cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ခရမ်းချဉ်စိုက်ပျိုးရာမှာ အထွက်တိုးစေဖို့ နည်းလမ်းတစ်ခု ပြောပြချင်ပါတယ်

. Market News
အပွင့်၊ အသီးတင်မှု ကောင်းစေပါတယ်။ ခရမ်းချဉ်ပင်ဟာ ပုံမှန်ဆိုရင် ၆ ပေအမြင့်ထိ ကြီးထွားတာကြောင့် အသီးတင်မှု အားနည်းစေတတ်ပါတယ်။ ဒီလိုအလျားလိုက်လဲ ပေးခြင်းဟာ အသီးတင်မှု အနေအထားကိုပါ သက်ရောက်မှုရှိပြီး အသီးအရေအတွက် များစေပါတယ်။
  • (တချို့နိုင်ငံတွေမှာ အသုံးပြုနေတဲ့နည်းလမ်းလေးကို ပြန်လည်မျှဝေခြင်း ဖြစ်ပါတယ်။ Original video အား မြန်မာမှုပြုပြီး ပြန်လည်ဖော်ပြပေးခြင်းဖြစ်ပါသည်။ )

    ခရမ်းချဉ်ပင် စိုက်ပြီး ၁၂ လက်မအမြင့် ရောက်ရှိတဲ့အခါ ညင်ညင်သာသာနဲ့ အပင်ကို အလျားလိုက် လှဲပေးပါ။

    ဒီလိုလှဲပေးခြင်းဟာ အကျိုးကျေးဇူးများစွာ ရရှိစေပါတယ်။

    (၁) အပင် အရပ်မြင့်ခြင်း (သို့) ပင်ပိုင်းဆိုင်ရာကြီးထွားမှုများခြင်း/အပင်ဟုန်ခြင်းကို ဟန့်တားပေးပါတယ်။

    (၂) အပင်ကို လှဲပေးလိုက်ခြင်းဟာ အပေါ်ပိုင်းလွှမ်းမိုးမှု/အပင်မတ်မတ်ကြီးထွားမှုကို ထိန်းချုပ်လိုက်တာကြောင့် အပင်ပြုစုရာမှာ အဆင်ပြေစေပါတယ်။

    (၃) အဆစ်မှ အမြစ်များ ထွက်လာပြီး မြေဆီလွှာနဲ့ အမြစ်များများထိတွေ့စေနိုင်ခြင်းကြောင့် အာဟာရဓာတ် များများစုပ်ယူနိုင်ကာ ပင်စည်ကို တောင့်တင်းစေသည်။ အပင်ကို ကောင်းစွာကြီးထွားဖွဲ့ဖြိုးစေသည်။

    (၄) အပွင့်၊ အသီးတင်မှု ကောင်းစေပါတယ်။ ခရမ်းချဉ်ပင်ဟာ ပုံမှန်ဆိုရင် ၆ ပေအမြင့်ထိ ကြီးထွားတာကြောင့် အသီးတင်မှု အားနည်းစေတတ်ပါတယ်။ ဒီလိုအလျားလိုက်လဲ ပေးခြင်းဟာ အသီးတင်မှု အနေအထားကိုပါ သက်ရောက်မှုရှိပြီး အသီးအရေအတွက် များစေပါတယ်။

    (၅) အပင်က စိုက်မြေနှင့် ကောင်းစွာထိတွေ့နေတာကြောင့် အစိုဓာတ်ကို လုံလုံလောက်လောက် ရရှိစေပြီး အပင်ကြီးထွား တုပ်ခိုင်စေကာ ပိုးမွှား၊ ရောဂါကျရောက်မှု ခံနိုင်ရည်ရှိစေပါတယ်။ အမြစ်အနည်းငယ်ထိခိုက်ရုံဖြင့် အပင်ဒဏ်ပိခြင်း၊ ညိုးခြင်းမှလည်း ရှောင်ရှားနိုင်ပါတယ်။ 

    --------------  

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12  

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို  

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.  

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


likes
12
comments
1
views
2258