သပြေဘူတပန်းပင်လေးတွေစိုက်ပြီး ရွှေဝါရောင်သန်းတဲ့ မြို့လေးတစ်မြို့ဖန်တီးကြည့်ရအောင်
“သပြေဘူတ” (Tabebuia aurea) ၏ မူလပေါက်ရောက်ရာ ဒေသမှာ တောင်အမေရိကတိုက် ဆူရီနိမ်း၊ ဘရာဇီး၊ ဘော်လီဗီယာ အရှေ့ဘက်၊ ပီရူး၊ ဥရုဂွေးနှင့် အာဂျင်တီးနားမြောက်ဘက်ပိုင်းတို့ ဖြစ်ပြီး တဘီဘူရီယ မျိုးစိတ်များမှ တစ်ခုဖြစ်သည်။ သခွပ်မျိုးရင်ဝင် အပင်ကြီးမျိုးလည်းဖြစ်သည်။ ယေဘူယျ အင်္ဂလိပ်အမည်မှာ Caribbean trumpet tree ဖြစ်သော်လည်း ကာရေးဘီးယမ်း ဒေသပေါက်ပင်မဟုတ်သည့်အတွက် ထိုအမည်သည် မှားယွင်းသည့်သဘောဆောင်နေသည်။ ထိုအပင်ကို ငွေနှဲပင် (silver trumpet tree) သို့မဟုတ် ရွှေပင် (tree of gold) ဟူ၍လည်း ခေါ်ဝေါ်ကြသေးသည်။
“သပြေဘူတ” ပန်းပင်လေးတွေဟာ ယခုနှစ်အနည်းငယ် အတွင်း ရေပန်းစားလာပြီး မြို့တွေရဲ့ အထင်ကရနေရာများ၊ ပန်းခြံများ၊ ရေကန်ဘောင်များမှာ အလှစိုက်လေ့ရှိကြပါတယ်။ “သပြေဘူတ” ကို “တပေဘူတ” ဟုလည်းခေါ်ဆိုတတ်ကြပြီး အဝါ၊ အဖြူ၊ ပန်းနု၊ ပန်းရင့်၊ ခရမ်းဆိုပြီး အရောင်စုံရှိပါသည်။ နေရောင်ခြည်လဲ ကြိုက်နှစ်သက်ပြီး ပိတောက်ပန်းများမပွင့်ခင် တပင်လုံး အရွက်မမြင်ရတော့သည်ထိ ပွင့်တတ်သောကြောင့် နွေဦးရာသီရဲ့ အလှကို ပိုမိုထင်ပေါ်စေနိုင်သော ပန်းပင်လေးဖြစ်ပါသည်။
အစေ့စိုက် နှင့် ကိုင်းကူးစိုက်ဟူ၍ အမျိုးမျိုးစိုက်လေ့ရှိပြီး အချိန်အကြာကြီးစောင့်စရာမလိုပဲ ရေမြေရာသီဥတုကိုလိုက်၍ ၂ နှစ်အတွင်း မြိုင်ဆိုင်စွာပွင့်တတ်သောကြောင့် မိမိအိမ်၊ မိမိရပ်ရွာ နဲ့ မိမိမြို့သာယာလှပစေရန် အလှဆင်စိုက်ပျိုးသင့်သော ပန်းပင်ဆိုလဲ မမှားပါဘူး။
တစ်နှစ်မှ တစ်ကြိမ်သာပွင့်လန်းကြရပေမယ့် ပွင့်လိုက်တိုင်းတာဝန်ကျေပွန်စွာ အလှရက်နိုင်ဆုံး ပွင့်ပေးတတ်ကြလို့ “နွေဦးအလှ သပြေဘူတ” ဆိုပြီးလဲ တင်စားခေါ်ဝေါ်ခံထိုက်သော ပန်းပင်လေး ပင်ဖြစ်ပါသည်။
ရတနာ မှ ရေးသားဖော်ပြသည်။
-----------
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။
ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350
အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857


NewsFeed
Communities
Explore
Inbox
Me
Market Price