cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ပြောင်းဖူးဝယ်ရင် ပြောင်းဖူးမွှေးလေးတွေကို လွှင့်ပစ်နေတုန်းပဲလား...?

. Health Articles
ဆီးသွားရခက်နေသူတွေအနေနဲ့ ပြောင်းဖူးမွှေးကို ဆီးရွှင်ဆေးအဖြစ် သုံးလို့ရပါတယ်။ ပြောင်းဖူးမွှေးက ကိုယ်တွင်းက အဆိပ်အတောက်တွေကို အထိရောက်ဆုံး ဖယ်ရှား ပေးပါတယ်။
  • ပြောင်းဖူးလေးတစ်ဖူးမှာဆိုရင် သူ့ရဲ့အစိတ်အပိုင်းတိုင်းဟာ အသုံးဝင်ကြပါတယ်။ အဖူးကို ပြုတ်စားတာကတော့ အားလုံးသိကြပါလိမ့်မယ်။ သို့သော်ကျန်အစိတ်အပိုင်းများကိုလဲ အောက်ပါ အတိုင်း အသုံးပြုလို့ရပါသေးတယ်။ အဖူးကိုပြုတ်စားပြီး အရိုးကိုနုတ်နုတ်စဥ်းကာ နွားစာအဖြစ် အသုံးပြုတတ်ကြပါတယ်၊ ပြောင်းဖူးအခွံလေးများကို မုန့်ဖက်ထုပ် သို့ ပြောင်းဖူးပေါင်း ပြုလုပ်ရာတွင် လည်း အသုံးပြုတတ်ကြပါတယ်။ လူသိနည်းနေတဲ့ ပြောင်းဖူးမွေးရဲ့ ဆေးဖက်ဝင်ပုံ များကတော့ -  

    ပြောင်းဖူးမွေးမှာ နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့ အာနိသင်ရှိပြီး ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေနိုင်ပါတယ်။ ဆီးအိမ်ရောင်ရမ်းတာကိုလည်း သက်သာစေနိုင်ပါတယ်။ ဆီးသွားရလွယ်စေပြီး ဆီးလမ်းကြောင်းက ဘက်တီးရီးယားတွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်ပါတယ်။ ဆီးကျိတ် ဂလင်းတွေကိုလည်း ကျန်းမာစေနိုင်ပါတယ်။   

    ဆီးသွားရခက်နေသူတွေအနေနဲ့ ပြောင်းဖူးမွှေးကို ဆီးရွှင်ဆေးအဖြစ် သုံးလို့ရပါတယ်။ ပြောင်းဖူးမွှေးက ကိုယ်တွင်းက အဆိပ်အတောက်တွေကို အထိရောက်ဆုံး ဖယ်ရှား ပေးပါတယ်။ ကိုယ်တွင်းက ပိုလျှံနေတဲ့ အရည်တွေကို ဆီးအဖြစ် ခန္ဓာကိုယ် ပြင်ပကို စွန့်ထုတ်ပေးပါတယ်။ ဆီးမသွားနိုင်တာရဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေဖြစ်တဲ့ နှလုံး ထိခိုက်တာ၊ ကျောက်ကပ် ပျက်စီးတာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ 

    ကျောက်ကပ်မှာ ကျောက်တည်တာက နာကျင်သလို ဆီးသွားတဲ့အခါ တော်တော်လေး စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။ ပြောင်းဖူးမွေးက ကျောက်ကပ်မှာ ကျောက်မတည်အောင် ကာကွယ်ပေးပြီး ဆီးရွှင်စေတာ​ကြောင့် ကျောက်ကပ်မှာ အနယ်စုပုံပြီး ကျောက်ဖြစ်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ 

    ပြောင်းဖူးမွေးမှာ ဗီတာမင် K ပါဝင်နေတာကြောင့် သွေးခဲမှုဖြစ်စဉ်ကို ကူညီပေးပါတယ်။ ထိခိုက်ဒဏ်ရာ ရတဲ့အခါ မလိုအပ်ဘဲ သွေးထွက်မလွန်အောင် ကာကွယ်ပေးပါတယ်။ 

    ဆီးချို၊ သွေးတိုး ခံစားရသူတွေက ယနေ့ခေတ်မှာ ပိုများလာပါတယ်။ ဒီရောဂါတွေကို ကာကွယ်ဖို့ဖြစ်ဖြစ် သက်သာစေဖို့ဖြစ်ဖြစ် ပြောင်းဖူးမွေးကို အသုံးပြုပေးလို့ရပါတယ်။ လေနဲ့အခြောက်ခံထားတဲ့ ပြောင်းဖူးမွေးကို ရေနွေးထဲ စိမ်သောက်ပေးရုံပါ။ သွေးတွင်းသကြားဓာတ် ကျစေဖို့လည်း ပြောင်းဖူးမွေးကို အသုံးပြုပေးလို့ရပါတယ်။ နေ့စဉ် ပြောင်းဖူးမွေး ရေနွေးကြမ်း သုံးဆောင်ပေးတာက သဘာဝသွေးချိုထိန်းသိမ်းနိုင်မယ့် နည်းလမ်းပါ။ 

    ပြောင်းဖူးမွေးမှာ နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့ အာနိသင်ရှိတာကြောင့် အရိုးအဆစ် နာကျင်ရောင်ရမ်းမှု ဝေဒနာ၊ ဂေါက်ရောဂါတို့ကြောင့် နာကျင်ရောင်ရမ်းမှုကို သက်သာစေဖို့ အသုံးပြုလို့ရပါတယ်။ 

    သွေးတွင်း ကိုလက်စထရောများတာက နှလုံးကို သွေးစီးဆင်းရောက်ရှိမှု နည်းစေပြီး ရေရှည်မှာ နှလုံးထိခိုက်တာကို ဖြစ်စေနိုင်ပါတယ်။ သွေးတွင်းကိုလက်စထရောကို ကျဆင်းစေဖို့ဆိုရင် ပြောင်းဖူးမွေးကို ပြုတ်သောက်ပေးလို့ရပါတယ်။ 

    ပြောင်းဖူးမွေးမှာ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကိုယ်ခံအား ကောင်းနိုင်ပါတယ်။ အသားအရောင်ကို ညီစေပြီး အသားအရေ ကျန်းမာစေနိုင်သလို အဝလွန်တာ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ကိုယ်တွင်းမှာ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ညီညွတ်မျှတစေပြီး ကျန်းမာစေဖို့ အထိရောက်ဆုံး ကူညီပေးနိုင်တဲ့ သဘာဝကပေးတဲ့ ဆေးတစ်မျိုးပါ။ 

    Hello ဆရာဝန်မှ ဆောင်းပါးကို ပြန်လည် ကူးယူမျှဝေပေးခြင်း ဖြစ်ပါသည်။ 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 

    ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350 

    အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857 


  • article
likes
12
comments
0
views
2579