ဇူလိုင်လအတွင်း ရွာသွန်းနိုင်သည့် မိုးအခြေအနေ
- ၂၀၂၅ခုနှစ် ဇူလိုင်လအတွင်း ရွာသွန်းနိုင်သည့် မိုးအခြေအနေ - Seasonal Forecast - (ဇွန်လ ၂၈ ရက် ည ၉ နာရီ ၅၀ မိနစ်) - ===== - ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းတို့၏ ပင်လယ်ကမ်းရိုးတန်းနှင့်နီးကပ်သောဒေသများ၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းတို့တွင်၊ နှစ်စဉ်ရွာသွန်းမြဲအထက် ၅ မီလီမီတာမှ ၁၀ မီလီမီတာအထိ မိုးပိုမိုရွာသွန်းနိုင်ချေရှိနေပြီး၊ - တနင်္သာရီတိုင်း၊ ကယားပြည်နယ်၊ နေပြည်တော်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်တို့တွင် နှစ်စဉ်ရွာသွန်းမြဲအောက် ၅ မီလီမီတာမှ ၁၀ မီလီမီတာအထိ မိုးလျော့နည်းရွာသွန်းနိုင်ပါသည်။ - ကျန်ပြည်နယ်တိုင်းဒေသများဖြစ်သော ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းတို့၏ ပင်လယ်ကမ်းရိုးတန်းနှင့်ဝေးကွာသောဒေသများ၊ မကွေးတိုင်းနှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် နှစ်စဉ်ရွာသွန်းမြဲအတိုင်း မိုးရွာသွန်းနိုင်ပါမည်။ - "Meteoblue, SA DWD MODEL Forecast" - Win Naing - Administration Team, - MMWEATHER, - https://www.mmweather.org/home - ------------ - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
