cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ဇူလိုင်လ အစ နှမ်းစျေးများ မြင့်တက်လာ

. Market News
မန္တလေး ကုန်စည်ဒိုင်တွင် ပြီးခဲ့သည့် လက နှမ်းနက် စမုံ ၄၅ပိဿာ ၀င် တစ်အိတ် ကို ၇၂၀၀၀၀ကျပ်မှ ၈၀၀၀၀၀ကျပ် ထိသာရှိခဲ့ပြီး ဇူလှိုင်လတွင် ၄၅ပိဿာ၀င် တစ်အိတ် ၇၅၀၀၀၀ မှ ၈၂၅၀၀၀ ကျပ် အထိ မြင့် တက်ကြောင်း သိရပြီး အချိန်နှင့်နေရာလိုက်၍ စျေးနှုန်းများ ပြောင်းလဲနိုင်ကြောင်း သိရသည်။
  • ဇူလိုင်လအစ နှမ်းစျေးများ မြင့်တက်လာကြောင်း နှမ်းကုန်သည်များထံမှ သိရသည်။ အချို့ တောင်သူများ အနေဖြင့် စျေး မရသောကြောင့် နွေနှမ်းစိုက်ပျိုးချိန်တွင် လျော့ချ စိုက်ပျိုးခဲ့အတွက် အထွက်နှုန်းနည်းနေခြင်း၊ မိုး အဆက်မပျက် ရွာသွန်းနေခြင်းကြောင့် အရည်အသွေးကောင်း အက်စစ်အောင်သည့် နှမ်းများရှားနေ ခြင်းကြောင့် စျေးကောင်းနေကြောင်းလည်း သုံးသပ်ကြသည်။ 

     နှမ်းစျေးကွက်တွင် နှမ်းဝယ်သူများအနေဖြင့် အက်စစ်ဓာတ်ပါဝင်မှုကို တိုင်းတာပြီးမှ ဝယ်ယူခြင်းများ ရှိနေ ပြီး အရည်အသွေးကောင်းသော အက်စစ်အောင် သည့် နှမ်းများသာ အဓိကထား အရောင်းဝယ် ဖြစ်နေကြောင်းလည်း သိရပါသည်။ 

    “အက်စစ်ဓာတ်ပါဝင်မှု မများအောင် နှမ်းကို ရိတ်သိမ်းချိန်နဲ့ နှမ်းခါတဲ့အချိန်တွေမှာ မိုးလွတ်အောင် ဆောင်ရွက်ရတယ်။ မိုးမိသွားရင် အရည်အသွေး ညံ့သွားတယ်။ နွေးနှမ်းပေါ်ချိန်ဆို မိုးမိတာ များတယ်။ လက်ရှိ နှမ်းစျေး အရင်ပတ်ထပ် စာရင်တော့ တက်နေတယ်။ “ ဟု အောင်လံမြို့မှ နှမ်းကုန်သည်တစ်ဦးက ပြောသည်။

    မန္တလေး ကုန်စည်ဒိုင်တွင် ပြီးခဲ့သည့် လက နှမ်းနက် စမုံ ၄၅ပိဿာ ၀င် တစ်အိတ် ကို ၇၂၀၀၀၀ကျပ်မှ ၈၀၀၀၀၀ကျပ် ထိသာရှိခဲ့ပြီး ဇူလှိုင်လတွင် ၄၅ပိဿာ၀င် တစ်အိတ် ၇၅၀၀၀၀ မှ ၈၂၅၀၀၀ ကျပ် အထိ မြင့် တက်ကြောင်း သိရပြီး အချိန်နှင့်နေရာလိုက်၍ စျေးနှုန်းများ ပြောင်းလဲနိုင်ကြောင်း သိရသည်။

    ထို့အပြင် ဇူလှိုင်လ တွင် FOB စျေးနှုန်းများလည်း မြင့်တက်လာပြီး ၂၆၃၀ မှ ၂၆၄၀ ဒေါ်လာ အထိ မြင့် တက်လျက်ရှိကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ သိရပါသည်။

    “ဇူလှိုင်လ အစမှာ ပြည်ပ အဓိကတင်ပို့တဲ့ နှမ်းနက်စျေးတွေ အနည်းငယ်တက်လာတာ တွေ့ရတယ်။ FOBစျေး တစ်တန်ကို ဒေါ်လာ ၂၀ လောက် တက်လာတယ်။ ပြည်ပ အဝယ်ရှိတာရယ် ပြည်တွင်း နှမ်း အထွက်နည်းတာရယ်ပေါ့ “ဟု နှမ်းတင်ပို့နေသူတစ်ဦးက ပြောသည်။

    ပြည်တွင်း ပုံမှန် နှမ်းထွက်ရှိမှုနှုန်းမှာ တစ်နှစ်လျှင် တန်ချိန် ၆သိန်းမှ ၈သိန်း ထိ ထွက်လေ့ရှိကြောင်း သိရပါသည်။

    မြန်မာ့နှမ်းကို တရုတ်နိုင်ငံ ၊ ကိုရီးယား၊ ဂျပန်၊ စင်ကာပူနှင့် ထိုင်၀မ်တို့ ကိုလည်း တင်ပို့လေ့ရှိပြီး လက်ရှိ တရုတ်နိုင်ငံ တစ်ခုတည်းသာ အားထားတင်ပို့နေရကြောင်း ကျန်နိုင်ငံများသို့ တင်ပို့ရန် အခက်ခဲများစွာ ရှိနေကြောင်းလည်း သိရသည်။

    မြန်မာနိုင်ငံတွင် နှမ်းကို ဧရာဝတီတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် အများအပြား စိုက်ပျိုးလျက်ရှိ ကြောင်း သိရသည်။

    ဖိုးချဲ(AMIA)

    ---------

    ထွက်တိုးရယူရန်လင့် - https://htwettoe.com/download

    ထွက်တိုးမှာ မေးခွန်းမေးမြန်းနည်း (သို့) စိုက်ခင်းပြဿနာ အဖြေရှာနည်း _ https://htwettoe.com/post/42799

    ထွက်တိုး Telegram - https://t.me/htwettoe

    ထွက်တိုး Youtube - https://www.youtube.com/@HtwetToe


  • article
likes
8
comments
0
views
2112