မုတ်သုံမိုးရွာသွန်းခြင်းက ရက်ဆက်ဆိုသလိုရှိနေနိုင်ခြင်း နှင့် စိုက်/မွေးအကြံပြုချက်
- ၂ဝ၂၅ ခုနှစ်၊ ဇူလိုင် ၂ ရက် မှ ဇူလိုင်လ ၈ ရက် နေ့အထိ ၇ ရက်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် - ရန်ကုန်တိုင်း အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၃) ရာခိုင်နှုန်း မှ (၉၉) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ ဇူလိုင်လ ၂ ရက် မှ ၆ ရက် နေ့ အထိ မိုးရွာရန် ရာခိုင်နှုန်း ၉၁ ရာခိုင်နှုန်း နှင့် အထက်မှာ ရှိနိုင်ပါတယ်။ ကျန်ရက်တွေမှာတော့ မိုးရွာရန် ၆၃ - ၇၄ ရာခိုင်နှုန်းမှာ ရှိနိုင်ပါတယ်။ ပျမ်းမျှအပူချိန်တွေကတော့ အမြင့်ဆုံး အပူချိန် ၃၁°C နှင့် အနိမ့်ဆုံးအပူချိန် ၂၄°C ရှိနိုင်ပါတယ် ခင်ဗျာ။ - မန္တလေးတိုင်း အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၇၂) ရာခိုင်နှုန်း မှ (၉၈) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ ဇူလိုင်လ ၂ ရက် မှ ၆ ရက်နေ့ အထိ မိုးရွာရန် ၉၁ ရာခိုင်နှုန်း နှင့် အထက်မှာ ရှိနိုင်ပြီး ကျန်ရက်တွေမှာတော့ မိုးရွာရန် ၇၂-၇၅ ရာခိုင်နှုန်း မှာ ရှိနိုင်ပါတယ်။ ပျမ်းမျှအပူချိန်တွေကတော့ အမြင့်ဆုံး အပူချိန် ၃၂°C နှင့် အနိမ့်ဆုံးအပူချိန် ၂၄°C ရှိနိုင်ပါတယ် ခင်ဗျာ။ - နေပြည်တော် အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၈၀) ရာခိုင်နှုန်း မှ (၉၈) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ဇူလိုင်လ ၂ရက်မှ ၆ ရက် နှင့် ၈ရက်နေ့ တွေမှာတော့ မိုးရွာရန် ၉၀ ရာနှုန်းနှင့်အထက်မှာ ရှိနိုင်ပြီး ကျန်ရက်တွေမှာတော့ မိုးရွာရန် ၈၀ ရာခိုင်နှုန်း မှာ ရှိနိုင်ပါတယ်။ ပျမ်းမျှအပူချိန်တွေကတော့ အမြင့်ဆုံး အပူချိန် ၃၁°C နှင့် အနိမ့်ဆုံးအပူချိန် ၂၄°C ရှိနိုင်ပါတယ် ခင်ဗျာ။ - တောင်ကြီး အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၃) ရာခိုင်နှုန်း မှ (၉၆) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ ဇူလိုင်လ ၂၊ ၆ ရက်နေ့မှာ မိုးရွာရန် ရာခိုင်နှုန်း ၉၆ နှင့် အထက်မှာ ရှိနိုင်ပြီး ၃၊၄ ရက်နေ့တွေမှာတော့ မိုးရွာရန် ၄၃_၅၅ ရာခိုင်နှုန်းမှာ ရှိ နိုင်ပါတယ်။ ကျန်ရက်တွေမှာတော့ မိုးရွာရန် ၆၇-၆၉ ရာခိုင်နှုန်းမှာရှိနိုင်ပါတယ်။ ပျမ်းမျှအပူချိန်တွေကတော့ အမြင့်ဆုံး အပူချိန် ၂၅°C နှင့် အနိမ့်ဆုံးအပူချိန် ၁၆°C ရှိနိုင်ပါတယ် ခင်ဗျာ။ - မကွေးတိုင်း အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၅၅) ရာခိုင်နှုန်း မှ (၉၆) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ ဇူလိုင်လ ၄၊၅၊၆ ရက်နေ့မှာ မိုးရွာရန်ရာနှုန်း ၉၁ နှင့်အထက်မှာ ရှိနိုင်ပါတယ်။ ကျန်ရက်တွေမှာတော့ မိုးရွာရန် ၅၅-၇၀ ရာခိုင်နှုန်းအတွင်းမှာ ရှိနိုင်ပါတယ်။ ပျမ်းမျှအပူချိန်တွေကတော့ အမြင့်ဆုံး အပူချိန် ၃၂°C နှင့် အနိမ့်ဆုံးအပူချိန် ၂၄°C ရှိနိုင်ပါတယ် ခင်ဗျာ။ - ဧရာဝတီတိုင်း၊ ပုသိမ်အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၇၂) ရာခိုင်နှုန်း မှ (၉၈) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ ဇူလိုင်လ ၂ရက်မှ ၆ ရက်နေ့ အထိ မိုးရွာရန် ရာနှုန်း မှာ ၉၁ နှင့်အထက်မှာရှိနိုင်ပြီး ကျန် ရက်တွေမှာ မိုးရွာရန် ၇၂-၇၅ ရာခိုင်နှုန်းနှင့်အတွင်းမှာ ရှိနိုင်ပါတယ်။ ပျမ်းမျှအပူချိန်တွေကတော့ အမြင့်ဆုံး အပူချိန် ၃၂°C နှင့် အနိမ့်ဆုံးအပူချိန် ၂၄°C ရှိနိုင်ပါတယ် ခင်ဗျာ။ - မုတ်သုံမိုးရွာသွန်းခြင်းက ရက်ဆက်ဆိုသလိုရှိနေနိုင် - ဘင်္ဂလားပင်လယ်အော်မှာ အနောက်တောင်မုတ်သုံလေအားအလွန်ကောင်းနေပြီး ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းပင်လယ်အတွင်း ဇွန်လ ၂၉ ရက်မှ ဇူလိုင် ၁၂ ရက်အထိ အထက်လေပွေလှိုင်းနှင့် လေဖိအားနည်းရပ်ဝန်းများဆက်တိုက်ဖြစ်ပေါ်နေတာကြောင့် မြန်မာနိုင်ငံဘက်မှာ မုတ်သုံမိုးရွာသွန်းခြင်းက ရက်ဆက်ဆိုသလိုရှိနေမှာဖြစ်ပါတယ်။ - ဂန္ဓမာပန်းစိုက်တောင်သူများထံသို့ စိုက်ပျိုးရေးဆိုင်ရာအကြံပြုချက် - လက်ရှိဂန္ဓာပန်းစိုက်တောင်သူများကြုံတွေ့နေရသော သံကြေးဖြူရောဂါနှင့် ပတ်သတ်ပြီး ကာကွယ်နှိမ်နင်းနည်းများကို အကြံပြု ဆွေးနွေးပေးလိုက်ပါတယ်။ - သံကြေးဖြူကျရောက်နေပါက ရောဂါကျနေတဲ့အရွက်တွေကိုဖယ် တစ်ခါတည်းကြွပ်ကြွပ်အိတ်ထဲထည့်ခဲ့ပြီး စိုက်ခင်းနဲ့ဝေးရာမှာပစ်ပေးပါ။ မြေကြီးပေါ်မချထားခဲ့ပါနဲ့။ - စိုက်ခင်းမြေရေမဝပ်စေရန်ဆောင်ရွက်ပါ။ - မှိုစပိုးတွေက ရေနဲ့အဓိကပွားများတာဖြစ်ပါတယ်။ မှိုသတ်ဆေးအနေနဲ့ Propamocarb hydrochloride + Fosetyl-Al ၊ ဒုတိယအကြိမ် Trifloxystrobin+ Tebuconazole ကိုရွေးချယ်နိုင်ပါတယ်။ - ဆေးဖျန်းတဲ့အခါ အရွက်အောက်ကနေ ဆေးဖျန်းခေါင်းနော်ဇယ်ကိုပင့်ပြီးဖျန်းပေးပါ။ - အပင်ခြေကို ပိုတက်ရှ် (K) မြေဩဇာထည့်ပေးပါ။ - ဆေးဖျန်းပြီး နောက်တစ်ပါတ်မှာ အပင်ခြေကိုထုံးမှုန့်ဖြူးပေးပါ။ - ငါးရောဂါဖြစ်ပေါ်ရခြင်း အကြောင်းရင်း အကြံပြုချက် - ငါးများ ရောဂါဖြစ်ပွားရခြင်း အကြောင်းရင်းမှာ ငါးကို တိုက်ရိုက်ထိခိုက်စေနိုင်သည့် (သို့မဟုတ်) ငါးရောဂါများကို ဖြစ်ပေါ် ပျံ့ပွားစေနိုင်သည့် အကြောင်းရင်းများစွာရှိပါသည်။ ရေအရည်အသွေး၊ စားသုံးနေရသည့် အစာ(ဖြည့်စွက်စာ) အရည်အသွေး နှင့် ရာသီဥတု အခြေအနေများကြောင့် ငါးများတွင် ဖိစီးမှု ဖြစ်ပေါ်နေခြင်းနှင့် အင်အားချိနဲ့ပြီး ခုခံစွမ်းအင်လျော့နည်းမှု ဖြစ်ပေါ်စေပါသည်။ ထိုအချိန် ငါးများတွင် ရောဂါဝင်ရောက်မှု လွယ်ကူစေပါသည်။ - ရောဂါဖြစ်စေသည့် အကြောင်းရင်း (၃) ချက်မှာ- - (၁) ရောဂါပိုး - (၂) လက်ခံကောင် (အဓိက ငါး၏ ခုခံမှု)၊ ရောဂါကို သယ်ဆောင်လာသော အကောင် - (၃) ပတ်ဝန်းကျင်အခြေအနေ (ငါးကန်အတွင်း ကန်ရေအရည်အသွေးကျဆင်းနေခြင်း) သည် ရောဂါပိုးပျံနှံ့ စေရန်အတွက် ဖန်တီးပေးပါသည်။ - ထို့ကြောင့် ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ကောစင်တာနံပါတ် 09977910000 သို့ ဆက်သွယ်နိုင်ပါသည်။ - ကိုးကား။ ဆရာဦးဝင်းနိုင်၊ Accweather - ---------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
