cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

နဂါးမောက်သီးများ လှိုင်လှိုင်ပေါ်ချိန် မန္တလေးဈေးကွက် အတွင်း ဈေးကောင်းရရှိနေ

. Market News
ပေါ်ဦးပေါ်ဖျားအချိန် ဇွန် လလယ်ပိုင်းက ဈေးပိုမိုရရှခဲ့ကြောင်း လက်ရှိအချိန်တွင် ပုပ္ပါးဒေသ ထွက် နဂါးမောက်သီးများဝင်ရောက်လာချိန်တွင် ဈေးအနည်းငယ်ပြန်လည်ကျဆင်းမှု ရှိသော်လည်း ဈေးကောင်းရရှိနေရာ နဂါးမောက်သီး တစ်လုံးလျှင် ငွေကျပ် ၁၀၀၀-၃၀၀၀ အရွယ်အစားအလိုက် ဈေးကောင်းရရှိနေကြောင်း နဂါးမောက်သီးစိုက်တောင်သူ ကိုခိုင်ဇော်က ပြောသည်။
  • ရွှေမန်း

    ပြင်ဦးလွင်ဒေသနှင့် ပုပ္ပါးဒေသထွက် နဂါးမောက်သီးများ ဇွန်လလယ်ပိုင်းမှ စတင် ကာ လှိုင်လှိုင် ပေါ်လေ့ရှိရာ ဇူလိုင်လဆန်းပိုင်းတွင် မန္တလေးဈေးကွက်တွင် အဝင်များလာသော်လည်း ဈေးကျဆင်းမှုမရှိဘဲဈေးကောင်း ရရှိနေကြောင်းသိရသည်။

    ပေါ်ဦးပေါ်ဖျားအချိန် ဇွန် လလယ်ပိုင်းက ဈေးပိုမိုရရှခဲ့ကြောင်း လက်ရှိအချိန်တွင် ပုပ္ပါးဒေသ ထွက် နဂါးမောက်သီးများဝင်ရောက်လာချိန်တွင် ဈေးအနည်းငယ်ပြန်လည်ကျဆင်းမှု ရှိသော်လည်း ဈေးကောင်းရရှိနေရာ နဂါးမောက်သီး တစ်လုံးလျှင် ငွေကျပ် ၁၀၀၀-၃၀၀၀ အရွယ်အစားအလိုက် ဈေးကောင်းရရှိနေကြောင်း နဂါးမောက်သီးစိုက်တောင်သူ ကိုခိုင်ဇော်က ပြောသည်။

    `` ပြင်ဦးလွင်ဒေသထွက် နဂါးမောက်သီးများ စတင်ထွက်ရှိချိန်က ပေါ်ဦးပေါ်ဖျားမို့ တစ်လုံး ငွေကျပ် ၃၅၀၀-၄၀၀၀ ရောင်းရပါတယ်။ အခုချိန်မှာ ပုပ္ပါးသီးတွေပါဈေးကွက် အတွင်း ဝင်ရောက်လာတော့ ဈေးအနည်းငယ်ကျဆင်းလာပါတယ်။ လက်ရှိမှာ ခြံခူးဈေးတောင် တစ်လုံး ၁၀၀၀-၂၅၀၀ ထိ ဈေးကောင်းရနေပါတယ်။ မန္တလေးဈေးကွက် အပြင် နေပြည်တော်၊ ရန်ကုန်၊ မော်လမြိုင်ဈေးကွက်တွေထိ တင်ပို့ရောင်းချနေပါတယ် ´´ ဟု ၎င်းကပြောသည်။

    နဂါးမောက်သီးမှာ ၃မျိုးရှိပြီး နဂါးမောက်သီး အဝါ၊ အဖြူ၊ အနီ ဟူ၍ရှိရာ ဈေးကွက် အတွင်းတွင် အဖြူရောင်နှင့်အနီရောင်နဂါးမောက်သီးကို စီးပွားဖြစ်အများဆုံးစိုက်ပျိုးကြ ကြောင်းသိရသည်။

    မကွေးဂျာနယ်မှ ကူးယူဖော်ပြပါသည်။

    --------

    ထွက်တိုးရယူရန်လင့် - https://htwettoe.com/download

    ထွက်တိုးမှာ မေးခွန်းမေးမြန်းနည်း (သို့) စိုက်ခင်းပြဿနာ အဖြေရှာနည်း _ https://htwettoe.com/post/42799

    ထွက်တိုး Telegram - https://t.me/htwettoe

    ထွက်တိုး Youtube - https://www.youtube.com/@HtwetToe


  • article
likes
5
comments
0
views
2024