cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

မကွေးတိုင်း ဇူလိုင်လ ၂ ရက် မှ ဇူလိုင်လ ၈ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
ယခုရက်သတ္တပါတ် ၁ ပါတ်အတွင်း နေ့အပူချိန်များ ၃၂°C အထိမြင့်တက်လာနိုင်ပြီး ဒုတိယပါတ်တွင်(ဇူလိုင် ၉ ရက် မှ ဇူလိုင် ၁၅ ရက်အတွင်း) ၃၅°C အထိ မြင့်တက်လာနိုင်ပါတယ်။ အနိမ့်ဆုံး ည အပူချိန်များမှာတော့ ၂၅°C ဝန်းကျင်ခန့်ရှိနေနိုင်ပါမယ်။
  • ၂၀၂၅ ခုနှစ် မိုးလယ်ကာလ၏ ပထမရက်သတ္တပါတ်အတွင်း မုတ်သုံလေမည်မျှအားကောင်းနေပါစေ၊ “ဇူလိုင် ၂ ရက် မှ ဇူလိုင် ၈ ရက်”အထိ မကွေးတိုင်းအတွင်း မိုးရွာနိုင်မည့်အခြေအနေသည် - 

    ·          မကွေးတိုင်းအနောက်ခြမ်းမှ ရခိုင်ရိုးမနှင့်ကပ်လျှက်ဒေသများ၊ မကွေးတိုင်းအရှေ့တောင်ဘက်မှ ပဲခူးရိုးမနှင့်ကပ်နေသည့်ဒေသများတွင်သာ မိုးအသင့်အတင့် (၂၄ နာရီ မိုးရေချိန် ၀.၅ လက်မခန့်) ရွာနိုင်ပြီး 

    ·          မကွေးတိုင်းအလယ်ပိုင်းမှ မြို့တော် မကွေးမြို့နှင့် မြောက်ဘက်မှ ရေနံချောင်း၊ ချောက်၊ ပခုက္ကူ စသည့်မြို့နယ်များတွင် မိုးနည်းနေနိုင်မှာဖြစ်ပါတယ်။ 

    ·          ယခုရက်သတ္တပါတ် ၁ ပါတ်အတွင်း နေ့အပူချိန်များ ၃၂°C အထိမြင့်တက်လာနိုင်ပြီး ဒုတိယပါတ်တွင်(ဇူလိုင် ၉ ရက် မှ ဇူလိုင် ၁၅ ရက်အတွင်း) ၃၅°C အထိ မြင့်တက်လာနိုင်ပါတယ်။ အနိမ့်ဆုံး ည အပူချိန်များမှာတော့ ၂၅°C ဝန်းကျင်ခန့်ရှိနေနိုင်ပါမယ်။ 

    ·          လေထုစိုထိုင်းဆသည်လည်း ဇူလိုင် ၆ ရက်နေ့မှ စတင်၍ ၅၀% အထိ ကျဆင်းနေနိုင်ပြီး၊ ခံစားရသည့်အပူချိန် ၃၆°C အထိရှိနေနိုင်ပါမယ်။ 

    ·          ယခု ၁ ပါတ်အတွင်း မကွေးတိုင်းရဲ့ လေတိုက်နှုန်းတောင်ဘက်နှုင့် အရှေ့တောင်ဘက်မှ တစ်နာရီ မိုင် ၂၀ မှ ၂၅ မိုင်ခန့်အထိရှိနေနိုင်ပြီး မကွေးတိုင်းအရှေ့--အရှေ့တောင်ဘက် ပဲခူးရိုးမနှင့်နီးသောဒေသများဖြစ်သည့်၊ နတ်မောက်၊ တောင်တွင်းကြီး၊ အောင်လံ၊ သရက် စသည့်မြို့နယ်များတွင် ထစ်ချုန်းမည့်အခြေအနေများဖြစ်ပေါ်နိုင်ပါမယ်။ 

    ·          မကွေးတိုင်းရဲ့ လေထုညစ်ညမ်းမှုအခြေအနေ အညွှန်းကိန်း(AQI)က 30 ရှိနေတာကြောင့် အန္တရာယ်မရှိပါ။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    ငါးသားပေါက်ကန် ပြုစုခြင်း အကြံပြုချက် 

    ငါးသားပေါက်ပြုစုရာတွင် ကန်ပြင်ဆင်ခြင်းလုပ်ငန်းစတင်ချိန်တွင် တစ်ဧက ထုံး ၂၄၈ပိဿာ ပက်သင့်ပါသည်။ 

    ကန်အတွင်းသို့ ရေစသွင်းလျှင် သဲရေစစ်ကို အသုံပြုပြီး ထည့်သွင်းပါ။ 

    ရေအနက်သည် ငါးမှုန် ဘဝ တွင် (၂)ပေသာ ထားရှိရပါမည်။ 

    ရက် ၂၀ ကျော်ပါက ၆လက်မခန့်ထပ်မံဖြည့်သွင်းပေးပါ။ 

    ကန်အတွင်း ငါးရိုင်းများနှင့် သားစားငါးများကင်းရှင်းစေရန်သည် အဓိကကျပါသည်။ ငါးသားပေါက်မွေးရာတွင် ငါးမျိုစိတ် တစ်မျိုးတည်းသာ ထည့်သွင်းပါ၊ ရေနှော မွေးမြူခြင်းမျိုး မဖြစ်စေသင့်ပါ။ 

    -----------

    ထွက်တိုးရယူရန်လင့် - https://htwettoe.com/download

    ထွက်တိုးမှာ မေးခွန်းမေးမြန်းနည်း (သို့) စိုက်ခင်းပြဿနာ အဖြေရှာနည်း _ https://htwettoe.com/post/42799

    ထွက်တိုး Telegram - https://t.me/htwettoe

    ထွက်တိုး Youtube - https://www.youtube.com/@HtwetToe


  • article
likes
4
comments
0
views
2877