cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

မိုးရာသီ ကွမ်းတွင်အဓိကကျရောက်သောရောဂါများ

. Diseases
ကွမ်းဆီစွန်း၊ရိုးမည်းဆစ်ပြုတ် -ပင်ကြွင်းပင်ကျန်များမှတစ်ဆင့် ကူးစက်တတ်ကြသည်။ ရောဂါရ ပင်ကြွင်းပင်ကျန်များကို သယ်ယူထုတ်ပစ်သူများ ခြံအတွင်း ပြန်လည်ဝင်ရောက်ရာမှလည်း ကူးစက်တတ်သည်။ များသောအားဖြင့် ခြံများတွင် လုပ်ကိုင်တတ်သောသူများမှ ကူးစက်မှုများသည်။
  • (၁) ဒေါင်းမြီးကွက်ရောဂါ 

    • ရောဂါလက္ခဏာအနေဖြင့် မြေပြင်နှင့် ကပ်လျက်ရှိသော အရွက်တွင် စက်ဝိုင်းပုံ ရေစိုနာကွက်များ အရွက်၏ဘေးအနားမှ စတင်ဖြစ်ပေါ်နေသည်ကို တွေ့ရပါတယ်။ 
    • ရောဂါကျနေတဲ့ ပင်စည် ဆစ်ကြားများသည် ပျော့ပုပ်ဆွေးရိနေသောကြောင့် ဖြူဖွေးထူထပ်သော ဝါဂွမ်းဆုပ်နှင့်တူသည့် မှိုမျှင်စုများ ဖုံးအုပ်ထားသည် ကိုတွေ့မြင်နိုင်သည်။ 
    • ရောဂါကျရောက်နေသော အပင်၏ အမြစ်များသည် ပုံစံပျက်ပြီး ပုပ်နေသောကြောင့် အပင်အတွက် လိုအပ်သည့် အာဟာရနှင့် ရေကို ကောင်းစွာ မထောက်ပံ့ပေးနိုင်ပါ။ 
    • အပင်အမြင့် (၂-၃) ပေအတွင်းရှိသော အရွက်များတွင် အရွက်ပုပ်နေသည့် လက္ခဏာကို တွေ့ရသည်။  

    ကာကွယ်နှိမ်နင်းနည်း 

    • ကွမ်းရိုးမဲ ဆစ်ပြုတ်ရောဂါ ကျရောက်ခဲ့ရင် ရောဂါကင်း၍ အနည်းဆုံး တစ်နှစ်ကျော် သက်တမ်းရှိတဲ့ မျိုးကိုင်းကို အသုံးပြုပေးပါ။ 
    • စိုက်ခင်းထဲတွင်ရှိသော ပင်ကြွင်းပင်ကျန်များကို သေချာ ရှင်းလင်းပေးဖို့လိုအပ်ပါတယ်။ ရေသွင်းရေထုတ်ကို မှန်မှန်ပြုလုပ်ပေးဖို့တော့ လိုအပ်ပါတယ်။ 
    • Dimethomorph, Cymoxanil, Metalaxyl, Propamocarb hydrochloride, Fosetyl AL အဆင်ပြေရာကိုရွေးချယ်နိုင်ပါတယ်။  

    (၂) ကွမ်းဆီစွန်း၊ရိုးမည်းဆစ်ပြုတ် 

    • မြေစေး၍ရေဝပ်သောမြေမျိုးတွင် ဆိုးရွားစွာ ကျရောက်လေ့ ရှိသည်။ နိုက်ထရိုဂျင် လွန်ကဲသော ကွမ်းခြံများတွင် ဖြစ်လေ့ဖြစ်ထရှိသည်။  
    • အပင်စိုက်ပျိုးချိန်မှ အရွက်ခူးချိန်အထိ ကျရောက် ပျက်စီးလေ့ရှိသည်။ 
    • ပင်ကြွင်းပင်ကျန်များမှတစ်ဆင့် ကူးစက်တတ်ကြသည်။ ရောဂါရ ပင်ကြွင်းပင်ကျန်များကို သယ်ယူထုတ်ပစ်သူများ ခြံအတွင်း ပြန်လည်ဝင်ရောက်ရာမှလည်း ကူးစက်တတ်သည်။ များသောအားဖြင့် ခြံများတွင် လုပ်ကိုင်တတ်သောသူများမှ ကူးစက်မှုများသည်။  
    • မိုးရာသီတွင် မိုးရေထိမှန်၍ တစ်ရွက်မှ တစ်ရွက်၊ တစ်ပင်မှတစ်ပင်၊ တစ်ရုံမှ တစ်ရုံ ကူးစက်တတ်သည်။ 

    ကာကွယ်နှိမ်နင်းနည်း 

    • ရောဂါရ ပင်ကြွင်း၊ ပင်ကျန်များကို စုပုံမီးရှို့ခြင်း၊ မြေမြှုပ်ခြင်း ပြုလုပ်ပေးပါ။ 
    • ခြံတွင်း သန့်ရှင်းရေးကို ဂရုပြုဆောင်ရွက်ပေးပါ။  
    • ကွမ်းပင်များ ရုံဖြစ်လာပါကလေဝင်လေထွက် ကောင်းအောင်ဆောင်ရွက်ပါ။ အလင်းဖွင့်ပေးပါ။ 
    • ကွမ်းပင်ခြေ ရေမဝပ်အောင်ဆောင်ရွက်ပါ။ 
    • အသုံးပြုနိုင်သောဓာတုဆေးများ- Copper oxychloride, Kasugamycin, Bismerthiazol, Oxolinic acid, Validamycin 

    ကိုးကား- စိုက်ပျိုးရေး ဦးစီးဌာန၊ MOALI Agricultural Study Blog 

    -----------  

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 

    ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350 

    အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857


  • article
likes
10
comments
2
views
2709