယ်အေးပြီး ဆီစက်သမား အဝယ်နည်းခြင်းကြောင့် စျေးကျရိပ်ပြလာတာဖြစ်တယ်လို့သိရပါတယ်။ - မန္တလေး ကုန်စည်ဒိုင်မှာ ပဲပုပ် ဗမာက ၄၁၅၀၀၀ ကျပ်ရှိပြီး ပဲပုပ် ( ရှမ်း) က ၂၆၀၀၀၀ ကျပ်မှ ၂၇၅၀၀၀ ကျပ်ရှိပါတယ်။ - စားတော်ပဲ - စားတော်ပဲ(ကျွန်း)က စျေးတက်လာပြီး စားတော်ပဲ (ကနေဒါ) ကစျေးကျရိပ်ပြပါတယ်။စားတော်ပဲ(ကနေဒါ)အဝင်နည်းခြင်းကြောင့် စားတော်ပဲ (ကျွန်း) ကို လက်လီသမား အဝယ်များခြင်း၊ အဝင်နည်းသဖြင့် ပစ္စည်းရှားခြင်းကြောင့် စျေးတက်လာတာဖြစ်တယ်လို့သိရပါတယ်။ - မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာ စားတော်ပဲ ကနေဒါက ၃၈၀၀၀၀ ကျပ်မှ ၄၀၀၀၀၀ ကျပ်ရှိပြီး စားတော်ပဲ (ကျွန်း) က ၅၀၀၀၀၀ ကျပ်မှ ၅၁၀၀၀၀ကျပ်ရှိလာပါတယ်။ - (AMIA) - -------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
