တောင်သူဦးကြီးများအား ရိုသေစွာ အသိပေးကြေငြာခြင်း
စီးပွားဖြစ် ငါးမွေးမြူရေး အဖွဲ့ မှ ထွက်တိုး_မွေးမြူရေး တောင်သူများအဖွဲ့ အဖြစ် ပြောင်းလဲလိုက်ပြီး ငါး/ပုစွန်မွေးမြူရေး သာမက ကြက်၊ဝက်၊ဆိတ် နှင့် အခြား မွေးမြူရေးနည်းပညာများ၊ သတင်းများ၊ အကြံပြုချက်များ ကို ပိုမိုဝန်ဆောင်မှု ပေးနိုင်ရန် အတွက် အမည်နာမ ပြောင်းလဲကြောင်း တောင်သူဦးကြီးများကို အသိပေးအကြောင်းကြားအပ်ပါသည်။
ထွက်တိုး မွေးမြူရေး တောင်သူဦးကြီးများ အတွက် ငါး၊ပုစွန်မွေးမြူရေး၊ တိရစ္ဆာန်မွေးမြူရေး၊ နှင့် ယင်မဲ (BSF) မွေးမြူရေးလုပ်ငန်းများလုပ်ကိုင်နေသော လယ်သမားများအတွက် ပိုမိုဝန်ဆောင်မှုပေးနိုင်ရန်အတွက် အဖွဲ့ကို အဆင့်မြှင့်တင်လိုက်ပါပြီ။ ထွက်တိုးအဖွဲ့မှာ အမြဲ ဝင်ရောက် ဆွေးနွေး တိုင်ပင်ပေးကြသောတောင်သူဦးကြီးများကို ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့်
အခြားမွေးမြူရေးလုပ်ငန်းတွင်လည်းအောင်မြင်မှုရရှိစေရန်အတွက် အောက်ပါဝန်ဆောင်မှုများကို ပေးသွားရန်စီစဥ်လျက်ရှိပါသည်။
🐟🐓 မိုးလေဝသအခြေအနေနှင့် မိုးလေဝသ ကြောင့် မွေးမြူရေးအပေါ် သက်ရောက်နိုင်သော သတိပြုရန် သို့မဟုတ် မွေးမြူရေးအကြံပြုချက်များကို ကျွမ်းကျင်သော ဆရာ/ဆရာမများ မှ အပတ်စဥ် ထုတ်ပြန်ပေးခြင်း
📅 နောက်ဆုံးရသတင်းအချက်အလက်များ၊ နည်းပညာများ၊ ကုသနည်းများ စသည့် မွေးမြူရေးတွင် မရှိမဖြစ်လိုအပ်သော အကြောင်းအရာများကို တင်ပြခြင်း
❓ မိမိ သိလိုသော အကြောင်းအရာများကို အတွေ့အကြုံရှိလယ်သမားများ သို့မဟုတ် ပညာရှင်များထံမှ တိုက်ရိုက် ဆွေးနွေးနိုင်ခြင်း နှင့် ထွက်တိုး ကောစန်တာ ၀၉၉၇၇၉၁၀၀၀၀ ဖုန်းခေါ်ဆိုပြီး ဆရာ/ဆရာမများ ထံမှနည်းပညာအကြံဉာဏ်ရယူနိုင်ခြင်း။
အသေးစား၊ အလတ်စား၊ အကြီးစားမွေးမြူရေးလုပ်ကိုင်သူများ၊ မွေးမြူရေး အကြောင်းစိတ်ဝင်စားသူများ နှင့် အရောင်းအဝယ် လုပ်ကိုင်နေသောသူများ၊ ပညာရှင်များ စသော အတွေ့အကြုံရှိသူများ ကို တစ်စုတစ်စည်းထဲ ရှိသော “ထွက်တိုး_မွေးမြူရေးတောင်သူများ” အဖွဲ့သည် အသစ်စတင်သောလယ်သမားများဖြစ်စေ၊ အတွေ့အကြုံရှိသူများဖြစ်စေ မည်သည့်မွေးမြူရေးစိတ်ဝင်စားသူမဆို လုပ်ငန်းအောင်မြင်ရေးအတွက် အတူတကွကူညီပံ့ပိုးပေးမည်ဖြစ်ပါသည်။ အခုပဲ “ထွက်တိုး_မွေးမြူရေးတောင်သူများ” အဖွဲ့ကို ဝင်ရောက်လိုက်ပါ။ App Group Link_
https://htwettoe.com/organization/tawetto-mwemyuyaetawinthumyaa
FB group Link_ https://www.facebook.com/groups/4200052776702483
Htwet Toe Download Link_ https://download.htwettoe.com


NewsFeed
Communities
Explore
Inbox
Me
Market Price